Selena Gomez ဟာ သူ႔ရဲ႕အတိတ္က Justin Bieber နဲ႔ ျပတ္လိုက္ျပန္တြဲလိုက္ သူငယ္ခ်င္းျပန္ျဖစ္လိုက္နဲ႔ မျပီးဆံုးနုိင္တဲ့ ဝဲဂယက္ထဲကေနရုန္းထြက္နိုင္ခဲ့တာ အခ်ိန္တစ္ခုၾကာခဲ့ျပီလို႔ဆိုရမွာပါ။ Selena က ျပီးခဲ့တဲ့အခ်ိန္ေတြအတြင္းမွာ စိတ္က်န္းမာေရးကုသမႈေတြခံယူခဲ့ျပီးက်န္းမာေရးျပန္ေကာင္းလာတာနဲ႔အမွ်သီခ်င္းအသစ္ေတြထုတ္လာတာလည္း ပရိသတ္ေတြျမင္ေတြ႕ၾကရပါတယ္။ အခုရက္ပုိင္းမွာ Justin Bieber က သူ႔ရဲ႕ဇနီးအသစ္စက္စက္ေလးကို လ်စ္္လ်ဴရႈ႕ျပီး Selena နဲ႔အဆက္အသြယ္ျပန္လုပ္ေနတယ္ဆိုတဲ့သတင္းေတြနဲ႔ Selena ကလည္း သူတစ္သက္လံုးခ်စ္ခဲ့တဲ့ JB ကုိ သူငယ္ခ်င္းအျဖစ္ျပန္လက္္ခံျပီး ရင္ဖြင့္သံေတြနားေထာင္ေပးေနတယ္ဆိုတဲ့ သတင္းေတြထြက္လာသလို Selena နဲ႔ JB အဆက္အဆံရွိတာကို Hailey ကလည္း သိထားတယ္ဆိုတဲ့ေကာလဟလေတြေၾကာင့္ ဒီသံုးပြင့္ဆိုင္အရႈပ္ေတာ္ပံုၾကီးက ျပီးဆံုးေနရာကေန အစကုိျပန္ေရာက္သြားဦးမလားလို႔ ပရိသတ္ေတြကစိတ္ဝင္စားေနခဲ့ၾကတာပါ။

ဒါေပမယ့္အခုေတာ့ Selena က သူလက္ထပ္ေတာ့မယ့္သတင္းကို အတိအလင္းေၾကျငာလုိက္ပါျပီ။ မၾကာေသးမီက Selena က DisneyLand ကုိ ခ်စ္သူအသစ္နဲ႔သြားလည္တယ္္ဆိုတဲ့ ဓာတ္ပံုေလးေတြထြက္လာလို႔ Selena ဥထားတဲ့ ခ်စ္သူအသစ္ေလးက ဘယ္သူမ်ားလဲလို႔ပရိသတ္ေတြစိတ္ဝင္စားေနတဲ့ အခ်ိန္မွာပဲ ရုတ္တရက္ၾကီး Selena က သူလက္ထပ္ေတာ့မယ္္ဆိုတာကိုေၾကျငာလုိက္လို႔ ပရိသတ္အခ်ိဳ႕ကေတာ့ လန္႔ဖ်ပ္သြားမွာအေသအခ်ာပါပဲ။ ျဖစ္္ပံုကေတာ့ ဒီလိုပါ။ Selena ဟာ မၾကာေသးမီက က်င္းပခဲ့တဲ့ Cannes ရုပ္ရွင္ပြဲေတာ္ကုိ ဘုရင္မတစ္ပါးရဲ႕က်က္သေရရွိပံုမ်ိဳးနဲ႔ တစ္ကုိယ္တည္းတက္္ေရာက္ခဲ့ပါတယ္။ ဒီေလာက္က်န္းမာေရးလူမႈေရးျပႆနာေပါင္းစံုနဲ႔ ၾကံဳေတြ႕ျဖတ္သန္းခဲ့ရတာေတာင္ အရင္ကထက္ပုိလွျပီးလင္းလက္ေတာက္ပလာတဲ့ Selena ရဲ႕အလွကုိ တစ္ကမၻာလံုးက မင္သက္ခဲ့ရတယ္ဆိုရင္လည္းမမွားပါဘူး။

