ေနျပည္ေတာ္၊ ေမ ၂၇ – ပင္စင္လစာမ်ားကိုု ဘဏ္ခြဲ ၂၈၁ ခုုတိုု႔တြင္ Myanmar Mobile Money ျဖင့္လည္း ထုုတ္ယူႏိုုင္ေၾကာင္း ပင္စင္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ၀ါ၀ါေမာင္ကေျပာသည္။

”အျငိမ္းစားႏိုုင္ငံ့၀န္ထမ္းေတြအေနနဲ႔ ပင္စင္လစာထုုတ္ယူရာမွာ အခ်ိန္ကုုန္ လူပမ္း သက္သာေစေရးအတြက္ Mobile Payment ၀န္ေဆာင္မႈေတြ၊ ATM ကပ္ေတြ သုုံးစြဲႏိုုင္ဖိုု႔ကိုု စီစဥ္ေပးထားတာပါ။ Mobile Payment ေတြကိုု အသုုံးျပဳတာေၾကာင့္ ေငြသားအသုုံးျပဳမႈေလ်ာ့နည္းေစတဲ့ ပတ္၀န္းက်င္တစ္ခုုကိုု ဖန္တီးေပးရာလဲေရာက္ပါတယ္။ ျပီးေတာ့ အခ်ိန္ကုုန္သက္သာျပီး အသက္ၾကီးတဲ့ ပင္စင္စားေတြအေနနဲ႔ ကိုုယ္စိတ္ႏွစ္ပါးပင္ပန္းမႈကိုုလဲ သက္သာေစပါတယ္”ဟုု ေဒါက္တာ၀ါ၀ါေမာင္ကေျပာသည္။

”Mobile Payment နဲ႔ ပင္စင္လစာထုုတ္ယူဖိုု႔ကိုု အေကာင္အထည္ကေတာ့ေဖၚေနတာပါပဲ။ သိုု႔ေသာ္ အသုုံးျပဳတဲ့သူဦးေရကေတာ့ နည္းေနပါေသးတယ္။ ပင္စင္စားၾကီးေတြက အားေပးရင္ ဆက္ျပီးတိုုးခ်ဲ႔ေဆာင္ရြက္မွာပါ”ဟုုလည္း သူကေျပာသည္။

အျငိမ္းစားႏိုုင္ငံ့၀န္ထမ္းမ်ားအေနျဖင့္ ၄င္းတိုု႔၏ ပင္စင္လစာမ်ားကိုု လစဥ္(၂၁)ရက္ေန႔ ေနာက္ပိုုင္း ဘဏ္ဖြင့္ခ်ိန္မ်ားတြင္ ေန႔စဥ္ထုုတ္ယူႏိုုင္ျပီး၊ ATM ကပ္ျပဳလုုပ္ကာ ျမန္မာ့စီးပြားေရးဘဏ္၏ ATM စက္မ်ားတြင္လည္း ထုုတ္ယူႏိုုင္သည္။ ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြစာရင္းဖြင့္ထားပါကလည္း ယင္းေငြစာရင္းထဲသိုု႔ ပင္စင္လာမ်ားကိုု ထည့္သြင္းေပးသည့္အတြက္ ဘဏ္ဖြင့္ခ်ိန္တိုုင္းတြင္ ထုုတ္ယူႏိုုင္သည္။

”ဒါေပမယ့္ Mobile Payment ေတြကိုု ပင္စင္ဦးစီးဌာနက ေၾကာ္ျငာေပးေနတဲ့သေဘာမဟုုတ္ပါဘူး။ ကြ်န္မတိုု႔ ၀န္ၾကီးဌာနရဲ႔ Financial Inclusion(ေငြေရးေၾကးေရး အလုုံးစုုံပါ၀င္ႏိုုင္မႈ)နဲ႔ Financial Literacy(ေငြေရးေၾကးေရးအသိပညာျမွင့္တင္ေရး)လုုပ္ငန္းစဥ္ေတြအရ ေဆာင္ရြက္တာျဖစ္ပါတယ္”ဟုုလည္း ေဒါက္တာ၀ါ၀ါေမာင္ကေျပာသည္။

