





Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #



ရန်ကုန်-ဘားအံကားလမ်း မိုင်တိုင်အမှတ် (၉၃/ ၄) မိုင်၌ အခွန်ပေးဆောင်ထားကြောင်း အထောက်အထား မတင်ပြနိုင်ဘဲ မှောင်ခိုသယ်ဆောင်လာသည့် Apple အမှတ်တံဆိပ်ပါ iPhone အလုံး (၅၃၀) တန်ဖိုး ကျပ်သိန်း ၇၉၅၀ ခန့်ရှိအား မေလ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

မြဝတီ-ဘားအံ-ရန်ကုန် ကုန်သွယ်မှုလမ်းမတလျှောက် အကောက်ခွန်ပေးဆောင်ထားခြင်းမရှိသော တန်ဖိုးကြီးဟန်းဖုန်းများကို ခရီးသည်တင် ယာဉ်ငယ်များဖြင့် သိုဝှက်သယ်ဆောင်လာကြောင်း သတင်းအရ မေလ ၁ ရက်တွင် လှုပ်ရှားစစ်ဆေးရေးအဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top