Selena က ကိန္းရုပ္ရွင္ပြဲေတာ္မွာ သူ႔ရဲ႕ မၾကာခင္မွာ ရံုတင္မယ့္ The Dead Don’t Die ရုပ္ရွင္အဖြဲ႕သားေတြနဲ႔အတူ ေပ်ာ္ရႊင္စရာအခ်ိန္ေတြကုိကုန္ဆံုးခဲ့ျပီး သူ႔ကုိခ်စ္တဲ့လူေတြၾကားမွာ ကေလးေလးလုိ သြက္လက္တက္ၾကြစြာ ျမဴးထူးေနတာကုိ တစ္ကမၻာလံုးပရိသတ္ေတြ ၾကည္နူးစဖြယ္ျမင္ေတြ႕ခဲဲ့ရပါတယ္။ အဲဒီက ဓာတ္ပံုေတြကို Selena က သူမရဲ႕ လူမႈကြန္ယက္မွာတင္ထားခဲ့ျပီး The Dead Don’t Die ထဲမွာအတူပါဝင္သရုပ္ေဆာင္ထားတဲ့ ဝါရင့္မင္းသားၾကီး Bill Murray နဲ႔အတူ တကယ့္သားအဖလိုရင္းနွီးကြ်မ္းဝင္စြာရုိက္ထားတဲ့ ဓာတ္ပံုေလးေတြကုိလည္းတင္ထားပါေသးတယ္။ Selena က ဓာတ္ပံုေလးေတြကုိ “ကိန္းရုပ္ရွင္ပြဲေတာ္ကုိပထမဆံုးတက္ေရာက္ျဖစ္ျခင္းပါ။ ရုပ္ရွင္အဖြဲ႕သားေတြနဲ႔အတူ ဒီရုပ္ရွင္ရဲ႕တစ္စိိတ္တစ္ပုိင္းျဖစ္ခြင့္ရျခင္းကုိ ဂုဏ္ယူလို႔မဆံုးပါဘူး”လို႔ ေရးထားခဲ့ျပီး “စကားမစပ္ ကြ်န္မနဲ႔ Bill Murray နဲ႔ လက္ထပ္ေတာ့မယ္”လုိ႔ပရိသတ္ေတြကုိစေနာက္ထားခဲ့တာပါ။ မင္းသားၾကီး Murray ဟာ အသက္ ၆၈ နွစ္ရွိျပီျဖစ္ျပီး သူနဲ႔သားအဖလိုရင္းနီွးသူမို႔ Selena က ဒီလိုစေနာက္လိုက္ျခင္းျဖစ္ဟန္တူပါတယ္။

ပရိသတ္ေတြကေတာ့ ခ်စ္မႈေရးရာနဲ႔ပတ္သက္္ျပီးစကားတစ္္လံုးမွမဟတာၾကာျပီျဖစ္တဲ့ Selena က ဒီလို လက္ထပ္မယ့္ကိစၥကုိေတာင္စကားထဲထည့္ျပီးေနာက္ေျပာင္ေနျပီဆိုေတာ့ အခ်စ္နဲ႔ပတ္သက္ျပီး Selena ရဲ႕ စိတ္ဒဏ္ရာေတြြေပ်ာက္ကင္းသေလာက္ရွိေနျပီလို႔ေကာက္ခ်က္ခ်ေနၾကပါတယ္။ေနာက္ျပီး Selena ဟာ Justin နဲ႔ ျပန္အဆက္အသြယ္လုပ္ေနတယ္ဆိုတဲ့ သတင္းေတြအရ Back to You သီခ်င္းထဲဲကလို ဒဏ္ရာေတြေပ်ာက္္သြားတဲ့အခါ Justin ဆီကုိပဲျပန္သြားဦးမွာလားလို႔သိခ်င္ေနၾကတဲ့ပရိသတ္ေတြလည္းွရိွေနပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Selena ရဲ႕ The Dead Don’t Die ရုပ္ရွင္ကားၾကီးရံုတင္ရင္အားေပးၾကမွာလား။ Selena ကုိ Justin နဲ႔ပဲျမင္ခ်င္တယ္္ဆိုတဲ့ယံုၾကည္မႈေတြေရာရွိေနတုန္းပဲလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

Selena Gomez ဟာ သူ့ရဲ့အတိတ်က Justin Bieber နဲ့ ပြတ်လိုက်ပြန်တွဲလိုက် သူငယ်ချင်းပြန်ဖြစ်လိုက်နဲ့ မပြီးဆုံးနိုင်တဲ့ ဝဲဂယက်ထဲကနေရုန်းထွက်နိုင်ခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီလို့ဆိုရမှာပါ။ Selena က ပြီးခဲ့တဲ့အချိန်တွေအတွင်းမှာ စိတ်ကျန်းမာရေးကုသမှုတွေခံယူခဲ့ပြီး ကျန်းမာရေးပြန်ကောင်းလာတာနဲ့အမျှသီချင်းအသစ်တွေထုတ်လာတာလည်း ပရိသတ်တွေမြင်တွေ့ကြရပါတယ်။ အခုရက်ပိုင်းမှာ Justin Bieber က သူ့ရဲ့ဇနီးအသစ်စက်စက်လေးကို လျစ်လျူရှု့ပြီး Selena နဲ့အဆက်အသွယ်ပြန်လုပ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ Selena ကလည်း သူတစ်သက်လုံးချစ်ခဲ့တဲ့ JB ကို သူငယ်ချင်းအဖြစ်ပြန်လက်ခံပြီး ရင်ဖွင့်သံတွေနားထောင်ပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်လာသလို Selena နဲ့ JB အဆက်အဆံရှိတာကို Hailey ကလည်း သိထားတယ်ဆိုတဲ့ကောလဟလတွေကြောင့် ဒီသုံးပွင့်ဆိုင်အရှုပ်တော်ပုံကြီးက ပြီးဆုံးနေရာကနေ အစကိုပြန်ရောက်သွားဦးမလားလို့ ပရိသတ်တွေကစိတ်ဝင်စားနေခဲ့ကြတာပါ။

