Justin Bieber နဲ႔ Selena Gomez ဟာ ဆယ္စုနွစ္တစ္ခုစာေလာက္ကုိအၾကာၾကီးခ်စ္ခဲ့ၾကတဲ့ခ်စ္သူေတြျဖစ္ျပီး သူတို႔ဟာခ်စ္သူမျဖစ္ခင္ကသူငယ္ခ်င္းေတြလည္းျဖစ္ခဲ့ၾကသလုိ ေမာင္နွမသံေယာဇဥ္နဲ႔အၾကာၾကီးရင္းနွီးခဲ့ၾကေသးတာမို႔ သူတို႔ၾကားက သံေယာဇဥ္ေတြဟာ ၅၂၈ နဲ႔ ၁၅၀၀ေပါင္းထားတဲ့အခ်စ္မ်ိဳးလို႔ေတာင္ေျပာလို႔ရပါတယ္။ ၾကားထဲမွာျပတ္လိုက္ျပန္တြဲလိုက္နဲ႔ခ်စ္သူသက္တမ္းကုိျဖတ္သန္းလာခဲ့ၾကျပီး ျပတ္စဲေနခဲ့ခ်ိန္ေတြမွာေတာင္သူတို႔နွစ္ေယာက္ဟာ သူငယ္ခ်င္းလိုဆက္ဆံေရးမ်ိဳးရွိခဲ့ၾကတာ တစ္ကမၻာလံုးက ပရိသတ္ေတြမ်က္ျမင္ပါပဲ။ အဲဒီလို အရူးအမူးခ်စ္ခဲ့ၾကျပီးအခ်ိန္ၾကာျမင့္္စြာဘဝသက္တမ္းရဲ႕တစ္ဝက္စာေလာက္သံေယာဇဥ္တြယ္ခဲ့ၾကတဲ့ဆက္ဆံေရးမ်ိဳးဆိုတာ တိခနဲျပတ္သြားဖို႔မျဖစ္နုိင္သေလာက္ရွိမွန္းအားလံုး သိၾကမွာပါ။

အခုလက္ရွိ Justin က Hailey နဲ႔ လက္ထပ္ျပီးတဲ့အခ်ိန္ေတြမွာေတာင္ စိတ္က်ေရာဂါခံစားေနရတဲ့ Justin ကုိသူ႔လိုပဲစိတ္ပုိင္းဆိုင္ရာ ကုသေဆြးေႏြးမႈခံယူူေနရတဲ့ Selena ကသူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔ မၾကာခဏစကားေျပာေပးျပီး ရင္ဖြင့္တာေတြနားေထာင္ေပးေနခဲ့တယ္လို႔ သိရပါတယ္။Justin နဲ႔ Selena နဲ႔ အဆက္အသြယ္ရွိတာကုိ Hailey ကလည္းသိေပမယ့္ ဘာမွမတတ္နုိင္ဘူးဆိုတဲ့ သတင္းေတြလည္းထြက္လာခဲ့ေသးတာမို႔ တစ္ကမၻာလံုးက ပရိသတ္ေတာ္ေတာ္မ်ားမ်ားကHailey အေပၚသနားဂရုဏာစိတ္ေတြယိုဖိတ္ခဲ့ၾကပါေသးတယ္။Justin ဟာ Selena နဲ႔ အဆက္အသြယ္ရွိတယ္ဆိုတဲ့သတင္းေတြထြက္လာျပီးေနာက္ပိုုင္းမွာ အျမဲတမ္းကယုကယင္တယုတယေနတတ္တဲ့Hailey အေပၚကုိေအးစက္လာခဲ့တာပရိသတ္ေတာ္ေတာ္မ်ားမ်ားသတိထားမိၾကမွာပါ။

