




Credit: burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

ဂျာမနီနိုင်ငံသားလေး Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ မိသားစုတွေလို သံယောဇဉ်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ လတ်တလောမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။မိုမိုလေး ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ Mikis Weber က ချစ်သူလေးကို လက်စွပ်လေးပေးပြီး လက်ထပ်ခွင့် တောင်းလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦး လတ်တလောမှာ Sedona ဟိုတယ်က ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ တင်လိုက်တာကြောင် ပရိသတ်တွေကြားမှာ ဝေဖန်မှုအနည်းငယ် ရှိနေတာပါ။

ဘယ်လိုပဲ ဝေဖန်မှုတွေ ရှိနေပါစေ သူတို့ချစ်သူနှစ်ဦးကတော့ တစ်ယောက်ကို တစ်ယောက်တန်ဖိုးထား ချစ်ကြတာကြောင့် Mikis က ချစ်သူလေးကို တန်ဖိုးကြီး လက်စွပ်လေး ချစ်သက် လက်ဆောင် အဖြစ်ပေးတယ်လို့ Mikis ရဲ့ ချစ်သူ က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားတာပါ။

သူတို့ချစ်သူ နှစ်ဦးကို ချစ်တဲ့ ပရိတ်သတ်တွေကတော့ လက်စွပ်လေး ရဲ့ Post အောက်မှာ Mikis က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းခံလိုက်တယ်လို့ ထင်ကြေးပေးနေကြတာပါ။ Mikis ရဲ့ ချစ်သူလေး က လည်း ပရိသတ်တွေ ထင်ကြေးပေးနေတာကို အသည်းပုံလေးလေးတွေလိုက်ပေးထားတာ တွေ့ရပါတယ်။

ဂျာမနီနိုင်ငံသားလေး Mikis Weber ကတော့ မြန်မာပြည်ကြီးကို အရမ်းချစ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူလေး စုစုဝေကိုလည်း သဲသဲလှုပ်ချစ်တာ တွေ့ရပါတယ်။ သီချင်းဆိုရတာကို ဝါသနာပါလွန်းတဲ့ Mikis ကတော့ မြန်မာသီချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး ပရိသတ်တွေကို ချပြနေသူတစ်ဦးပါ။ နားလည်မှုအပြည့်ရှိကြတဲ့ Mikis Weber နဲ့ စုစုဝေတို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်းလည်း တစ်နှစ်ကျော်ရှိသွားပြီပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top