ရန္ကုန္ၿမိဳ႕ပတ္ ခရီးသည္ပို႔ေဆာင္ေရးယာဥ္လိုင္းသစ္ကို Scania City Bus ကားသစ္ ေတြနဲ႔ အခုေမလအတြင္း စတင္ေျပးဆြဲမယ္လို႔ ရန္ကုန္တိုင္း သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)က ထုတ္ေဖာ္ေျပာပါတယ္။

YBS ရန္ကုန္ၿမိဳ႕ပတ္ ယာဥ္လိုင္းသစ္ကို City Transit ကုမၸဏီက တာ၀န္ယူ ေျပးဆြဲမယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ YRTA ႐ုံးခ်ဳပ္မွာ ေမလ ၁၅ ရက္က မီဒီယာေတြနဲ႔ ေတြ႕ဆံုရွင္းလင္း ေျပာၾကားခဲ့တာလို႔ ဒီကေန႔ထုတ္ ႏိုင္ငံပိုင္ သတင္းစာမွာ ေဖာ္ျပပါတယ္။
ဓာတ္ပံု-ျမန္မာ့အလင္း

ခရီးစဥ္အျဖစ္ ေအာင္မဂၤလာ အေဝးေျပးဂိတ္မွာ စတင္ကာ အမွတ္ (၃) လမ္းမႀကီးအတိုင္း (၆)ေကြ႕၊ သုဓမၼာလမ္း၊ ေဝဇယၱာလမ္း၊ ပါရမီလမ္း၊ ေဘလီထိပ္၊ သံသုမာလမ္း၊ စံျပေဈး၊ ျပည္ေထာင္စု ခုံးေက်ာ္တံတား၊ သံသုမာလမ္း (သုဝဏၰ)၊ ၾကက္ဘဲေဈး၊ သမိန္ဗရမ္းလမ္း၊ အထက္ပုဇြန္ ေတာင္လမ္း၊ (၅၁)လမ္းထိပ္၊ ဗိုလ္တေထာင္ဘုရားလမ္းထိ ေျပးဆြဲေပးမွာပါ။

ဒီေနာက္ ဗိုလ္တေထာင္ဘုရားလမ္းမွ ကမ္းနားလမ္း၊ ၾကည့္ျမင္တိုင္ကမ္းနားလမ္း၊ ဘုရင့္ေနာင္လမ္း၊ ဘုရင့္ေနာင္လမ္းဆုံ၊ သမိုင္းဘူတာ႐ုံလမ္း၊ သမိုင္းလမ္းဆုံ၊ က်ိဳက္ဝိုင္း ဘုရားလမ္း၊ (၈)မိုင္၊ ကမာၻေအးဘုရားလမ္း၊ န၀ေဒးအုတ္ပုံဆိပ္လမ္း၊ သုဓမၼာလမ္း၊ (၆)ေကြ႕၊ အမွတ္(၃) လမ္းမႀကီးမွ ေအာင္မဂၤလာအေဝးေျပးမွာ ဂိတ္ဆုံးမယ္လုိ႔ သိရပါတယ္။

ယာဥ္စီးခကေတာ့ ေအာင္မဂၤလာအေဝးေျပးမွ သခင္ျမပန္းၿခံ အထိေငြက်ပ္က်ပ္ ၅၀၀ ေကာက္ခံၿပီး သခင္ျမ ပန္းၿခံမွ ေအာင္မဂၤလာ အေဝးေျပးအထိ ေငြက်ပ္က်ပ္ ၅၀၀ ေကာက္ခံမွာ ျဖစ္သလို ခရီးစဥ္စဆုံး စုစုေပါင္း ေငြက်ပ္က်ပ္ ၁၀၀၀ ေကာက္ခံသြားဖို႔ ရွိပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ခရီးသည္ ပို႔ေဆာင္ေရးယာဥ္လိုင္းသစ္ကို မၾကာမီ ရက္ပိုင္းအတြင္း ေျပးဆြဲမွာျဖစ္ၿပီး စုစုေပါင္းယာဥ္အစီးေရ ၃၉ စီးနဲ႔ စတင္ ေျပးဆြဲေပးမယ္လို႔ အစိုးရ သတင္းစာမွာ ေဖာ္ျပပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: DVB
ဓာတ္ပံု-ျမန္မာ့အလင္း

#Unicode Version#
 ရန်ကုန်မြို့ပတ် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသစ်ကို Scania City Bus ကားသစ် တွေနဲ့ အခုမေလအတွင်း စတင်ပြေးဆွဲမယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က ထုတ်ဖော်ပြောပါတယ်။

YBS ရန်ကုန်မြို့ပတ် ယာဉ်လိုင်းသစ်ကို City Transit ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ YRTA ရုံးချုပ်မှာ မေလ ၁၅ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-မြန်မာ့အလင်း

ခရီးစဉ်အဖြစ် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာ စတင်ကာ အမှတ် (၃) လမ်းမကြီးအတိုင်း (၆)ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယ္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ)၊ ကြက်ဘဲဈေး၊ သမိန်ဗရမ်းလမ်း၊ အထက်ပုဇွန် တောင်လမ်း၊ (၅၁)လမ်းထိပ်၊ ဗိုလ်တထောင်ဘုရားလမ်းထိ ပြေးဆွဲပေးမှာပါ။

ဒီနောက် ဗိုလ်တထောင်ဘုရားလမ်းမှ ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ (၈)မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးအုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ (၆)ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးမှာ ဂိတ်ဆုံးမယ်လို့ သိရပါတယ်။

ယာဉ်စီးခကတော့ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံ အထိငွေကျပ်ကျပ် ၅၀၀ ကောက်ခံပြီး သခင်မြ ပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးအထိ ငွေကျပ်ကျပ် ၅၀၀ ကောက်ခံမှာ ဖြစ်သလို ခရီးစဉ်စဆုံး စုစုပေါင်း ငွေကျပ်ကျပ် ၁၀၀၀ ကောက်ခံသွားဖို့ ရှိပါတယ်။

ရန်ကုန်မြို့ပတ်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသစ်ကို မကြာမီ ရက်ပိုင်းအတွင်း ပြေးဆွဲမှာဖြစ်ပြီး စုစုပေါင်းယာဉ်အစီးရေ ၃၉ စီးနဲ့ စတင် ပြေးဆွဲပေးမယ်လို့ အစိုးရ သတင်းစာမှာ ဖော်ပြပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit: DVB
ဓာတ်ပုံ-မြန်မာ့အလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top