Vaseline ကိုအသားအေရအတြက္သာမက ဆံပင္ရွည္ဖို႔အတြက္ပါ အသံုးျပဳႏိုင္တာသင္သိပါသလား။ ဆံပင္ရွည္တဲ့ မိန္းကေလးတစ္ေယာက္က ဘယ္အခ်ိန္ၾကည့္ၾကည့္ အျမဲက်က္သေရရွိလွပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ဆံပင္ရွည္တာ အရမ္းေႏွးတဲ့ သူေတြအတြက္ အလြယ္တကူ ရႏုိင္တဲ့ Vaseline ကိုအသံုးျပဳျပီး ဆံပင္ရွည္နည္းကို ေျပာျပလုိက္ပါတယ္။

ဒီ Vaseline ဆံပင္ကုထံုးအတြက္ လိုအပ္ပစၥည္းေတြကေတာ့
Vaseline
ရွားေစာင္းလတ္ပတ္ဂ်ယ္
Vitamin E
ျပဳလုပ္နည္း

၁။ ခြက္တစ္ခြက္ထဲမွာ Vaseline လက္ဘက္ရည္ဇြန္း တစ္ဇြန္းထည့္ပါ။

၂။ႏွစ္ဆင့္ဆူနည္းနဲ႔ Vaseline ကိုအရည္ေဖ်ာ္လိုက္ပါ။ ဒီနည္းလမ္းကေတာ့ ဒယ္အိုးတစ္လံုးကို ေရထည့္ျပီး အပူေပးပါ။ ျပီးတာနဲ႔ ဒီထဲကို ပထမဒယ္အုိးထက္ အရြယ္အစားပိုေသးတဲ့ ဒယ္အိုးကို ထည့္လိုက္ပါ။ Vaseline ကို အဲ့ဒယ္အိုးအေသးထဲထည့္ေဖ်ာ္ပါ။

၃။ အရည္ေပ်ာ္တဲ့အခ်ိန္မွာ ရွားေစာင္းလတ္ပတ္ဂ်ယ္ ၁ ဇြန္းနဲ႔ ဗီတာမင္အီး ေဆးတစ္လံုးထဲက အဆီကို ထည့္ပါ။

၄။ ပါဝင္ပစၥည္းအားလံုးကို ေသခ်ာေရာေမႊျပီး လိမ္းႏိုင္ပါျပီ။

ဒါကို မသံုးခင္ သင့္ဦးေရျပား သန္႔ရွင္းေနဖို႔ေတာ့ လိုပါတယ္။ ဒီအေရာကို သင့္ဦးေရျပားတစ္ခုလံုးလိမ္းျပီး ၂မိနစ္ကေန ၃ မိနစ္ႏွိပ္နယ္ေပးပါ။ တစ္ညထားေပးျပီး ေနာက္ေန႔မွာ ရွန္ပူအေပ်ာ့နဲ႔ ေခါင္းေလွ်ာ္ေပးပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:mystylemyanmar

#Unicode Version#
Vaseline ကိုအသားအရေအတွက်သာမက ဆံပင်ရှည်ဖို့အတွက်ပါ အသုံးပြုနိုင်တာသင်သိပါသလား။ ဆံပင်ရှည်တဲ့ မိန်းကလေးတစ်ယောက်က ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေရှိလှပါတယ်။

ဒီတစ်ခေါက်မှာတော့ ဆံပင်ရှည်တာ အရမ်းနှေးတဲ့ သူတွေအတွက် အလွယ်တကူ ရနိုင်တဲ့ Vaseline ကိုအသုံးပြုပြီး ဆံပင်ရှည်နည်းကို ပြောပြလိုက်ပါတယ်။

ဒီ Vaseline ဆံပင်ကုထုံးအတွက် လိုအပ်ပစ္စည်းတွေကတော့
Vaseline
ရှားစောင်းလတ်ပတ်ဂျယ်
Vitamin E
ပြုလုပ်နည်း

၁။ ခွက်တစ်ခွက်ထဲမှာ Vaseline လက်ဘက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။

၂။နှစ်ဆင့်ဆူနည်းနဲ့ Vaseline ကိုအရည်ဖျော်လိုက်ပါ။ ဒီနည်းလမ်းကတော့ ဒယ်အိုးတစ်လုံးကို ရေထည့်ပြီး အပူပေးပါ။ ပြီးတာနဲ့ ဒီထဲကို ပထမဒယ်အိုးထက် အရွယ်အစားပိုသေးတဲ့ ဒယ်အိုးကို ထည့်လိုက်ပါ။ Vaseline ကို အဲ့ဒယ်အိုးအသေးထဲထည့်ဖျော်ပါ။

၃။ အရည်ပျော်တဲ့အချိန်မှာ ရှားစောင်းလတ်ပတ်ဂျယ် ၁ ဇွန်းနဲ့ ဗီတာမင်အီး ဆေးတစ်လုံးထဲက အဆီကို ထည့်ပါ။

၄။ ပါဝင်ပစ္စည်းအားလုံးကို သေချာရောမွှေပြီး လိမ်းနိုင်ပါပြီ။

ဒါကို မသုံးခင် သင့်ဦးရေပြား သန့်ရှင်းနေဖို့တော့ လိုပါတယ်။ ဒီအရောကို သင့်ဦးရေပြားတစ်ခုလုံးလိမ်းပြီး ၂မိနစ်ကနေ ၃ မိနစ်နှိပ်နယ်ပေးပါ။ တစ်ညထားပေးပြီး နောက်နေ့မှာ ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top