ေမလ ၆ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Met Gala ဖက္ရွင္ရႈိးပြဲကို Harry Styles က ထူးထူးဆန္းဆန္း ဝတ္စုံနဲ႔ ပြဲတက္လာတဲ့ အတြက္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေဝဖန္ေနၾကပါတယ္။ တကယ္ေတာ့ Met Gala ဆိုတာ ၁၉၄၆ ခုႏွစ္ ကတည္းက ႏွစ္စဥ္က်င္းပေနတဲ့ ဖက္ရွင္ပြဲ ျဖစ္ပါတယ္။

ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းအရ ဝတ္စားပုံေတြ ေျပာင္းလဲလာတာကို အဓိက ေတြ႕ျမင္ရတဲ့ ပြဲတပြဲ ဆိုရင္လည္း မမွားပါဘူး။ ဒီပြဲကို ဖိတ္ၾကားခံရသူေတြကေတာ့ ဂီတ၊ ႐ုပ္ရွင္၊ ျပဇာတ္နဲ႔ ဖက္ရွင္ေလာကက ေအာင္ျမင္ေက်ာ္ၾကားသူေတြပဲ ျဖစ္ပါတယ္။ ဖိတ္ၾကားခံရတဲ့ ဧည့္သည္ေတာ္ စာရင္းဟာ ႏွစ္စဥ္ေျပာင္းလဲေလ့ရွိတယ္လို႔ သိရပါတယ္။

ဒီပြဲကို လာတဲ့ အႏုပညာရွင္တိုင္းက သူ႔ထက္ငါ လွပေအာင္ ဝတ္ဆင္ေလ့ ရွိၿပီး ပရိသတ္ေတြကလည္း ေစာင့္ေမွ်ာ္ေလ့ ရွိၾကပါတယ္။ အလွဆုံး ဝတ္စုံေတြကိုလည္း ဆုေတြ ေပးေလ့ရွိၿပီး နာမည္ေက်ာ္တဲ့ အႏုပညာရွင္တိုင္းက သူတို႔ရဲ႕ မူ မေပ်ာက္ေအာင္ ဝတ္ဆင္ေလ့ရွိၾကပါတယ္။

Met Gala ရဲ႕ ေခတ္အဆက္ဆက္ အလွဆုံးဝတ္စုံကို အဆိုေတာ္ Rihana က ၂၀၁၅ ခုႏွစ္မွာ ရရွိခဲ့ၿပီး အဝါေရာင္ ဂါဝန္နဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္မွာေတာ့ Harry Styles က မိန္းမဆန္တဲ့ ဖက္ရွင္ပုံစံ ဝတ္စုံကို ဝတ္ဆင္လာခဲ့ပါတယ္။ အရင္က ပြဲေတြမွာ အၿမဲတမ္းနီးပါး အမ်ိဳးသား ဝတ္စုံကို ဝတ္ေလ့ရွိတဲ့ Harry Styles ဟာ ဒီတခါမွာမွ ထူးထူးျခားျခား အပြင့္အခက္ေတြ ပါဝင္တဲ့ အမည္းေရာင္ ဇာဝတ္စုံကို ဝတ္ဆင္ခဲ့တာလည္း ျဖစ္ပါတယ္။



ဒီလို အဝတ္အစားေတြကို LGBTQ ( Lesbian, Gay, Bisexual, Transgender, Queer) အသိုင္းအဝိုင္းက လူေတြက ဝတ္ဆင္ေလ့ရွိၿပီး အမ်ိဳးသားဝတ္၊ အမ်ိဳးသမီးဝတ္ ဆိုၿပီး ခြဲျခားမထားတဲ့ အဝတ္ေတြကို ဝတ္ဆင္ၾကတာပဲျဖစ္ပါတယ္။

One Direction အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္းတေယာက္ျဖစ္တဲ့ Harry Styles ကေတာ့ သူဟာ လိင္ႏွစ္မ်ိဳးလုံးကို စိတ္ဝင္စားသူ ျဖစ္တယ္လို႔ ဖြင့္ဟဝန္ခံဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Met Gala ဖက်ရှင်ရှိုးပွဲကို Harry Styles က ထူးထူးဆန်းဆန်း ဝတ်စုံနဲ့ ပွဲတက်လာတဲ့ အတွက် ပရိသတ်တော်တော်များများက ဝေဖန်နေကြပါတယ်။ တကယ်တော့ Met Gala ဆိုတာ ၁၉၄၆ ခုနှစ် ကတည်းက နှစ်စဉ်ကျင်းပနေတဲ့ ဖက်ရှင်ပွဲ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဝတ်စားပုံတွေ ပြောင်းလဲလာတာကို အဓိက တွေ့မြင်ရတဲ့ ပွဲတပွဲ ဆိုရင်လည်း မမှားပါဘူး။ ဒီပွဲကို ဖိတ်ကြားခံရသူတွေကတော့ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်နဲ့ ဖက်ရှင်လောကက အောင်မြင်ကျော်ကြားသူတွေပဲ ဖြစ်ပါတယ်။ ဖိတ်ကြားခံရတဲ့ ဧည့်သည်တော် စာရင်းဟာ နှစ်စဉ်ပြောင်းလဲလေ့ရှိတယ်လို့ သိရပါတယ်။

ဒီပွဲကို လာတဲ့ အနုပညာရှင်တိုင်းက သူ့ထက်ငါ လှပအောင် ဝတ်ဆင်လေ့ ရှိပြီး ပရိသတ်တွေကလည်း စောင့်မျှော်လေ့ ရှိကြပါတယ်။ အလှဆုံး ဝတ်စုံတွေကိုလည်း ဆုတွေ ပေးလေ့ရှိပြီး နာမည်ကျော်တဲ့ အနုပညာရှင်တိုင်းက သူတို့ရဲ့ မူ မပျောက်အောင် ဝတ်ဆင်လေ့ရှိကြပါတယ်။

Met Gala ရဲ့ ခေတ်အဆက်ဆက် အလှဆုံးဝတ်စုံကို အဆိုတော် Rihana က ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့ပြီး အဝါရောင် ဂါဝန်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Harry Styles က မိန်းမဆန်တဲ့ ဖက်ရှင်ပုံစံ ဝတ်စုံကို ဝတ်ဆင်လာခဲ့ပါတယ်။ အရင်က ပွဲတွေမှာ အမြဲတမ်းနီးပါး အမျိုးသား ဝတ်စုံကို ဝတ်လေ့ရှိတဲ့ Harry Styles ဟာ ဒီတခါမှာမှ ထူးထူးခြားခြား အပွင့်အခက်တွေ ပါဝင်တဲ့ အမည်းရောင် ဇာဝတ်စုံကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အဝတ်အစားတွေကို LGBTQ ( Lesbian, Gay, Bisexual, Transgender, Queer) အသိုင်းအဝိုင်းက လူတွေက ဝတ်ဆင်လေ့ရှိပြီး အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ဆိုပြီး ခွဲခြားမထားတဲ့ အဝတ်တွေကို ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။

One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ Harry Styles ကတော့ သူဟာ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top