ျပီးခဲ့တဲ့ Met Gala ပြဲကုိလည္း Justin က Haliey ကုိ တစ္ေယာက္တည္းလႊတ္လိုက္ျပီး Hailey ကုိ ရင္းနွီးတဲ့သူငယ္ခ်င္းေတြက Justin ဘာလို႔မပါလဲလို႔ေမးေတာ့ Hailey ခမ်ာ ေရေရရာရာမေျဖနုိင္ခဲ့ဘူးလို႔ မီဒီယာေတြက ဖြခဲ့ၾကပါတယ္။အခုတစ္ခါထြက္လာတဲ့သတင္္းေတြကေတာ့ Justin က Selena နဲ႔ ေျပာထားတဲ့ Message ေတြကုိ သိမ္းထားတယ္ဆိုတာပါပဲ။ ဒီသတင္းကိုJustin နဲ႔ ရင္းနွီးတဲ့သူငယ္ခ်င္းတစ္ေယာက္က The Latin Times သတင္းဌာနကုိ အသိေပးခဲ့တာလို႔ ေဖာ္ျပထားပါတယ္။Selena ကုိ အခ်စ္ဦးအျဖစ္နဲ႔ ဆယ္နွစ္ေလာက္ၾကာေအာင္ စြဲလန္းရူးသြပ္စြာခ်စ္ခဲ့တဲ့ Justin က အခုအခ်ိန္အထိလည္း Selena နဲ႔ေျပာထားတဲ့message ေတြကုိသိမ္းထားတယ္၊တယုတယထုတ္ဖတ္ၾကည့္ေနတယ္ဆိုတာကျဖစ္နိုင္တာပဲမို႔ Justin ကုိအျပစ္ဆိုလို႔မရဘူးလို႔ ေဝဖန္သူေတြကေျပာေနၾကျပီး Justin နဲ႔Selena ကုိ သေဘာတူတဲ့ပရိသတ္ေတြကလည္း လူခ်င္းမေတြ႕ရတာေတာင္ Message ေလးေတြဖတ္ေနရံုနဲ႔ေက်နပ္ေနတဲ့ Justin ကုိ သနားေနၾကတယ္လို႔သိရပါတယ္။

