20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ျမန္မာအမ်ိဳးသား ေလေၾကာင္း (MNA)က ေလယာဥ္မႉးႀကီးနဲ႔ ေလယာဥ္အဖြဲ႔သားေတြကုိ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးပုိ႔ ခ်ီးျမႇင့္ခဲ့ပါတယ္။

ထူးခၽြန္စြာ တာဝန္ထမ္းေဆာင္ခဲ့ၾကတာေၾကာင့္ ေလယာဥ္မႉးႀကီးနဲ႔ အဖြဲ႔သားေတြကုိ အခုလုိ ခ်ီးျမႇင့္တာျဖစ္ၿပီး အခမ္းအနားကုိ မေန႔က ေနျပည္ေတာ္ရွိ Horizon Lake View Resort မွာ က်င္းပခဲ့ပါတယ္။

ေလယာဥ္အမႈထမ္း ခုနစ္ဦးနဲ႔ ခရီးသည္ ၈၂ ဦး ပါဝင္တဲ့ ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္းမွ ေလယာဥ္အမွတ္ XY-AGQ၊ Embraer 190 ခရီးသည္တင္ ေလယာဥ္၊ ခရီးစဥ္အမွတ္ (ယူဘီ-၁၀၃) ဟာ ေမ ၁၂ ရက္ မနက္ပုိင္းက ရန္ကုန္က မႏၲေလးကုိ ပ်ံသန္းလာရာ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္အဆင္းမွာ ေရွ႕ဘီးခ်မရတဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

ဒါေပမယ့္ ခရီးသည္ေတြ တစုံတရာ ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ေလယာဥ္ပ်က္စီးဆုံး႐ႈံးမႈ အနည္းငယ္နဲ႔ ေျမျပင္ကုိ အႏၲရာယ္ကင္းရွင္းစြာ ဆင္းသက္ႏိုင္ခဲ့ေသာေၾကာင့္ အခုလုိ ဂုဏ္ျပဳခ်ီးျမႇင့္တာပါ။

အခမ္းအနားမွာ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ကိုယ္စား ျပည္ေထာင္စု အစိုးရအဖြဲ႔႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူက ယူဘီ-၁၀၃ ခရီးစဥ္ အေရးေပၚျဖစ္စဥ္ ျဖစ္ပြားခဲ့ေပမယ့္ ေလယာဥ္မႉးႀကီးနဲ႔ ေလယာဥ္အဖြဲ႔သားေတြက ခရီးသည္ေတြကို တစုံတရာ ထိခုိက္မႈ မရွိေစဘဲ အႏၲရာယ္ကင္းရွင္းစြာ ဆင္းသက္ႏိုင္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ဂုဏ္ျပဳမွတ္တမ္းလႊာ လက္မွတ္ေရးထိုး ဂုဏ္ျပဳခ်ီးျမႇင့္တာျဖစ္ေၾကာင္း ေျပာပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္က ေလယာဥ္မႉးႀကီးရဲ႕ ဆုံးျဖတ္မႈနဲ႔ ေလယာဥ္အဖြဲ႔သားေတြရဲ႕ တည္ၿငိမ္စနစ္က်ခဲ့မႈေၾကာင့္ ခရီးသည္ေတြ ေဘးအႏၲရာယ္ ကင္းရွင္းကာ ေလယာဥ္ထိခုိက္ဆံုးရႈံးမႈ အနည္းငယ္သာ ျဖစ္ေပၚခဲ့ပါေၾကာင္း၊ ခရီးသည္ေတြကလည္း ေလယာဥ္မႉးႀကီးနဲ႔ ေလယာဥ္အဖြဲ႔သားေတြရဲ႕ လမ္းညႊန္ အႀကံျပဳမႈေတြကို ယံုၾကည္စြာ ေဆာင္ရြက္ခဲ့လုိ႔ ေဘးအႏၲရာယ္ကင္းရွင္းစြာ ဆင္းသက္ႏုိင္ခဲ့တာလုိ႔ ေျပာပါတယ္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ခ်ီးျမႇင့္တဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာကို ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူက ေလယာဥ္မႉးႀကီး ဦးျမတ္မိုးေအာင္၊ တြဲဖက္ ေလယာဥ္မႉး ဦးေကာင္းဆက္လင္းနဲ႔ ဦးမ်ိဳးသီဟေအာင္၊ အႀကီးတန္း ေလယာဥ္မယ္ ေဒၚခ်ယ္ရီျမင့္၊ ေလယာဥ္မယ္ ေဒၚေကဂ်ာဆန္ေအာင္၊ ေဒၚခုိင္ဇာလင္းနဲ႔ ေဒၚဥမၼာ ေအာင္တို႔ထံ ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာအမျိုးသား လေကြောင်း (MNA)က လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့သားတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ ချီးမြှင့်ခဲ့ပါတယ်။

ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတာကြောင့် လေယာဉ်မှူးကြီးနဲ့ အဖွဲ့သားတွေကို အခုလို ချီးမြှင့်တာဖြစ်ပြီး အခမ်းအနားကို မနေ့က နေပြည်တော်ရှိ Horizon Lake View Resort မှာ ကျင်းပခဲ့ပါတယ်။

လေယာဉ်အမှုထမ်း ခုနစ်ဦးနဲ့ ခရီးသည် ၈၂ ဦး ပါဝင်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AGQ၊ Embraer 190 ခရီးသည်တင် လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃) ဟာ မေ ၁၂ ရက် မနက်ပိုင်းက ရန်ကုန်က မန္တလေးကို ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆင်းမှာ ရှေ့ဘီးချမရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် ခရီးသည်တွေ တစုံတရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးဆုံးရှုံးမှု အနည်းငယ်နဲ့ မြေပြင်ကို အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သောကြောင့် အခုလို ဂုဏ်ပြုချီးမြှင့်တာပါ။

အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယူဘီ-၁၀၃ ခရီးစဉ် အရေးပေါ်ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမယ့် လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့သားတွေက ခရီးသည်တွေကို တစုံတရာ ထိခိုက်မှု မရှိစေဘဲ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာ လက်မှတ်ရေးထိုး ဂုဏ်ပြုချီးမြှင့်တာဖြစ်ကြောင်း ပြောပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်မှူးကြီးရဲ့ ဆုံးဖြတ်မှုနဲ့ လေယာဉ်အဖွဲ့သားတွေရဲ့ တည်ငြိမ်စနစ်ကျခဲ့မှုကြောင့် ခရီးသည်တွေ ဘေးအန္တရာယ် ကင်းရှင်းကာ လေယာဉ်ထိခိုက်ဆုံးရှုံးမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ခရီးသည်တွေကလည်း လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့သားတွေရဲ့ လမ်းညွှန် အကြံပြုမှုတွေကို ယုံကြည်စွာ ဆောင်ရွက်ခဲ့လို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့တာလို့ ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက် လေယာဉ်မှူး ဦးကောင်းဆက်လင်းနဲ့ ဦးမျိုးသီဟအောင်၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်းနဲ့ ဒေါ်ဥမ္မာ အောင်တို့ထံ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top