ပရိသတ္ေတြရဲ့ အားေပးမႈအခိုင္အမာ ရရွိထားတဲ့ ျမန္မာႏိုင္ငံရဲ့ ထိပ္တန္းမင္းသား တလက္ျဖစ္တဲ့ ေနတိုးကေတာ့ သူ႔ကို ေလးစားအားက်ရတဲ့ သူေတြအမ်ားၾကီး ရွိတာကေတာ့ သိပ္အထူးဆန္းၾကီးေတာ့ မဟုတ္ပါဘူး။ သူ႔ရဲ့ ၾကိဳးစားမႈေတြ ပရိသတ္ေတြအေပၚ အေလးထားမႈေတြကေတာ့ လူတိုင္းနီးပါးအားက်ရပါတယ္။ ဒီထဲမွာမွ Cover Song အလန္းစားၾကီးေတြဆိုတဲ့ ေနေရႊေသြးေအာင္(ဖိုးလျပည့္)လည္း ပါပါတယ္။ ဖိုးလျပည့္ကေတာ့ သူတင္တဲ့ဗီဒီယိုထဲမွာ သူ႔ရဲ့ Idol ကေတာ့ ေနတိုးဆိုျပီးေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီးေတာ့ ေနတိုးကေတာ့ ေျဖရွင္းသြားခဲ့ပါတယ္။

ေနတိုးကေတာ့ Mc နဲ႔ အင္တာဗ်ဴးမွာေတာ့ ဖိုးလျပည့္က Idol လို႔ ေျပာလာတဲ့အေပၚမွာေတာ့ “ဒါကေတာ့ လူတေယာက္ ကိုယ့္အေပၚမွာ ၾကည့္ျပီးေတာ့ ဒါသံုးသပ္တယ္။ ေကာင္းတဲ့ဖက္ကေန ေဝဖန္အၾကံျပဳတယ္။ ေနာက္ျပီးေတာ့ ကိုယ့္ရဲ့ စိတ္ဓါတ္ပိုင္းဆိုင္ရာေရာ ကိုယ္ျဖတ္သန္းေနတဲ့ အႏုပညာလမ္းေၾကာင္းေပၚမွာေရာ ေကာင္းတဲ့ဖက္က ျမင္ေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ဝမ္းလည္းဝမ္းသာပါတယ္ဗ်ာ”

ပရိသတ္က ေနသံုးေန ဘာလုပ္ေနလဲလို႔ ေမးတဲ့အေပၚမွာေတာ့ “ထူးျခားမႈေပါ့။ က်ေနာ္ေျပာခဲ့သလို ၂၀၁၉ မွာေတာ့ ပရိသတ္ေတြကုိ ထူးထူးျခားျခားေလးေတြ တင္ဆက္ေနရမွာပဲေပါ့ေနာ္။ အျမဲတမ္းလည္း အႏုပညာကို ၾကိဳးစားခ်င္တဲ့စိတ္ေၾကာင့္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။ ၂၀၁၉ ထဲမွာ မ်ိဳးစံုကိုယ့္ရဲ့ အႏုပညာတာဝန္ေတြ ပရိသတ္ေတြ မျမင္ဖူးတဲ့ ကာရိုက္တာေတြနဲ႔ ၾကိဳးစားျပီးေတာ့ တင္ဆက္သြားမွာပါ။  အဓိကကေတာ့ က်ေနာ္ၾကိဳးစားခြင့္ကိုလည္း အမ်ားၾကီးရေအာင္ ယူေနပါတယ္”

ေနသံုးေန ဓါတ္ပံုေတြ တက္လာတဲ့အေပၚမွာ “က်ေနာ္တို႔ ဇာတ္ဝင္ခန္းအရလည္း ပါတယ္။ တေယာက္နဲ႔ တေယာက္ အေပးယူေပါ့။ ဇာတ္ကားထဲမွာလည္း တခ်ိဳ႔လ်ွိဳ႔ဝွက္ထားတာေတြလည္း ရွိပါတယ္။ ဇာတ္ဝင္ခန္းေတြလည္း ပါပါတယ္။ တကယ္တမ္းဆို ရိုက္ကူးေနတဲ့ အေတာအတြင္းမွာ ဇာတ္ဝင္ခန္းေတြ တက္သြားတာကလည္း တကယ္တမ္းဆို က်ေနာ္တို႔ကေတာ့ လွ်ိဳ႔ဝွက္ထားခ်င္ေသးတယ္ေပါ့။ ဒါေပမယ့္လည္း ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ျပီး ပရိသတ္ေတြကို မေျပာခ်င္ေသးဘူးေပါ့ေနာ္။ ဒီကားေလးက ပရိသတ္ေတြအတြက္ လွ်ိဳ႔ဝွက္ခ်က္ေတြ နည္းနည္းေလးမ်ားတယ္။ ဓါတ္ပံုေလးေတြကိုလည္း သိမ္းထားတဲ့ အေနအထားေလးေတြ ရွိေနလို႔ပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version#  ျဖင့္ဖတ္ပါ ။

ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသား တလက်ဖြစ်တဲ့ နေတိုးကတော့ သူ့ကို လေးစားအားကျရတဲ့ သူတွေအများကြီး ရှိတာကတော့ သိပ်အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ကြိုးစားမှုတွေ ပရိသတ်တွေအပေါ် အလေးထားမှုတွေကတော့ လူတိုင်းနီးပါးအားကျရပါတယ်။ ဒီထဲမှာမှ Cover Song အလန်းစားကြီးတွေဆိုတဲ့ နေရွှေသွေးအောင်(ဖိုးလပြည့်)လည်း ပါပါတယ်။ ဖိုးလပြည့်ကတော့ သူတင်တဲ့ဗီဒီယိုထဲမှာ သူ့ရဲ့ Idol ကတော့ နေတိုးဆိုပြီးဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နေတိုးကတော့ ဖြေရှင်းသွားခဲ့ပါတယ်။

နေတိုးကတော့ Mc နဲ့ အင်တာဗျူးမှာတော့ ဖိုးလပြည့်က Idol လို့ ပြောလာတဲ့အပေါ်မှာတော့ “ဒါကတော့ လူတယောက် ကိုယ့်အပေါ်မှာ ကြည့်ပြီးတော့ ဒါသုံးသပ်တယ်။ ကောင်းတဲ့ဖက်ကနေ ဝေဖန်အကြံပြုတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာရော ကိုယ်ဖြတ်သန်းနေတဲ့ အနုပညာလမ်းကြောင်းပေါ်မှာရော ကောင်းတဲ့ဖက်က မြင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်ဗျာ”

ပရိသတ်က နေသုံးနေ ဘာလုပ်နေလဲလို့ မေးတဲ့အပေါ်မှာတော့ “ထူးခြားမှုပေါ့။ ကျနော်ပြောခဲ့သလို ၂၀၁၉ မှာတော့ ပရိသတ်တွေကို ထူးထူးခြားခြားလေးတွေ တင်ဆက်နေရမှာပဲပေါ့နော်။ အမြဲတမ်းလည်း အနုပညာကို ကြိုးစားချင်တဲ့စိတ်ကြောင့် ကြိုးစားနေတာ ဖြစ်ပါတယ်။ ၂၀၁၉ ထဲမှာ မျိုးစုံကိုယ့်ရဲ့ အနုပညာတာဝန်တွေ ပရိသတ်တွေ မမြင်ဖူးတဲ့ ကာရိုက်တာတွေနဲ့ ကြိုးစားပြီးတော့ တင်ဆက်သွားမှာပါ။  အဓိကကတော့ ကျနော်ကြိုးစားခွင့်ကိုလည်း အများကြီးရအောင် ယူနေပါတယ်”

နေသုံးနေ ဓါတ်ပုံတွေ တက်လာတဲ့အပေါ်မှာ “ကျနော်တို့ ဇာတ်ဝင်ခန်းအရလည်း ပါတယ်။ တယောက်နဲ့ တယောက် အပေးယူပေါ့။ ဇာတ်ကားထဲမှာလည်း တချို့လျှို့ဝှက်ထားတာတွေလည်း ရှိပါတယ်။ ဇာတ်ဝင်ခန်းတွေလည်း ပါပါတယ်။ တကယ်တမ်းဆို ရိုက်ကူးနေတဲ့ အတောအတွင်းမှာ ဇာတ်ဝင်ခန်းတွေ တက်သွားတာကလည်း တကယ်တမ်းဆို ကျနော်တို့ကတော့ လျှို့ဝှက်ထားချင်သေးတယ်ပေါ့။ ဒါပေမယ့်လည်း ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မပြောချင်သေးဘူးပေါ့နော်။ ဒီကားလေးက ပရိသတ်တွေအတွက် လျှို့ဝှက်ချက်တွေ နည်းနည်းလေးများတယ်။ ဓါတ်ပုံလေးတွေကိုလည်း သိမ်းထားတဲ့ အနေအထားလေးတွေ ရှိနေလို့ပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top