ဒုတိယကမ႓ာစစ္ကာလမွ တပ္နီေတာ္စစ္သားေတြကို
ရာရွင္အျဖစ္ တစ္ရက္ကို ေဗာ္ဒ္ကာ ၁၀၀ ဂရမ္သာ ထုတ္ေပးပါတယ္။
၁၀၀ ဂရမ္ဆိုတာ ႐ုရွားႏိုင္ငံသားေတြအတြက္ကေတာ့ အာစြတ္ရံုေလာက္ပဲ ရွိတာကိုး။
အ႐ိုးခိုက္ေအာင္ခ်မ္းလြန္းလွတဲ့ ႏွင္းထုႀကီးေအာက္မွာ
စတာလင္ဂရက္ၿမိဳ႕ေတာ္ႀကီး နာဇီလက္ေအာက္မက်ေရာက္ေရးအတြက္
ခုခံေနရတဲ့ တပ္နီေတာ္စစ္သားေတြအတြက္ ရိကၡာထက္ ေဗာ္ဒ္ကာ ေ ရပ္တည္ဖို႔မလြယ္လွဘူးေလ။
ဌာနခ်ဳပ္က ပို႔ေပးေနတဲ့ ေဗာ္ဒ္ကာပုလင္းေတြနဲ႕ရိကၡာထုပ္ေတြဟာလည္း
ဂ်ာမန္တို႔ရဲ႕ ေလေၾကာင္းၾကားျဖတ္မႈေၾကာင့္ ေလထဲမွာပဲပ်က္စီးသြားသလို ေဗာ္လ္ဂါျမစ္လယ္ေခါင္မွာ ေမ်ာပါသြားတာေၾကာင့္ စတာလင္ဂရက္ၿမိဳ႕ထဲ ဖြဲ႕စည္းပံုျပည့္မီေအာင္ ေရာက္မလာႏိုင္ခဲ့ဘူး။

အခ်မ္းဒဏ္ကိုမခံႏိုင္ေတာ့တဲ့ စစ္သားေတြဟာ စစ္မတိုက္ရဘဲ အခ်မ္းဒဏ္နဲ႕ ေသဆံုးလာခ်ိန္မွာ ၁၂၂ မမ အေျမာက္တပ္ခြဲရဲ႕ ဗိုလ္ အီဗန္ဗ်က္ခ်ီကို ဟာ

ကြ်န္ေတာ့္လူေတြ ဒီေနရာမွာ ၾကံၾကံခိုင္ၿပီးတိုက္ေနတာၾကာၿပီ ဘယ္သူမွ ေနာက္မဆုတ္ဘူး ထြက္မေျပးဘူး အကုန္အေသခံတိုက္ေနရတယ္ ဒါေပမယ့္ ကြ်န္ေတာ့္ရဲေဘာ္အခ်ိဳ႕ စစ္မတိုက္ရဘဲ ေသကုန္ၿပီ ဒါေၾကာင့္ ဒီတစ္ေခါက္ ေဗာ္ဒ္ကာရာရွင္ေတြေရာက္လာရင္ ကြ်န္ေတာ့တပ္ခြဲကို အကုန္ခ်ေပးပါ

လို႔အထက္ဌာနခ်ဳပ္ကို တင္ျပလိုက္တယ္။
သူ႔တင္ျပခ်က္ကို ကန္႕ကြက္သူကေတာ့
ေထာက္ပံ့ပို႔ေဆာင္ေရးတပ္ တာဝန္ခံ ဗိုလ္မွဴး မာလီဂင္ ပါ။
ဗိုလ္မွဴးမာလီဂင္ကေတာ့ ဗိုလ္ အီဗန္ ဟာ အထက္ဌာနကို
ျဖစ္စဥ္လိမ္တင္ျပတာပါ ဆိုၿပီးသတင္း ျပန္ပို႔လိုက္ပါတယ္။



ဒီအေျခအေနကိုၾကားတဲ့ ဗိုလ္ အီဗန္ဗ်က္ဂ်ီကို ဟာ
ဗိုလ္မွဴး မာလီဂင္ဆီဖုန္းေခၚၿပီး

“ရတယ္ ၊ ဗိုလ္မွဴး က ကြ်န္ေတာ့္ကို ေဗာ္ဒ္ကာ မေပးဘူးေနာ္ ၊
ဗိုလ္မွဴးကေတာ့ မေပးေပမယ့္ ကြ်န္ေတာ္ဘက္က ေပးစရာရွိတယ္”

