Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
Lee Dong Wook ဟာဆိုရင်ဟိုးလွန်ခဲ့တဲ့နှစ်တွေအကြာကြီးက My Girl လို့အမည်ရတဲ့ဇာတ်လမ်းတွဲလေးနဲ့မြန်မာပရိသတ်တွေရဲ့ရင်ထဲကိုထိုးဖောက်လာတာဖြစ်ပြီး အောင်မြင်မှုကိုအချိန်တွေအကြာကြီးထိန်းထာနိုင်တဲ့ ကိုရီးယားသရုပ်ဆောင်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်သလို အခုနောက်ဆုံးမှာ Touch Your Heart ဇာတ်လမ်းတွဲထဲမှာ အရမ်းကိုချစ်တတ်တဲ့ ရှေ့နေကြီးဇာတ်ရုပ်နဲ့ ကမ္ဘာအနှံ့ကပရိသတ်တွေရဲ့အသည်းကိုဆွဲညို့ယူထာသူလည်းဖြစ်ပါတယ်။
Touch Your Heart ဇာတ်လမ်းတွဲပြီးသွားတာမကြာသေးပေမယ့် ပရိသတ်တွေက Lee Dong Wook ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်တွေကိုမျှော်လင့်နေကြပါပြီ။
အဲဒီလိုမျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းကတော့ Lee Dong Wook ဟာ မကြာခင်မှာပဲဇာတ်လမ်းတွဲအသစ်တစ်ခုနဲ့ပရိသတ်တွေရှေ့မှောက်ကိုထပ်မံပေါ်လာ ဦးမယ်ဆိုတာပါပဲ။
မတူညီတဲ့ဇာတ်ရုပ်နဲ့မြင်ရမှာဖြစ်ပေမယ့် ပရိသတ်တွေကလီဒေါင်ဝုဘယ်လိုဇာတ်ရုပ်မျိုးနဲ့ ပဲဖြစ်ဖြစ်ကြည့်လို့ကောင်းမယ်လို့ ယုံကြည်နေကြပါတယ် Dong Wook ပါဝင်မယ့်ဇာတ်လမ်းတွဲအသစ်ရဲ့နာမည်က Strangers From Hell ဖြစ်ပြီး နာမည်ကြီးမင်းသား Im Si Wan နဲ့ အတူတွဲဖက်သရုပ်ဆောင်ရမှာပါ။ မင်းသမီးကတော့ အရုပ်မလေးလိုလှတဲ့ Kim Ji Eun က ပါဝင်မယ်လို့သိရပါတယ်။
Lee Dong Wook ကို ဒီဇာတ်ကားအသစ်မှာ သွားဆရာဝန်တစ်ဦးရဲ့ ကာရိုက်တာနဲ့တွေ့ရမယ်လို့ိသိရပါတယ်။ ဇာတ်လမ်းထွက်လာရင်တော့ သွားကိုက်လို့၊သွားပြဿနာတက်လို့ဆိုတဲ့ကောင်မလေးတွေ facebook ပေါ်အတော်လေးများပြားမယ့်သဘောရှိပါတယ်။
ဒီဇာတ်ကားမှာ Dong Wook ဟာ အဓိကဇာတ်ဆောင်နေရာက ပါဝင်မှာဖြစ်ပြီး Im Si Wan ကို အကူအညီပေးမယ့်သွားဆရာဝန်လေးအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ ဒီဇာတ်လမ်းကို စတင်ရိုက်ကူးဖို့ပြင်ဆင်နေပြီဖြစ်ပြီး ၂၀၁၉ နစ်ဝက်လောက်မှာစတင်လွှင့်မှာဖြစ်လို့ ပရိသတ်တွေတော့လည်တဆန့်ဆန့်နဲ့မျှော်ရဦးမှာပါပဲ
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးလေးကြီးရဲ့ ရုပ်ရှင်ဇာတ်လမ်းအသစ်ကိုမျှော်နေကြပြီလား။ Lee Dong Wook ပါဝင်တဲ့ Strangers From Hell ဇာတ်လမ်းတွဲစတင်လွှင့်တဲ့အခါရော အားပေးကြည့်ရှု့ကြမှာလား။ ဦးလေးကြီးကို ဘယ်လိုဇာတ်ရုပ်တွေနဲ့မြင်ချင်လဲ။ ပြောခဲ့ကြပါဦး။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top