မႏၲေလးတိုင္းေဒသႀကီး၊ မိတီၳလာၿမိဳ႕နယ္၊ ေက်ာက္အိုးရြာအနီးရွိ MPT တာဝါတိုင္မွာ ေမလ ၂၃ ရက္က ဘက္ထရီအိုး ၃၆ လုံး ခိုးယူခံရတာေၾကာင့္ မိတီၳလာျမန္မာ့ဆက္သြယ္ေရးခ႐ုိင္တာဝန္ခံ ဦးစုိးမိုးႏုိင္ အမႈလာဖြင့္ထားတယ္လုိ႔ ေဒသခံ ရဲစခန္းက ေျပာပါတယ္။

ျမန္မာ့ဆက္သြယ္ေရး MPT တာဝါတိုင္ အမွတ္ (MDY 00253) စက္ခန္း အဆက္အသြယ္ျပတ္ေတာက္ေနေၾကာင္း ဗဟုိထိန္းခ်ဳပ္မႈ အခ်က္ျပခ်က္အရ တာဝါတိုင္ ျပဳျပင္ထိန္းသိမ္းေရး အင္ဂ်င္နီယာအဖြဲ႔က သြားေရာက္ စစ္ေဆးရာက ဘက္ထရီအိုးေတြ အခိုးခံရတာကုိ သိရွိခ့ဲတာပါ။

အလည္ရြာရဲစခန္းတာဝန္က်ရဲဝန္ထမ္းက “ဘက္ထရီအုိး တလုံးကုိ က်ပ္ ၃ သိန္းခြဲတန္တယ္။ ဘက္ထရီ ၃၆ လုံးဆိုေတာ့ စုစုေပါင္း က်ပ္၁၂၆ သိန္း တန္ဖိုးသင့္ထားပါတယ္။ ဒီေန႔ပဲ အမႈလာဖြင့္တယ္” လုိ႔ ေျပာပါတယ္။

မိတီၳလာအလည္ရြာရဲစခန္းမွာ ခုိးယူမႈ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ နဲ႔ အမႈဖြင့္ထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္ေမာင္လင္း DVB

#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျောက်အိုးရွာအနီးရှိ MPT တာဝါတိုင်မှာ မေလ ၂၃ ရက်က ဘက်ထရီအိုး ၃၆ လုံး ခိုးယူခံရတာကြောင့် မိတ္ထီလာမြန်မာ့ဆက်သွယ်ရေးခရိုင်တာဝန်ခံ ဦးစိုးမိုးနိုင် အမှုလာဖွင့်ထားတယ်လို့ ဒေသခံ ရဲစခန်းက ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး MPT တာဝါတိုင် အမှတ် (MDY 00253) စက်ခန်း အဆက်အသွယ်ပြတ်တောက်နေကြောင်း ဗဟိုထိန်းချုပ်မှု အချက်ပြချက်အရ တာဝါတိုင် ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖွဲ့က သွားရောက် စစ်ဆေးရာက ဘက်ထရီအိုးတွေ အခိုးခံရတာကို သိရှိခဲ့တာပါ။

အလည်ရွာရဲစခန်းတာဝန်ကျရဲဝန်ထမ်းက “ဘက်ထရီအိုး တလုံးကို ကျပ် ၃ သိန်းခွဲတန်တယ်။ ဘက်ထရီ ၃၆ လုံးဆိုတော့ စုစုပေါင်း ကျပ်၁၂၆ သိန်း တန်ဖိုးသင့်ထားပါတယ်။ ဒီနေ့ပဲ အမှုလာဖွင့်တယ်” လို့ ပြောပါတယ်။

မိတ္ထီလာအလည်ရွာရဲစခန်းမှာ ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:မောင်မောင်လင်း DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top