လို႔ေျပာလိုက္ပါေတာ့တယ္။

မၾကာပါဘူး… ဗိုလ္ အီဗန္ဟာ သူ႔တပ္ခြဲပိုင္ ၁၂၂ မမ အေျမာက္ေတြနဲ႕
ေထာက္ပံ့ေရးတပ္ရဲ႕ ေဗာ္ဒ္ကာဂိုေဒါင္ေတြရွိရာကို
ခြင္းက်ည္ ၃ လံုးပစ္ထည့္လိုက္ခ်ိန္မွာ
တစ္လံုးက ဂိုေဒါင္ကို တိုက္႐ိုက္ထိမွန္ၿပီး
တစ္လံုးကေတာ့ ဗိုလ္မွဴးရဲ႕ ရံုးခန္းကို ထိသြားပါတယ္။
ဗိုလ္မွဴးကေတာ့ ကံေကာင္းလို႔ ဒဏ္ရာအေသးစားသာ ရရွိခဲ့ပါတယ္။

ျဖစ္စဥ္ကို မေက်နပ္ႏိုင္တဲ့ ဗိုလ္မွဴးက ေမာ္စကိုဌာနခ်ဳပ္အထိ
ဖုန္းဆက္ၿပီး ဗိုလ္အီဗန္ရဲ႕ ကိုယ့္တပ္ကို အေျမာက္နဲ႕ထုတဲ့ လုပ္ရပ္ကို
တိုက္႐ိုက္တိုင္ၾကားပါတယ္။
သူ႔တိုင္ၾကားတဲ့စကားသံလည္းဆံုးေရာ
ဌာနခ်ဳပ္က ျပန္ေပးတဲ့အမိန္႕ကေတာ့

အီဗန္ကို သူလိုခ်င္တဲ့ ေဗာ္ဒ္ကာလိုသေလာက္ေပးလိုက္ ၊
တကယ္ဆို အဲ့ဒီေကာင္ကို ၾကယ္နီဆုတံဆိပ္ပါ ဆုခ်ေပးသင့္တယ္

အဲဒီေန႔ကစၿပီး ဗိုလ္ အီဗန္ဗ်က္ခ်ီကို ရဲ႕ အေျမာက္တပ္ရင္းဟာ
ေဗာ္ဒ္ကာ လိုသေလာက္ထုတ္ယူခြင့္ရတဲ့ အျပင္
ဘယ္သူမွလည္း ၾကားျဖတ္မဘံုးရဲေတာ့ပါဘူး။
အီဗန္ ကိုလည္း
“ေသာက္ျပသနာေကာင္အီဗန္”
“ ေႁမြဖမ္းတဲ့အီဗန္”
ဆိုၿပီး တပ္နီေတာ္မွာ နာမည္ႀကီးသြားပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကပၸတိန္ငွက္ခါး
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒုတိယကမ္ဘာစစ်ကာလမှ တပ်နီတော်စစ်သားတွေကို
ရာရှင်အဖြစ် တစ်ရက်ကို ဗော်ဒ်ကာ ၁၀၀ ဂရမ်သာ ထုတ်ပေးပါတယ်။
၁၀၀ ဂရမ်ဆိုတာ ရုရှားနိုင်ငံသားတွေအတွက်ကတော့ အာစွတ်ရုံလောက်ပဲ ရှိတာကိုး။
အရိုးခိုက်အောင်ချမ်းလွန်းလှတဲ့ နှင်းထုကြီးအောက်မှာ
စတာလင်ဂရက်မြို့တော်ကြီး နာဇီလက်အောက်မကျရောက်ရေးအတွက်
ခုခံနေရတဲ့ တပ်နီတော်စစ်သားတွေအတွက် ရိက္ခာထက် ဗော်ဒ်ကာ ေ ရပ်တည်ဖို့မလွယ်လှဘူးလေ။
ဌာနချုပ်က ပို့ပေးနေတဲ့ ဗော်ဒ်ကာပုလင်းတွေနဲ့ရိက္ခာထုပ်တွေဟာလည်း
ဂျာမန်တို့ရဲ့ လေကြောင်းကြားဖြတ်မှုကြောင့် လေထဲမှာပဲပျက်စီးသွားသလို ဗော်လ်ဂါမြစ်လယ်ခေါင်မှာ မျောပါသွားတာကြောင့် စတာလင်ဂရက်မြို့ထဲ ဖွဲ့စည်းပုံပြည့်မီအောင် ရောက်မလာနိုင်ခဲ့ဘူး။

အချမ်းဒဏ်ကိုမခံနိုင်တော့တဲ့ စစ်သားတွေဟာ စစ်မတိုက်ရဘဲ အချမ်းဒဏ်နဲ့ သေဆုံးလာချိန်မှာ ၁၂၂ မမ အမြောက်တပ်ခွဲရဲ့ ဗိုလ် အီဗန်ဗျက်ချီကို ဟာ