ဒါပေမယ့်အခုတော့ Selena က သူလက်ထပ်တော့မယ့်သတင်းကို အတိအလင်းကြေငြာလိုက်ပါပြီ။ မကြာသေးမီက Selena က DisneyLand ကို ချစ်သူအသစ်နဲ့သွားလည်တယ်ဆိုတဲ့ ဓာတ်ပုံလေးတွေထွက်လာလို့ Selena ဥထားတဲ့ ချစ်သူအသစ်လေးက ဘယ်သူများလဲလို့ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အချိန်မှာပဲ ရုတ်တရက်ကြီး Selena က သူလက်ထပ်တော့မယ်ဆိုတာကိုကြေငြာလိုက်လို့ ပရိသတ်အချို့ကတော့ လန့်ဖျပ်သွားမှာအသေအချာပါပဲ။ ဖြစ်ပုံကတော့ ဒီလိုပါ။ Selena ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်ကို ဘုရင်မတစ်ပါးရဲ့ကျက်သရေရှိပုံမျိုးနဲ့ တစ်ကိုယ်တည်းတက်ရောက်ခဲ့ပါတယ်။ ဒီလောက်ကျန်းမာရေးလူမှုရေးပြဿနာပေါင်းစုံနဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတာတောင် အရင်ကထက်ပိုလှပြီးလင်းလက်တောက်ပလာတဲ့ Selena ရဲ့အလှကို တစ်ကမ္ဘာလုံးက မင်သက်ခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။

Selena က ကိန်းရုပ်ရှင်ပွဲတော်မှာ သူ့ရဲ့ မကြာခင်မှာ ရုံတင်မယ့် The Dead Don’t Die ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကိုကုန်ဆုံးခဲ့ပြီး သူ့ကိုချစ်တဲ့လူတွေကြားမှာ ကလေးလေးလို သွက်လက်တက်ကြွစွာ မြူးထူးနေတာကို တစ်ကမ္ဘာလုံးပရိသတ်တွေ ကြည်နူးစဖွယ်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီက ဓာတ်ပုံတွေကို Selena က သူမရဲ့ လူမှုကွန်ယက်မှာတင်ထားခဲ့ပြီး The Dead Don’t Die ထဲမှာအတူပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်မင်းသားကြီး Bill Murray နဲ့အတူ တကယ့်သားအဖလိုရင်းနှီးကျွမ်းဝင်စွာရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်းတင်ထားပါသေးတယ်။ Selena က ဓာတ်ပုံလေးတွေကို “ကိန်းရုပ်ရှင်ပွဲတော်ကိုပထမဆုံးတက်ရောက်ဖြစ်ခြင်းပါ။ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဒီရုပ်ရှင်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရခြင်းကို ဂုဏ်ယူလို့မဆုံးပါဘူး”လို့ ရေးထားခဲ့ပြီး “စကားမစပ် ကျွန်မနဲ့ Bill Murray နဲ့ လက်ထပ်တော့မယ်”လို့ပရိသတ်တွေကိုစနောက်ထားခဲ့တာပါ။ မင်းသားကြီး Murray ဟာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး သူနဲ့သားအဖလိုရင်းနှီးသူမို့ Selena က ဒီလိုစနောက်လိုက်ခြင်းဖြစ်ဟန်တူပါတယ်။

ပရိသတ်တွေကတော့ ချစ်မှုရေးရာနဲ့ပတ်သက်ပြီးစကားတစ်လုံးမှမဟတာကြာပြီဖြစ်တဲ့ Selena က ဒီလို လက်ထပ်မယ့်ကိစ္စကိုတောင်စကားထဲထည့်ပြီးနောက်ပြောင်နေပြီဆိုတော့ အချစ်နဲ့ပတ်သက်ပြီး Selena ရဲ့ စိတ်ဒဏ်ရာတွေပျောက်ကင်းသလောက်ရှိနေပြီလို့ကောက်ချက်ချနေကြပါတယ်။နောက်ပြီး Selena ဟာ Justin နဲ့ ပြန်အဆက်အသွယ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေအရ Back to You သီချင်းထဲကလို ဒဏ်ရာတွေပျောက်သွားတဲ့အခါ Justin ဆီကိုပဲပြန်သွားဦးမှာလားလို့သိချင်နေကြတဲ့ပရိသတ်တွေလည်းှရှိနေပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော Selena ရဲ့ The Dead Don’t Die ရုပ်ရှင်ကားကြီးရုံတင်ရင်အားပေးကြမှာလား။ Selena ကို Justin နဲ့ပဲမြင်ချင်တယ်ဆိုတဲ့ယုံကြည်မှုတွေရောရှိနေတုန်းပဲလား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top