ေရႊဘိုအက်ဥ္း ေထာင္အတြင္း ဆူပူမႈျဖစ္စဥ္ကို ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ Live လႊင့္တင္ခဲ့သူအပါအ၀င္ အ က်ဥ္းသားသံုးဦးႏွင့္ ဖုန္းခိုးသြင္း သည့္ အက်ဥ္းေထာင္၀န္ထမ္း တစ္ဦးတို႔ကို ေမလ ၁၃ ရက္က ေထာင္ဒဏ္ေျခာက္လစီ ခ်မွတ္ ခဲ့ေၾကာင္း အက်ဥ္းဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္၊၊

‘‘တရား႐ုံးကို ဦးတိုက္ ေလွ်ာက္တဲ့အတြက္ အမိန္႔ခ် လိုက္တာ’’ဟု ၄င္းက 7Day Daily သတင္းစာအား ယမန္ေန႔ ညေနတြင္ ေျပာသည္။

ေရႊဘိုၿမိဳ႕မရဲစခန္းတြင္ အ က်ဥ္းေထာင္ အက္ဥပေဒပုဒ္မ ၄၂ ျဖင့္အက်ဥ္းသားသံုးဦးႏွင့္ ေထာင္၀န္ထမ္းတို႔ကို အမႈဖြင့္ ထားျခင္းျဖစ္ၿပီး တရား႐ုံးဦး တိုက္ေလွ်ာက္ကာ ယင္းပုဒ္မ၏ အျမင့္ဆံုးျပစ္ဒဏ္ ေထာင္ဒဏ္ ေျခာက္လစီ

ခ်မွတ္လိုက္ျခင္း ျဖစ္ေျကာင္း အထက္ပါပုဂိၢဳလ္က ေျပာသည္၊၊

ထို႔အျပင္ ေရႊဘိုၿမိဳ႕နယ္တ ရား႐ုံးတြင္ ျပစ္ဒဏ္ခ်မွတ္ျခင္း ျဖစ္သည္ဟု ေရွ႕ေနတစ္ဦးက ေျပာသည္။

အက်ဥ္းသားသံုးဦးကို အ ျခားပုဒ္မမ်ားျဖင့္ အမႈထပ္ဖြင့္ရန္ ရွိေသးေသာ္လည္း ေထာင္၀န္ ထမ္းမွာမူ မပါ၀င္ေတာ့ေၾကာင္း အက်ဥ္းဦးစီးမွ တာ၀န္ရွိသူကဆို သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
#Unicode Version#
ရွှေဘိုအကျဉ်း ထောင်အတွင်း ဆူပူမှုဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် Live လွှင့်တင်ခဲ့သူအပါအဝင် အ ကျဉ်းသားသုံးဦးနှင့် ဖုန်းခိုးသွင်း သည့် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးတို့ကို မေလ ၁၃ ရက်က ထောင်ဒဏ်ခြောက်လစီ ချမှတ် ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်၊၊

‘‘တရားရုံးကို ဦးတိုက် လျှောက်တဲ့အတွက် အမိန့်ချ လိုက်တာ’’ဟု ၎င်းက 7Day Daily သတင်းစာအား ယမန်နေ့ ညနေတွင် ပြောသည်။

ရွှေဘိုမြို့မရဲစခန်းတွင် အ ကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့်အကျဉ်းသားသုံးဦးနှင့် ထောင်ဝန်ထမ်းတို့ကို အမှုဖွင့် ထားခြင်းဖြစ်ပြီး တရားရုံးဦး တိုက်လျှောက်ကာ ယင်းပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ခြောက်လစီ

ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်၊၊

ထို့အပြင် ရွှေဘိုမြို့နယ်တ ရားရုံးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

အကျဉ်းသားသုံးဦးကို အ ခြားပုဒ်မများဖြင့် အမှုထပ်ဖွင့်ရန် ရှိသေးသော်လည်း ထောင်ဝန် ထမ်းမှာမူ မပါဝင်တော့ကြောင်း အကျဉ်းဦးစီးမှ တာဝန်ရှိသူကဆို သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top