၂၀၁၉ ခုႏွစ္ ျမန္မာႏိုင္ငံရဲ႕ မယ္စၾကာဝဠာျပိဳင္ပြဲမွာေတာ့ ျပည္နယ္နဲ႔ တိုင္းအသီးသီးက ကိုယ္စားျပဳအလွမယ္ မ်ား ဝင္ေရာက္ယွဥ္ျပိဳင္ေနပါျပီ။ ျပိဳင္ပြဲအဆင့္ဆင့္ ျဖတ္သန္းျပီးေနာက္ လာမယ့္ ၂၅..၅.၂၀၁၉ မွာေတာ့ အမ်ိဳးသားဝတ္စံုျပိဳင္ပြဲ (National Costume Competition) ကို က်င္းပသြားမွာပါ။ ဒီပြဲအတြက္ ဒိုင္လူၾကီးမွ ေရြးခ်ယ္ေသာဆုနဲ႔ ပရိသတ္မ်ားမွ မဲေပးေရြးခ်ယ္ေသာဆု စုစုေပါင္း ႏွစ္ဆု ခ်ီးျမွင့္သြားမယ္လို႔ သိရပါတယ္။

ဒီျပိဳင္ပြဲမွာေတာ့ ရန္ကုန္အေရွ႕ပိုင္းခရိုင္ ကိုယ္စားျပဳ အလွမယ္ ခခစံလည္း ပါဝင္ယွဥ္ျပိဳင္ေနတာ ျဖစ္ျပီး အမ်ိဳးသားဝတ္စံုအေနနဲ႔ ပစ္တိုင္းေထာင္ကို ေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။ သူမ်ားနဲ႔ မတူဘဲ ပစ္တိုင္းေထာင္ဝတ္စံု ေရြးခ်ယ္တဲ့အေပၚ ခခစံက ခုလို ေျပာသြားပါတယ္။

“(၂၅) ရက္ေန႔က်ရင္ National Costume ရွိတယ္။ (၃၁) ရက္ေန႔က်ရင္ ဖိုင္နယ္ ေပါ့ေနာ္။ National Costume ကက်ေတာ့ ရန္ကုန္အေရွ႕ပိုင္းခရိုင္ ကိုယ္စားျပဳ ဆိုေတာ့ တစ္ျခားတိုင္းနဲ႔ ျပည္နယ္ေတြထက္ ေရြးရပိုခက္တယ္။ အဲ့ေတာ့ ပစ္တိုင္းေထာင္ဆိုတာက ျမန္မာတို႔ အျမတ္တႏိုး တန္ဖိုးထားျပီး အိမ္ေတြမွာ လာဘ္ရႊင္ေစတဲ့ အရုပ္ေလးျဖစ္လို႔ ေရြးျဖစ္တာပါ။” လို႔ ဆိုပါတယ္။

ပစ္တိုင္းေထာင္ရုပ္နဲ႔ ဝတ္စံုမွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ ဓာတ္ပံုမ်ား ကပ္ထားတာလည္း ေတြ႕ရပါတယ္။ ဝတ္စံုဒီဇိုင္းကိုေတာ့ ခခစံနဲ႔ ဆရာခ်န္လံုးတို႔ႏွစ္ေယာက္ စိတ္ကူးပံုေဖာ္ထားတာ ျဖစ္ျပီး သူမ်ားဝတ္စံုေတြထက္ နည္းနည္းပိုၾကီးတဲ့အတြက္ performance လုပ္ရတာ အခက္အခဲ ရွိႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ခခစံကေတာ့ အျခားေသာ ျပိဳင္ပြဲဝင္ေတြနဲ႔ ယွဥ္ရင္ body ပိုင္းမွာ အားနည္းခ်က္ရွိလို႔ ၾကိဳးစားေလ့က်င့္ေနတယ္လို႔ သိရပါတယ္။ ဆုရသည္ ျဖစ္ေစ မရသည္ျဖစ္ေစ အေကာင္းဆံုး ၾကိဳးစားသြားမယ္လို႔လည္း ခခစံက အင္တာဗ်ဴးမွာ ေျဖၾကားေပးသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာပြိုင်ပွဲမှာတော့ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကိုယ်စားပြုအလှမယ် များ ဝင်ရောက်ယှဉ်ပြိုင်နေပါပြီ။ ပြိုင်ပွဲအဆင့်ဆင့် ဖြတ်သန်းပြီးနောက် လာမယ့် ၂၅..၅.၂၀၁၉ မှာတော့ အမျိုးသားဝတ်စုံပြိုင်ပွဲ (National Costume Competition) ကို ကျင်းပသွားမှာပါ။ ဒီပွဲအတွက် ဒိုင်လူကြီးမှ ရွေးချယ်သောဆုနဲ့ ပရိသတ်များမှ မဲပေးရွေးချယ်သောဆု စုစုပေါင်း နှစ်ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြု အလှမယ် ခခစံလည်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး အမျိုးသားဝတ်စုံအနေနဲ့ ပစ်တိုင်းထောင်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ သူများနဲ့ မတူဘဲ ပစ်တိုင်းထောင်ဝတ်စုံ ရွေးချယ်တဲ့အပေါ် ခခစံက ခုလို ပြောသွားပါတယ်။

“(၂၅) ရက်နေ့ကျရင် National Costume ရှိတယ်။ (၃၁) ရက်နေ့ကျရင် ဖိုင်နယ် ပေါ့နော်။ National Costume ကကျတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ဆိုတော့ တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေထက် ရွေးရပိုခက်တယ်။ အဲ့တော့ ပစ်တိုင်းထောင်ဆိုတာက မြန်မာတို့ အမြတ်တနိုး တန်ဖိုးထားပြီး အိမ်တွေမှာ လာဘ်ရွှင်စေတဲ့ အရုပ်လေးဖြစ်လို့ ရွေးဖြစ်တာပါ။” လို့ ဆိုပါတယ်။

ပစ်တိုင်းထောင်ရုပ်နဲ့ ဝတ်စုံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံများ ကပ်ထားတာလည်း တွေ့ရပါတယ်။ ဝတ်စုံဒီဇိုင်းကိုတော့ ခခစံနဲ့ ဆရာချန်လုံးတို့နှစ်ယောက် စိတ်ကူးပုံဖော်ထားတာ ဖြစ်ပြီး သူများဝတ်စုံတွေထက် နည်းနည်းပိုကြီးတဲ့အတွက် performance လုပ်ရတာ အခက်အခဲ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

ခခစံကတော့ အခြားသော ပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ရင် body ပိုင်းမှာ အားနည်းချက်ရှိလို့ ကြိုးစားလေ့ကျင့်နေတယ်လို့ သိရပါတယ်။ ဆုရသည် ဖြစ်စေ မရသည်ဖြစ်စေ အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ခခစံက အင်တာဗျူးမှာ ဖြေကြားပေးသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top