ေက်ာင္းကုန္းၿမိဳ႕နယ္၌ MYTEL ဆက္သြယ္ေရးတာဝါတိုင္မွ မီးစက္ဆီမ်ား ခိုးယူသူသုံးဦးကို ဖမ္းဆီးရမိၿပီး သက္ဆိုင္ရာက ေမ ၁ ရက္ (ယေန႔) တြင္ အမႈဖြင့္အေရးယူထားသည္။

ယေန႔ နံနက္ ၄ နာရီ အခ်ိန္ခန႔္တြင္ ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္ေန MYTEL ဆက္သြယ္ေရးအင္ဂ်င္နီယာ အမ်ိဳးသား၏ လက္ကိုင္ဖုန္းအတြင္းသို႔ ေက်ာင္းကုန္း ၿမိဳ႕နယ္ ေကာက္ႀကီးကုန္းအုပ္စု၊ေကာက္ႀကီးကုန္းေက်း႐ြာရွိ MYTEL တာဝါတိုင္အမွတ္( AYY 0488 )မွ မီးစက္ဆီမ်ား ေလ်ာ့က်ေနေၾကာင္း ေအာ္တိုမက္ေဆ့မ်ား ဝင္လာသျဖင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕ ဝင္မ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။

တာဝါတိုင္အနီး၌ 2K/---လိုက္ထရပ္-အျဖဴေရာင္ကားတစ္စီးရပ္ထားၿပီး၊ကားေပၚတြင္ ပရီမီယမ္ေလာင္စာဆီမ်ား ထည့္ထားေသာ ေကာ္ပုံးမ်ားေတြ႕ရသည္။

ထို႔ျပင္ ဆက္သြယ္ေရးတာဝါတိုင္ မီးစက္အင္ဂ်င္ဆီကန္အတြင္းမွ ျပင္ပ ေကာ္ပုံးမ်ားထဲသို႔ ပရီမီယမ္မ်ား ေကာ္ပိုက္ျဖင့္ထုတ္ယူေနသူ ရန္ကုန္တိုင္းေဒသႀကီး ေမွာ္ဘီၿမိဳ႕နယ္ေန ေဇာ္ေဇာ္လြင္ (ခ) ျပည့္ၿဖိဳးေအာင္ (၂၅ ႏွစ္)၊ မ်ိဳးမင္းမင္းေအာင္ (၃၃ ႏွစ္)ႏွင့္ ေအာင္ကိုၿဖိဳး (၂၁ ႏွစ္) တို႔ကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ေက်ာင္းကုန္း ၿမိဳ႕မရဲစခန္းက ေဇာ္ေဇာ္လြင္ပါသုံးဦးကို အမႈဖြင့္ကာ ဆက္လက္စစ္ေဆးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmtimes
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျောင်းကုန်းမြို့နယ်၌ MYTEL ဆက်သွယ်ရေးတာဝါတိုင်မှ မီးစက်ဆီများ ခိုးယူသူသုံးဦးကို ဖမ်းဆီးရမိပြီး သက်ဆိုင်ရာက မေ ၁ ရက် (ယနေ့) တွင် အမှုဖွင့်အရေးယူထားသည်။

ယနေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်နေ MYTEL ဆက်သွယ်ရေးအင်ဂျင်နီယာ အမျိုးသား၏ လက်ကိုင်ဖုန်းအတွင်းသို့ ကျောင်းကုန်း မြို့နယ် ကောက်ကြီးကုန်းအုပ်စု၊ကောက်ကြီးကုန်းကျေးရွာရှိ MYTEL တာဝါတိုင်အမှတ်( AYY 0488 )မှ မီးစက်ဆီများ လျော့ကျနေကြောင်း အော်တိုမက်ဆေ့များ ဝင်လာသဖြင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့ ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

တာဝါတိုင်အနီး၌ 2K/---လိုက်ထရပ်-အဖြူရောင်ကားတစ်စီးရပ်ထားပြီး၊ကားပေါ်တွင် ပရီမီယမ်လောင်စာဆီများ ထည့်ထားသော ကော်ပုံးများတွေ့ရသည်။

ထို့ပြင် ဆက်သွယ်ရေးတာဝါတိုင် မီးစက်အင်ဂျင်ဆီကန်အတွင်းမှ ပြင်ပ ကော်ပုံးများထဲသို့ ပရီမီယမ်များ ကော်ပိုက်ဖြင့်ထုတ်ယူနေသူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နေ ဇော်ဇော်လွင် (ခ) ပြည့်ဖြိုးအောင် (၂၅ နှစ်)၊ မျိုးမင်းမင်းအောင် (၃၃ နှစ်)နှင့် အောင်ကိုဖြိုး (၂၁ နှစ်) တို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကျောင်းကုန်း မြို့မရဲစခန်းက ဇော်ဇော်လွင်ပါသုံးဦးကို အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmtimes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top