Justin Bieber နဲ႔ Hailey Baldwin တို႔ဟာ ရိုးရာလက္ထပ္ပြဲလုပ္ျပီးထိမ္းျမားျပီးျဖစ္ေပမယ့္ တရားဝင္မဂၤလာပြဲမလုပ္ရေသးပါဘူး။ သူတို႔ရဲ႕မဂၤလာပြဲကုိဟိုေန႔လုပ္မယ္ဒီေန႔လုပ္မယ္ဆိုျပီး ရက္ေတြေရႊ႕လာခဲ့တာလည္းသံုးခါထက္မနည္းရွိျပီလုိ႔ဆိုရမွာပါ။

Hailey က လက္ထပ္ပြဲအတြက္ သတို႔သမီးဝတ္စံုေတြေရြးျပီး သတို႔သမီးအရံေတြကအစ ေျပာျပီးဆိုျပီး ရင္ခုန္စိတ္လႈပ္ရွားစြာအစစအရာရာျပင္ဆင္ေနျပီျဖစ္ေပမယ့္ စိတ္က်ေရာဂါအေျခအေနအရ Justin ဟာလက္ထပ္ပြဲၾကီးလုပ္ျပီးေပ်ာ္ရႊင္ေနဖို႔ကုိစိတ္အဆင္မေျပ တာေၾကာင့္ လက္ထပ္ပြဲကုိ မၾကာခဏေရႊ႕ေနခဲ့တာလို႔ သိရပါတယ္။

အခုေနာက္ဆံုးထြက္လာတဲ့သတင္းေတြအရေတာ့ Justin ရဲ႕ စိတ္အေျခအေနအရ လက္ထပ္ပြဲကုိခဏခဏေရႊ႕ေနတာမ်ိဳးမလုပ္ေတာ့ပဲ အျပီးတိုင္ဖ်က္သိမ္းလိုက္ျပီလို႔သိရပါတယ္။ မဂၤလာပြဲမလုပ္ေတာ့ဘူးဆိုေပမယ့္ Justin နဲ႔ Hailey ကေတာ့ အတူတူဆက္ရွိေနဆဲျဖစ္ျပီး Hailey ကလည္း Justin ကုိနားလည္မႈအျပည့္နဲ႔ ခ်စ္ေနဆဲပါပဲ။



ဒါေပမယ့္ သိပ္မၾကာခင္ရက္ေတြအတြင္း Justin က Hailey နဲ႔ လမ္းထြက္လာခ်ိန္မွာ အရင္တုန္းက အျမဲတမ္းခ်စ္ၾကည္နူးတစ္တီတူးေနတတ္ေလ့ရွိတဲ့ Justin က စိတ္အရမ္းညစ္ေနျပီး သူ႔ရဲ႕အသစ္စက္စက္ ဇနီးေလးကုိ ခပ္ခြာခြာလုပ္ေနတာေတြ႕ရသလို ခ်စ္စၾကင္စအခ်ိန္မွာ နွစ္ေယာက္အတူတြဲျပီး ပြဲေတြတက္ရင္းေပ်ာ္ရႊင္ေနရမယ့္အစား ျပီးခဲ့တဲ့ Met Gala ပြဲကုိလည္း Hailey ကိုတစ္ေယာက္တည္းလႊတ္လုိက္တာျမင္ရတာမုိ႔ သူတို႔နွစ္ေယာက္ အဆင္မေျပေတာ့ဘူးဆိုတဲ့ သတင္းေတြလည္း ပ်ံ႕နွံ႕လာခဲ့ပါတယ္။

ဒါ့အျပင္ မၾကာခင္က The Radar Online ကေန Selena က Hailey ကုိ Justin ခ်စ္တာ ခဏတာလို႔ပဲျမင္တယ္ဆိုတဲ့ သတင္းလည္းတက္လာခဲ့ေသးတာမုိ႔ ပရိသတ္ေတြၾကားမွာ Justin တစ္ေယာက္ Selena ဆီျပန္လာရင္ Selena က လက္ခံမွာလားဆိုတဲ့ ေမးခြန္းေတြလည္း ဆူညံစြာထြက္ေပၚေနခဲ့ပါတယ္။

Justin ရဲ႕ မဂၤလာပြဲဖ်က္သိမ္းလိုက္တယ္ဆိုတဲ့ သတင္းကုိ Surf The Spear Megazine က ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ Justin နဲ႔ Hailey တို႔ ဇနီးေမာင္နွံကေတာ့ အဲဒီသတင္းေတြနဲ႔ပတ္သက္္ျပီး ဘာမွတံု႔ျပန္ရွင္းလင္းျခင္းမရွိေသးပါဘူး။



