ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာ၀တီခ႐ုိင္ထဲမွာ ေလျပင္းတိုက္ခတ္ခဲ့တာေၾကာင့္ ေနအိမ္ ၁၀ လုံး ၿပိဳက်ၿပီး အိမ္ေျခ ၁၈၀ ေက်ာ္ အမိုးလန္ပ်က္စီးခဲ့ပါတယ္။

သာယာ၀တီခ႐ုိင္၊ နတၱလင္းၿမိဳ႕နယ္ထဲမွာ ေမလ ၄ ရက္ေန႔ညေန ၆ နာရီခြဲေလာက္က မိုးနဲ႔အတူ တိုက္ခတ္သြားတဲ့ ေလျပင္းေၾကာင့္ အိမ္ ၁၈၂ လံုး အမိုးလန္ပ်က္စီးခဲ့ကာ၊ အိမ္ ၁၀ လံုး ၿပိဳက်ပ်က္စီးခဲ့ပါတယ္။

ဒါ့အျပင္ နတၱလင္းၿမိဳ႕မ ရပ္ကြက္က အထကေက်ာင္းက သြပ္ေတြ လန္သြားခဲ့ကာ သရက္တပင္ေက်းရြာက ဘုန္းႀကီေက်ာင္းတေက်ာင္းအမိုးေတြ လန္သြားခဲ့တယ္လို႔ နတၱလင္းအရံမီးသတ္တပ္ဖြဲ႔ တပ္ရင္းမႉး ဦးမိုးႀကီးက ေျပာပါတယ္။

ပ်က္စီးဆုံး႐ႈံးမႈတန္ဖုိး သိန္း ၁၁၀ ေက်ာ္ သတ္မွတ္ထားၿပီး ေလေဘးသင့္ျပည္သူေတြကေတာ့ လတ္တေလာ သူတို႔နဲ႔ နီးစပ္ရာေဆြမ်ိဳးေတြထံ ယာယီေရႊေျပာင္းေနထိုင္ေနၾကပါတယ္။

ဇီးကုန္းေလးရပ္ကြပ္ထဲက ေလဘင္းသင့္ အိမ္ ၆၅ အိမ္ကေတာ့ ၿမိဳ႕လယ္ ဘုန္းေတာ္ႀကီးေက်ာင္းဓမၼာ႐ုံမွာ ယာယီခိုလံႈေနရၿပီး ေလျပင္းေၾကာင့္ လူနဲ႔ တိရစာၦန္ေသဆံုးတာေတာ့ မရွိဘူးလို႔ နတၱလင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။

အဲဒီေလျပင္းတိုက္ခတ္မႈေၾကာင့္ နတၱလင္းၿမိဳ႕နဲ႔ ဇီးကုန္းၿမိဳ႕ၾကားက တံခြန္ဒိုင္ေက်းရြာ ပတ္၀န္းက်င္က အပင္းႀကီး ၁၅ ပင္ေက်ာ္ေလာက္ ၿပိဳလဲက်ၿပီး ျပည္ကိုထြက္လာတဲ့ ျပည္-ရန္ကုန္ အျမန္ရထား ဇီးကုန္းၿမိဳ႕မွာ ရပ္တန္႔ခဲ့ရပါတယ္။

လမ္းပိတ္ဆို႔မႈေတြလည္း ျဖစ္ပြားခဲ့ၿပီး​ ရဲတပ္ဖြဲ႔ မီးသတ္၊ ျမန္မာ့မီးရထား၀န္ထမ္း စုစုေပါင္းအင္အား ၁၀၀ ေက်ာ္ နဲ႔ လမ္းေပၚမွာလဲေနတဲ့ သစ္ပင္ေတြကို ဖယ္ရွားေပးခဲ့တယ္လို႔ သိရပါတယ္။

ေလျပင္းေၾကာင့္ ပ်က္စီးသြားတဲ့အိမ္ေတြကေတာ့ ဇီးကုန္းေလးရပ္ကြက္၊ သာစည္ရပ္ကြက္၊ ၿမိဳ႕မရပ္ကြက္၊ ထိန္ေသးေက်းရြာအုပ္စု၊ အုပ္တန္းေက်း႐ြာအုပ္စု၊ သက္ငယ္ျပင္ေက်း႐ြာအုပ္စု၊ ေက်ာက္ခြက္ ေက်း႐ြာအုပ္စု၊ တံခြန္တိုင္ေက်းရြာအုပ္စုေတြက အိမ္ေတြ ပါ၀င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၁၀ လုံး ပြိုကျပြီး အိမ်ခြေ ၁၈၀ ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။

သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့ညနေ ၆ နာရီခွဲလောက်က မိုးနဲ့အတူ တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် အိမ် ၁၈၂ လုံး အမိုးလန်ပျက်စီးခဲ့ကာ၊ အိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် နတ္တလင်းမြို့မ ရပ်ကွက်က အထကကျောင်းက သွပ်တွေ လန်သွားခဲ့ကာ သရက်တပင်ကျေးရွာက ဘုန်းကြီကျောင်းတကျောင်းအမိုးတွေ လန်သွားခဲ့တယ်လို့ နတ္တလင်းအရံမီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးမိုးကြီးက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၁၁၀ ကျော် သတ်မှတ်ထားပြီး လေဘေးသင့်ပြည်သူတွေကတော့ လတ်တလော သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေထံ ယာယီရွှေပြောင်းနေထိုင်နေကြပါတယ်။

ဇီးကုန်းလေးရပ်ကွပ်ထဲက လေဘင်းသင့် အိမ် ၆၅ အိမ်ကတော့ မြို့လယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ယာယီခိုလှုံနေရပြီး လေပြင်းကြောင့် လူနဲ့ တိရစ္ဆာန်သေဆုံးတာတော့ မရှိဘူးလို့ နတ္တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် နတ္တလင်းမြို့နဲ့ ဇီးကုန်းမြို့ကြားက တံခွန်ဒိုင်ကျေးရွာ ပတ်ဝန်းကျင်က အပင်းကြီး ၁၅ ပင်ကျော်လောက် ပြိုလဲကျပြီး ပြည်ကိုထွက်လာတဲ့ ပြည်-ရန်ကုန် အမြန်ရထား ဇီးကုန်းမြို့မှာ ရပ်တန့်ခဲ့ရပါတယ်။

လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ မီးသတ်၊ မြန်မာ့မီးရထားဝန်ထမ်း စုစုပေါင်းအင်အား ၁၀၀ ကျော် နဲ့ လမ်းပေါ်မှာလဲနေတဲ့ သစ်ပင်တွေကို ဖယ်ရှားပေးခဲ့တယ်လို့ သိရပါတယ်။

လေပြင်းကြောင့် ပျက်စီးသွားတဲ့အိမ်တွေကတော့ ဇီးကုန်းလေးရပ်ကွက်၊ သာစည်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ထိန်သေးကျေးရွာအုပ်စု၊ အုပ်တန်းကျေးရွာအုပ်စု၊ သက်ငယ်ပြင်ကျေးရွာအုပ်စု၊ ကျောက်ခွက် ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုတွေက အိမ်တွေ ပါဝင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top