ပင္စင္လစာမ်ားကိုု Wave Money ျဖင့္ထုုတ္ယူလိုုသူမ်ားအေနျဖင့္လည္း ျမန္မာ့စီးပြားေရးဘဏ္ ဘဏ္ခြဲ(၁)၊ ရန္ကုုန္ အင္းစိန္ဘဏ္ခြဲ၊ တာေမြဘဏ္ခြဲ၊ သဃၤန္းကြ်န္းဘဏ္ခြဲ၊ ကမာရြတ္ဘဏ္ခြဲ၊ ေျမာက္ဥကၠလာပ ဘဏ္ခြဲ၊ ေျမာက္ဒဂုုံဘဏ္ခြဲႏွင့္ လွည္းကူးဘဏ္ခြဲမ်ားတြင္ ထုုတ္ယူႏိုုင္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Popular News Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

နေပြည်တော်၊ မေ ၂၇ – ပင်စင်လစာများကို ဘဏ်ခွဲ ၂၈၁ ခုတို့တွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်ကပြောသည်။

”အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပင်စင်လစာထုတ်ယူရာမှာ အချိန်ကုန် လူပမ်း သက်သာစေရေးအတွက် Mobile Payment ဝန်ဆောင်မှုတွေ၊ ATM ကပ်တွေ သုံးစွဲနိုင်ဖို့ကို စီစဉ်ပေးထားတာပါ။ Mobile Payment တွေကို အသုံးပြုတာကြောင့် ငွေသားအသုံးပြုမှုလျော့နည်းစေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရာလဲရောက်ပါတယ်။ ပြီးတော့ အချိန်ကုန်သက်သာပြီး အသက်ကြီးတဲ့ ပင်စင်စားတွေအနေနဲ့ ကိုယ်စိတ်နှစ်ပါးပင်ပန်းမှုကိုလဲ သက်သာစေပါတယ်”ဟု ဒေါက်တာဝါဝါမောင်ကပြောသည်။

”Mobile Payment နဲ့ ပင်စင်လစာထုတ်ယူဖို့ကို အကောင်အထည်ကတော့ဖေါ်နေတာပါပဲ။ သို့သော် အသုံးပြုတဲ့သူဦးရေကတော့ နည်းနေပါသေးတယ်။ ပင်စင်စားကြီးတွေက အားပေးရင် ဆက်ပြီးတိုးချဲ့ဆောင်ရွက်မှာပါ”ဟုလည်း သူကပြောသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့ နောက်ပိုင်း ဘဏ်ဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ယူနိုင်ပြီး၊ ATM ကပ်ပြုလုပ်ကာ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များတွင်လည်း ထုတ်ယူနိုင်သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားပါကလည်း ယင်းငွေစာရင်းထဲသို့ ပင်စင်လာများကို ထည့်သွင်းပေးသည့်အတွက် ဘဏ်ဖွင့်ချိန်တိုင်းတွင် ထုတ်ယူနိုင်သည်။

”ဒါပေမယ့် Mobile Payment တွေကို ပင်စင်ဦးစီးဌာနက ကြော်ငြာပေးနေတဲ့သဘောမဟုတ်ပါဘူး။ ကျွန်မတို့ ဝန်ကြီးဌာနရဲ့ Financial Inclusion(ငွေရေးကြေးရေး အလုံးစုံပါဝင်နိုင်မှု)နဲ့ Financial Literacy(ငွေရေးကြေးရေးအသိပညာမြှင့်တင်ရေး)လုပ်ငန်းစဉ်တွေအရ ဆောင်ရွက်တာဖြစ်ပါတယ်”ဟုလည်း ဒေါက်တာဝါဝါမောင်ကပြောသည်။

ပင်စင်လစာများကို Wave Money ဖြင့်ထုတ်ယူလိုသူများအနေဖြင့်လည်း မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၊ ရန်ကုန် အင်းစိန်ဘဏ်ခွဲ၊ တာမွေဘဏ်ခွဲ၊ သင်္ဃန်းကျွန်းဘဏ်ခွဲ၊ ကမာရွတ်ဘဏ်ခွဲ၊ မြောက်ဥက္ကလာပ ဘဏ်ခွဲ၊ မြောက်ဒဂုံဘဏ်ခွဲနှင့် လှည်းကူးဘဏ်ခွဲများတွင် ထုတ်ယူနိုင်ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Popular News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top