ပရိသတ္ၾကီးေရာ Justin တို႔ မဂၤလာပြဲက တကယ္ပဲပ်က္သြားတယ္ထင္လား။ ဒါမွမဟုတ္ ခဏတာေနာက္ေရႊ႕ထားတာပဲျဖစ္မလား။ Justin နဲ႔ Hailey တို႔ရဲ႕ဆက္ဆံေရးကေရာ Selena ျမင္သလို တကယ္ပဲခဏတာပဲလား..။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


Justin Bieber နဲ့ Hailey Baldwin တို့ဟာ ရိုးရာလက်ထပ်ပွဲလုပ်ပြီးထိမ်းမြားပြီးဖြစ်ပေမယ့် တရားဝင်မင်္ဂလာပွဲမလုပ်ရသေးပါဘူး။ သူတို့ရဲ့မင်္ဂလာပွဲကိုဟိုနေ့လုပ်မယ်ဒီနေ့လုပ်မယ်ဆိုပြီး ရက်တွေရွှေ့လာခဲ့တာလည်းသုံးခါထက်မနည်းရှိပြီလို့ဆိုရမှာပါ။

Hailey က လက်ထပ်ပွဲအတွက် သတို့သမီးဝတ်စုံတွေရွေးပြီး သတို့သမီးအရံတွေကအစ ပြောပြီးဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားစွာအစစအရာရာပြင်ဆင်နေပြီဖြစ်ပေမယ့် စိတ်ကျရောဂါအခြေအနေအရ Justin ဟာလက်ထပ်ပွဲကြီးလုပ်ပြီးပျော်ရွှင်နေဖို့ကိုစိတ်အဆင်မပြေ တာကြောင့် လက်ထပ်ပွဲကို မကြာခဏရွှေ့နေခဲ့တာလို့ သိရပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းတွေအရတော့ Justin ရဲ့ စိတ်အခြေအနေအရ လက်ထပ်ပွဲကိုခဏခဏရွှေ့နေတာမျိုးမလုပ်တော့ပဲ အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။ မင်္ဂလာပွဲမလုပ်တော့ဘူးဆိုပေမယ့် Justin နဲ့ Hailey ကတော့ အတူတူဆက်ရှိနေဆဲဖြစ်ပြီး Hailey ကလည်း Justin ကိုနားလည်မှုအပြည့်နဲ့ ချစ်နေဆဲပါပဲ။

ဒါပေမယ့် သိပ်မကြာခင်ရက်တွေအတွင်း Justin က Hailey နဲ့ လမ်းထွက်လာချိန်မှာ အရင်တုန်းက အမြဲတမ်းချစ်ကြည်နူးတစ်တီတူးနေတတ်လေ့ရှိတဲ့ Justin က စိတ်အရမ်းညစ်နေပြီး သူ့ရဲ့အသစ်စက်စက် ဇနီးလေးကို ခပ်ခွာခွာလုပ်နေတာတွေ့ရသလို ချစ်စကြင်စအချိန်မှာ နှစ်ယောက်အတူတွဲပြီး ပွဲတွေတက်ရင်းပျော်ရွှင်နေရမယ့်အစား ပြီးခဲ့တဲ့ Met Gala ပွဲကိုလည်း Hailey ကိုတစ်ယောက်တည်းလွှတ်လိုက်တာမြင်ရတာမို့ သူတို့နှစ်ယောက် အဆင်မပြေတော့ဘူးဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။

ဒါ့အပြင် မကြာခင်က The Radar Online ကနေ Selena က Hailey ကို Justin ချစ်တာ ခဏတာလို့ပဲမြင်တယ်ဆိုတဲ့ သတင်းလည်းတက်လာခဲ့သေးတာမို့ ပရိသတ်တွေကြားမှာ Justin တစ်ယောက် Selena ဆီပြန်လာရင် Selena က လက်ခံမှာလားဆိုတဲ့ မေးခွန်းတွေလည်း ဆူညံစွာထွက်ပေါ်နေခဲ့ပါတယ်။

Justin ရဲ့ မင်္ဂလာပွဲဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းကို Surf The Spear Megazine က ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Justin နဲ့ Hailey တို့ ဇနီးမောင်နှံကတော့ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာမှတုံ့ပြန်ရှင်းလင်းခြင်းမရှိသေးပါဘူး။

ပရိသတ်ကြီးရော Justin တို့ မင်္ဂလာပွဲက တကယ်ပဲပျက်သွားတယ်ထင်လား။ ဒါမှမဟုတ် ခဏတာနောက်ရွှေ့ထားတာပဲဖြစ်မလား။ Justin နဲ့ Hailey တို့ရဲ့ဆက်ဆံရေးကရော Selena မြင်သလို တကယ်ပဲခဏတာပဲလား..။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top