ကျွန်တော့်လူတွေ ဒီနေရာမှာ ကြံကြံခိုင်ပြီးတိုက်နေတာကြာပြီ ဘယ်သူမှ နောက်မဆုတ်ဘူး ထွက်မပြေးဘူး အကုန်အသေခံတိုက်နေရတယ် ဒါပေမယ့် ကျွန်တော့်ရဲဘော်အချို့ စစ်မတိုက်ရဘဲ သေကုန်ပြီ ဒါကြောင့် ဒီတစ်ခေါက် ဗော်ဒ်ကာရာရှင်တွေရောက်လာရင် ကျွန်တော့တပ်ခွဲကို အကုန်ချပေးပါ

လို့အထက်ဌာနချုပ်ကို တင်ပြလိုက်တယ်။
သူ့တင်ပြချက်ကို ကန့်ကွက်သူကတော့
ထောက်ပံ့ပို့ဆောင်ရေးတပ် တာဝန်ခံ ဗိုလ်မှူး မာလီဂင် ပါ။
ဗိုလ်မှူးမာလီဂင်ကတော့ ဗိုလ် အီဗန် ဟာ အထက်ဌာနကို
ဖြစ်စဉ်လိမ်တင်ပြတာပါ ဆိုပြီးသတင်း ပြန်ပို့လိုက်ပါတယ်။

ဒီအခြေအနေကိုကြားတဲ့ ဗိုလ် အီဗန်ဗျက်ဂျီကို ဟာ
ဗိုလ်မှူး မာလီဂင်ဆီဖုန်းခေါ်ပြီး

“ရတယ် ၊ ဗိုလ်မှူး က ကျွန်တော့်ကို ဗော်ဒ်ကာ မပေးဘူးနော် ၊
ဗိုလ်မှူးကတော့ မပေးပေမယ့် ကျွန်တော်ဘက်က ပေးစရာရှိတယ်”

လို့ပြောလိုက်ပါတော့တယ်။

မကြာပါဘူး… ဗိုလ် အီဗန်ဟာ သူ့တပ်ခွဲပိုင် ၁၂၂ မမ အမြောက်တွေနဲ့
ထောက်ပံ့ရေးတပ်ရဲ့ ဗော်ဒ်ကာဂိုဒေါင်တွေရှိရာကို
ခွင်းကျည် ၃ လုံးပစ်ထည့်လိုက်ချိန်မှာ
တစ်လုံးက ဂိုဒေါင်ကို တိုက်ရိုက်ထိမှန်ပြီး
တစ်လုံးကတော့ ဗိုလ်မှူးရဲ့ ရုံးခန်းကို ထိသွားပါတယ်။
ဗိုလ်မှူးကတော့ ကံကောင်းလို့ ဒဏ်ရာအသေးစားသာ ရရှိခဲ့ပါတယ်။

ဖြစ်စဉ်ကို မကျေနပ်နိုင်တဲ့ ဗိုလ်မှူးက မော်စကိုဌာနချုပ်အထိ
ဖုန်းဆက်ပြီး ဗိုလ်အီဗန်ရဲ့ ကိုယ့်တပ်ကို အမြောက်နဲ့ထုတဲ့ လုပ်ရပ်ကို
တိုက်ရိုက်တိုင်ကြားပါတယ်။
သူ့တိုင်ကြားတဲ့စကားသံလည်းဆုံးရော
ဌာနချုပ်က ပြန်ပေးတဲ့အမိန့်ကတော့

အီဗန်ကို သူလိုချင်တဲ့ ဗော်ဒ်ကာလိုသလောက်ပေးလိုက် ၊
တကယ်ဆို အဲ့ဒီကောင်ကို ကြယ်နီဆုတံဆိပ်ပါ ဆုချပေးသင့်တယ်

အဲဒီနေ့ကစပြီး ဗိုလ် အီဗန်ဗျက်ချီကို ရဲ့ အမြောက်တပ်ရင်းဟာ
ဗော်ဒ်ကာ လိုသလောက်ထုတ်ယူခွင့်ရတဲ့ အပြင်
ဘယ်သူမှလည်း ကြားဖြတ်မဘုံးရဲတော့ပါဘူး။
အီဗန် ကိုလည်း
“သောက်ပြသနာကောင်အီဗန်”
“ မြွေဖမ်းတဲ့အီဗန်”
ဆိုပြီး တပ်နီတော်မှာ နာမည်ကြီးသွားပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကပ္ပတိန်ငှက်ခါး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top