ပရိသတ္အမ်ားစုကေတာ့ Hailey ကုိသနားေနၾကျပီး ေနာက္ဆံုးရသတင္းေတြအရ Hailey ကလည္းအဲဒီ message ေတြကုိေတြ႕သြားခဲ့တယ္လို႔ လူမႈကြန္ယက္္ေတြေပၚမွာပ်ံ႕နွံ႕ေနတာေၾကာင့္ အေျခအေနေတြကေတာ့ ရႈပ္ေထြးေနပါျပီ။ ဒါေပမယ့္ Justin ဟာ မၾကာေသးမီရက္ပိုင္္းေတြမွာ ထြက္လာတဲ့သတင္းေတြေၾကာင့္ပဲလားသူ႔ကုိယ္္သူျပန္လည္သံုးသပ္မိလို႔ပဲလားေတာ့မသိ.. Hailey ကုိျပန္လည္ဂရုစိုက္လာတာေတြ႕ရျပီးJustin ရဲ႕ ဂရုစုိက္တာခံရရင္ အရာအားလံုးကုိေမ့သြားတတ္တဲ့ Hailey ကလည္း ေပ်ာ္ေနတာကုိပရိသတ္ေတြေတြ႕လိုက္ရတာမုိ႔JB တို႔အိမ္ေထာင္ေရးဟာ ေလာေလာဆယ္မွာ Hailey ရဲ႕ သည္းခံနုိင္မႈအတုိင္းအတာမွာတည္ေနတယ္လို႔ ေဝဖန္ေနတဲ့သူေတြလည္းရွိေနပါတယ္။ Selena ကေတာ့ဘုရင္မတစ္ပါးလိုထက္ျမက္လွပတဲ့အလွတရားနဲ႔ Cannes ရုပ္ရွင္ပြဲေတာ္ကို တက္ေရာက္ခဲ့ျပီး သီခ်င္းအသစ္ေတြဆက္လုပ္ေနတယ္လို႔သိရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Justin နဲ႔ Selena တို႔ၾကားကအခ်စ္ေတြဟာ တကယ္ပဲအဆံုးသတ္သြားျပီထင္လား.. Justin က သည္းခံနုိင္လြန္းတဲ့ Haliey န႔ဲပဲ အသက္ထက္ဆံုးေပ်ာ္ရႊင္စြာေပါင္းဖက္သြားေတာ့ေလသတည္းဆိုတာမ်ိိဳးျဖစ္လာမယ္ထင္လား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ံJustin Bieber နဲ့ Selena Gomez ဟာ ဆယ်စုနှစ်တစ်ခုစာလောက်ကိုအကြာကြီးချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး သူတို့ဟာချစ်သူမဖြစ်ခင်ကသူငယ်ချင်းတွေလည်းဖြစ်ခဲ့ကြသလို မောင်နှမသံယောဇဉ်နဲ့အကြာကြီးရင်းနှီးခဲ့ကြသေးတာမို့ သူတို့ကြားက သံယောဇဉ်တွေဟာ ၅၂၈ နဲ့ ၁၅၀၀ပေါင်းထားတဲ့အချစ်မျိုးလို့တောင်ပြောလို့ရပါတယ်။ ကြားထဲမှာပြတ်လိုက်ပြန်တွဲလိုက်နဲ့ချစ်သူသက်တမ်းကိုဖြတ်သန်းလာခဲ့ကြပြီး ပြတ်စဲနေခဲ့ချိန်တွေမှာတောင်သူတို့နှစ်ယောက်ဟာ သူငယ်ချင်းလိုဆက်ဆံရေးမျိုးရှိခဲ့ကြတာ တစ်ကမ္ဘာလုံးက ပရိသတ်တွေမျက်မြင်ပါပဲ။ အဲဒီလို အရူးအမူးချစ်ခဲ့ကြပြီးအချိန်ကြာမြင့်စွာဘဝသက်တမ်းရဲ့တစ်ဝက်စာလောက်သံယောဇဉ်တွယ်ခဲ့ကြတဲ့ဆက်ဆံရေးမျိုးဆိုတာ တိခနဲပြတ်သွားဖို့မဖြစ်နိုင်သလောက်ရှိမှန်းအားလုံး သိကြမှာပါ။

အခုလက်ရှိ Justin က Hailey နဲ့ လက်ထပ်ပြီးတဲ့အချိန်တွေမှာတောင် စိတ်ကျရောဂါခံစားနေရတဲ့ Justin ကိုသူ့လိုပဲစိတ်ပိုင်းဆိုင်ရာ ကုသဆွေးနွေးမှုခံယူူနေရတဲ့ Selena ကသူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ မကြာခဏစကားပြောပေးပြီး ရင်ဖွင့်တာတွေနားထောင်ပေးနေခဲ့တယ်လို့ သိရပါတယ်။Justin နဲ့ Selena နဲ့ အဆက်အသွယ်ရှိတာကို Hailey ကလည်းသိပေမယ့် ဘာမှမတတ်နိုင်ဘူးဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့သေးတာမို့ တစ်ကမ္ဘာလုံးက ပရိသတ်တော်တော်များများကHailey အပေါ်သနားဂရုဏာစိတ်တွေယိုဖိတ်ခဲ့ကြပါသေးတယ်။Justin ဟာ Selena နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာ အမြဲတမ်းကယုကယင်တယုတယနေတတ်တဲ့Hailey အပေါ်ကိုအေးစက်လာခဲ့တာပရိသတ်တော်တော်များများသတိထားမိကြမှာပါ။

