ကိုယ်လည်း ရှိသလောက် တစ်ယောက် 1 သောင်းပေးတာ မယူဘူးဆိုပြီး ချေပြီးသွားလိုက်တယ် 🙄😂😂😂
#Unicode Version#
တာမွေမှာအလုပ်ကိစ္စသွားတုန်း လက်ထဲပစ္စည်းထုပ်တွေနဲ့မနိုင်မနင်းနဲ့မိုးရွာချတော့ပြေးလိုက်တာ ဘောင်းဘီထဲကဖုန်းထွက်ကျတာမသိလိုက်ဘူး
နောက်မှအလုပ်ကိစ္စ ဖုန်းခေါ ်မယ်ဆိုတော့ ဖုန်းကမရှိတော့ဘူး 😅😅😅 ဖုန်းကလည်း ကိုင်တာမှ 4 ရက်ပဲရှိသေးတယ် အသစ်ဆိုတော့ကြွေကွဲတာပေါ့ ဟာသွားပြီပေါ့ Oppo F11 pro လေးပါသွားပြီပေါ့ 😅
လွယ်အိတ်ထဲပါတဲ့ဖုန်းအဟောင်းနဲ့ ဆက်ကြည့်တော့ ဖုန်းကပိတ်ထားတော့ စိတ်တော်တော်လေသွားတယ် ပါသွားပြီပေါ့
အ့နဲ့ဖုန်းပြန်ရလိုရညား ဖုန်းဆက်တိုက်ခေါ ်ရင်းနဲ့ဖုန်းဝင်သွားတော့ ကလေးအသံနဲ့ကိုင်တယ် အစ်ကိုဖုန်းလားတဲ့တာမွေတံတားအောက်မှာ ကောက်ရလို့တဲ့
ကျွန်တော် Ocean ရှေ့မှာစောင့်နေတယ်တဲ့အ့ကျမှ ချက်ချင်း taxi ငှားပြီးပြန်သွားယူတာ ဒီကလေးနှစ်ယောက် မိုးရွာထဲစောင့်နေတယ်
ကလေးတွေကလည်းလည်တယ် အစ်ကိုဖုန်း Password ပြောပါတဲ့ကိုယ့်မှာကျေးဇူးကလည်းတင် သူပြောတာလည်းရယ်ချင် 😂
Pass ပြောလိုက်မှ ရပြီအစ်ကိုတဲ့ မိန်းကလေးပုံနဲ့ဆိုတော့မယုံလို့မေးကြည့်တာပါတဲ့ 😂
ညီလေး အ့တာအစ်ကိုချစ်သူပုံပါလို့ပြောပြမှ ရယ်နေတယ် 😂
ဘယ်သူတွေလည်းတော့မသိဘူး ကျေးဇူးအရမ်းတင်ပါတယ် ငါ့ညီနှစ်ယောက်ကို ❤😘
ကိုယ်လည်း ရှိသလောက် တစ်ယောက် 1 သောင်းပေးတာ မယူဘူးဆိူပြီး ချေပြီးသွားလိုက်တယ် 🙄😂😂😂
ကျေးဇူးအထူးပါညီလေးတို့ 😘
ဖိုးသူတော်(www.phothutaw.com)
Credit:Sai Aung Kyaw Min