ျမန္မာႏိုင္ငံပိုင္ၿဂိဳဟ္တုစနစ္ တည္ေထာင္ႏိုင္ဖို႔ အဆင့္ (၃) ဆင့္နဲ႔ ေဆာင္႐ြက္ေနၿပီး ပထမအဆင့္အေနနဲ႔ အျခားႏိုင္ငံကပိုင္တဲ့ ၿဂိဳဟ္တုထရန္စပြန္ဒါကို ငွားရမ္းကာ ေငြေပးေခ်တဲ့ စနစ္နဲ႔ လက္ရွိ MyanmarSat-1 ကို ငွားရမ္းအသုံးျပဳ ေဆာင္႐ြက္ေနတယ္လုိ႔ ဒုသသမၼတက ေျပာပါတယ္။

ဒုတိယအဆင့္အေနနဲ႔ ၂၀၁၈ ဇြန္လ ၁ ရက္က သတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆိုက္ဘာလုံၿခဳံေရး ဦးစီးဌာနနဲ႔ Intelsat Global Sales & Marketing ကုမၸတို႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုကာ စုစုေပါင္း အေမရိကန္ ေဒၚလာ ၁၅၅ ဒသမ ၇ သန္း ကုန္က်မယ့္ အခ်ိဳးက် ပူးတြဲပိုင္ဆိုင္မယ့္ MyanmarSat – 2 ၿဂိဳဟ္တုကို ၂၀၁၉ ဇြန္လထဲမွာ အာကာသထဲသို႔ လႊတ္တင္မွာ ျဖစ္ၿပီး ၂၀၁၉ စက္တင္ဘာလလယ္မွာ နည္းပညာအသစ္ေတြ စတင္ အသုံးျပဳႏိုင္မယ္လုိ႔ ဒုသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။

ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ႏိုင္ပါက လက္ရွိအသုံးျပဳေနတဲ့ MyanmarSat-1 ၿဂိဳဟ္တု အတြက္ ငွားရမ္းခေငြေပးေခ်ဖို႔ မလိုေတာ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံအေနနဲ႔ C-Band လိုင္းအင္အား ၄၃၂ MHz နဲ႔ Ku-Band လိုင္းအင္အား ၄၃၂ MHz တို႔ကို အသုံးျပဳႏိုင္မွာ ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြအေနနဲ႔လည္း ၿဂိဳဟ္တု Channel ငွားရမ္းခ ႏိုင္ငံျခားေငြေပးေခ်မႈ သက္သာေစဖို႔နဲ႔ ပညာေရး၊ က်န္းမာေရးအပါအ၀င္ အျခားက႑ေတြမွာ အက်ိဳးရွိစြာ အသုံးျပဳႏိုင္ေစမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

တတိယအဆင့္အေနနဲ႔ ျမန္မာႏိုင္ငံက အလုံးစုံပိုင္ဆိုင္တဲ့ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖို႔ ေဆာင္ရြက္သြားဖို႔ ရွိေနတယ္လို႔လည္း ဒုသမၼတရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ ပထမဆံုး Space Agency ထူေထာင္ႏိုင္ဖို႔ ျပင္ဆင္ၾကဖို႔နဲ႔ Space Law ေတြ စုေဆာင္းျပင္ဆင္ထားၾကဖို႔လည္း ဒုသမၼတက တိုက္တြန္းေျပာသြားပါတယ္။

ဒုသမၼတ ဦးျမင့္ေဆြဦးေဆာင္တဲ့ ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္ တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္က အဖြဲ႕ဝင္ ၁၃ ဦးနဲ႔ ႏိုင္ငံေတာ္သမၼတက ဖြဲ႔စည္းတာ၀န္ေပးထာတာပါ။

မေန႕က ေနျပည္ေတာ္မွာ က်င္းပတဲ့ အစည္းအေ၀းကို ျမန္မာႏိုင္ငံပိုင္ ၿဂိဟ္တုစနစ္ တည္ေထာင္ေရး လုပ္ငန္းေကာ္မတီ ဥကၠ႒ ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္နဲ႔ ဦးေဆာင္ေကာ္မတီ၀င္ေတြျဖစ္တဲ့ ျပည္ေထာင္စု ၀န္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုဗိုလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဦးေက်ာ္တင့္ေဆြ၊ ဦးအုန္း၀င္း၊ ေဒါက္တာ မ်ိဳးသိမ္းႀကီး စသူေတြ တက္ေရာက္ခဲ့ၾကတယ္လို႔ အစိုးရသတင္းစဥ္မွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznew

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ဖို့ အဆင့် (၃) ဆင့်နဲ့ ဆောင်ရွက်နေပြီး ပထမအဆင့်အနေနဲ့ အခြားနိုင်ငံကပိုင်တဲ့ ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းကာ ငွေပေးချေတဲ့ စနစ်နဲ့ လက်ရှိ MyanmarSat-1 ကို ငှားရမ်းအသုံးပြု ဆောင်ရွက်နေတယ်လို့ ဒုသသမ္မတက ပြောပါတယ်။

ဒုတိယအဆင့်အနေနဲ့ ၂၀၁၈ ဇွန်လ ၁ ရက်က သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနဲ့ Intelsat Global Sales & Marketing ကုမ္ပတို့ သဘောတူစာချုပ်ချုပ်ဆိုကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမယ့် အချိုးကျ ပူးတွဲပိုင်ဆိုင်မယ့် MyanmarSat – 2 ဂြိုဟ်တုကို ၂၀၁၉ ဇွန်လထဲမှာ အာကာသထဲသို့ လွှတ်တင်မှာ ဖြစ်ပြီး ၂၀၁၉ စက်တင်ဘာလလယ်မှာ နည်းပညာအသစ်တွေ စတင် အသုံးပြုနိုင်မယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ပါက လက်ရှိအသုံးပြုနေတဲ့ MyanmarSat-1 ဂြိုဟ်တု အတွက် ငှားရမ်းခငွေပေးချေဖို့ မလိုတော့ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ C-Band လိုင်းအင်အား ၄၃၂ MHz နဲ့ Ku-Band လိုင်းအင်အား ၄၃၂ MHz တို့ကို အသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့လည်း ဂြိုဟ်တု Channel ငှားရမ်းခ နိုင်ငံခြားငွေပေးချေမှု သက်သာစေဖို့နဲ့ ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြားကဏ္ဍတွေမှာ အကျိုးရှိစွာ အသုံးပြုနိုင်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ဒုသမ္မတရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံး Space Agency ထူထောင်နိုင်ဖို့ ပြင်ဆင်ကြဖို့နဲ့ Space Law တွေ စုဆောင်းပြင်ဆင်ထားကြဖို့လည်း ဒုသမ္မတက တိုက်တွန်းပြောသွားပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်က အဖွဲ့ဝင် ၁၃ ဦးနဲ့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးထာတာပါ။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးကို မြန်မာနိုင်ငံပိုင် ဂြိဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နဲ့ ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဦးအုန်းဝင်း၊ ဒေါက်တာ မျိုးသိမ်းကြီး စသူတွေ တက်ရောက်ခဲ့ကြတယ်လို့ အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznew
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top