ပြီးခဲ့တဲ့ Met Gala ပွဲကိုလည်း Justin က Haliey ကို တစ်ယောက်တည်းလွှတ်လိုက်ပြီး Hailey ကို ရင်းနှီးတဲ့သူငယ်ချင်းတွေက Justin ဘာလို့မပါလဲလို့မေးတော့ Hailey ခမျာ ရေရေရာရာမဖြေနိုင်ခဲ့ဘူးလို့ မီဒီယာတွေက ဖွခဲ့ကြပါတယ်။အခုတစ်ခါထွက်လာတဲ့သတင်းတွေကတော့ Justin က Selena နဲ့ ပြောထားတဲ့ Message တွေကို သိမ်းထားတယ်ဆိုတာပါပဲ။ ဒီသတင်းကိုJustin နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က The Latin Times သတင်းဌာနကို အသိပေးခဲ့တာလို့ ဖော်ပြထားပါတယ်။Selena ကို အချစ်ဦးအဖြစ်နဲ့ ဆယ်နှစ်လောက်ကြာအောင် စွဲလန်းရူးသွပ်စွာချစ်ခဲ့တဲ့ Justin က အခုအချိန်အထိလည်း Selena နဲ့ပြောထားတဲ့message တွေကိုသိမ်းထားတယ်၊တယုတယထုတ်ဖတ်ကြည့်နေတယ်ဆိုတာကဖြစ်နိုင်တာပဲမို့ Justin ကိုအပြစ်ဆိုလို့မရဘူးလို့ ဝေဖန်သူတွေကပြောနေကြပြီး Justin နဲ့Selena ကို သဘောတူတဲ့ပရိသတ်တွေကလည်း လူချင်းမတွေ့ရတာတောင် Message လေးတွေဖတ်နေရုံနဲ့ကျေနပ်နေတဲ့ Justin ကို သနားနေကြတယ်လို့သိရပါတယ်။

ပရိသတ်အများစုကတော့ Hailey ကိုသနားနေကြပြီး နောက်ဆုံးရသတင်းတွေအရ Hailey ကလည်းအဲဒီ message တွေကိုတွေ့သွားခဲ့တယ်လို့ လူမှုကွန်ယက်တွေပေါ်မှာပျံ့နှံ့နေတာကြောင့် အခြေအနေတွေကတော့ ရှုပ်ထွေးနေပါပြီ။ ဒါပေမယ့် Justin ဟာ မကြာသေးမီရက်ပိုင်းတွေမှာ ထွက်လာတဲ့သတင်းတွေကြောင့်ပဲလားသူ့ကိုယ်သူပြန်လည်သုံးသပ်မိလို့ပဲလားတော့မသိ.. Hailey ကိုပြန်လည်ဂရုစိုက်လာတာတွေ့ရပြီးJustin ရဲ့ ဂရုစိုက်တာခံရရင် အရာအားလုံးကိုမေ့သွားတတ်တဲ့ Hailey ကလည်း ပျော်နေတာကိုပရိသတ်တွေတွေ့လိုက်ရတာမို့JB တို့အိမ်ထောင်ရေးဟာ လောလောဆယ်မှာ Hailey ရဲ့ သည်းခံနိုင်မှုအတိုင်းအတာမှာတည်နေတယ်လို့ ဝေဖန်နေတဲ့သူတွေလည်းရှိနေပါတယ်။ Selena ကတော့ဘုရင်မတစ်ပါးလိုထက်မြက်လှပတဲ့အလှတရားနဲ့ Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီး သီချင်းအသစ်တွေဆက်လုပ်နေတယ်လို့သိရပါတယ်။

ပရိသတ်ကြီးရော Justin နဲ့ Selena တို့ကြားကအချစ်တွေဟာ တကယ်ပဲအဆုံးသတ်သွားပြီထင်လား.. Justin က သည်းခံနိုင်လွန်းတဲ့ Haliey နဲ့ပဲ အသက်ထက်ဆုံးပျော်ရွှင်စွာပေါင်းဖက်သွားတော့လေသတည်းဆိုတာမျိုးဖြစ်လာမယ်ထင်လား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top