Huawei ရဲ့လက္ရွိအျဖစ္ကေတာ့ ကံဆိုးမသြားရာ မိုးလိုက္လို႔ရြာျဖစ္ေနၿပီလို႔ပဲေျပာရမွာပါ။ ေလာေလာလတ္လတ္သတင္းေတြအရ စင္ကာပူနိုင္ငံမွာ Huawei ဖုန္းေတြရဲ့ resale price ( ျပန္ေရာင္းေဈး ) ကို ဖုန္းဆိုင္ေတြက သုညေဒၚလာ အျဖစ္ သတ္မွတ္လိုက္ၿပီလို႔ သိရပါတယ္။

ဒါဟာ Google ရဲ့ service ေတြသုံးမရေတာ့တာ၊ အေမရိကန္ ကုမၸဏီေတြဆီက Chipset ေတြဝယ္မရေတာ့တာ စတဲ့လွိုင္းေတြရဲ့ ေနာက္က ဆက္တိုက္လိုက္လာတဲ့ လွိုင္းလုံးတစ္လုံးလည္းျဖစ္ပါတယ္။ အခုအခါမွာေတာ့ စင္ကာပူနိုင္ငံက Huawei User ေတာ္ေတာ္မ်ားမ်ားစိတ္ပူေနၾကၿပီး လက္ဝယ္ရွိတဲ့ Huawei device ေတြကို ျပန္ေရာင္းဖို႔လုပ္ေနၾကတယ္လို႔သိရပါတယ္။

ဒါေပမယ့္ 0 Resale Price အရ ဆိုင္ေတာ္ေတာ္မ်ားမ်ားဟာ Huawei နဲ႔ပတ္သက္တဲ့ device ေတြ၊ ဆက္စပ္ပစၥည္းေတြကို လက္မခံေတာ့ပါဘူး။ ဒါဟာ Huawei အတြက္အစပဲရွိပါေသးတယ္။ ေနာက္ထပ္ေရာ ဘယ္လိုေတြလာဦးမလဲ .. လွိုင္းၿပီးရင္ ေလၿငိမ္သြားမလား .. ဒါမွမဟုတ္ ပိုႀကီးတဲ့လွိုင္းလုံးႀကီးေတြပဲထပ္လာမလား ? ဆိုတာကေတာ့ အခုထိ မသိႏိုင္ေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(wemedia)

#Unicode Version# ျဖင့္ဖတ္ပါ ။

Huawei ရဲ့လက်ရှိအဖြစ်ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဖြစ်နေပြီလို့ပဲပြောရမှာပါ။ လောလောလတ်လတ်သတင်းတွေအရ စင်ကာပူနိုင်ငံမှာ Huawei ဖုန်းတွေရဲ့ resale price ( ပြန်ရောင်းဈေး ) ကို ဖုန်းဆိုင်တွေက သုညဒေါ်လာ အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

ဒါဟာ Google ရဲ့ service တွေသုံးမရတော့တာ၊ အမေရိကန် ကုမ္ပဏီတွေဆီက Chipset တွေဝယ်မရတော့တာ စတဲ့လှိုင်းတွေရဲ့ နောက်က ဆက်တိုက်လိုက်လာတဲ့ လှိုင်းလုံးတစ်လုံးလည်းဖြစ်ပါတယ်။ အခုအခါမှာတော့ စင်ကာပူနိုင်ငံက Huawei User တော်တော်များများစိတ်ပူနေကြပြီး လက်ဝယ်ရှိတဲ့ Huawei device တွေကို ပြန်ရောင်းဖို့လုပ်နေကြတယ်လို့သိရပါတယ်။

ဒါပေမယ့် 0 Resale Price အရ ဆိုင်တော်တော်များများဟာ Huawei နဲ့ပတ်သက်တဲ့ device တွေ၊ ဆက်စပ်ပစ္စည်းတွေကို လက်မခံတော့ပါဘူး။ ဒါဟာ Huawei အတွက်အစပဲရှိပါသေးတယ်။ နောက်ထပ်ရော ဘယ်လိုတွေလာဦးမလဲ .. လှိုင်းပြီးရင် လေငြိမ်သွားမလား .. ဒါမှမဟုတ် ပိုကြီးတဲ့လှိုင်းလုံးကြီးတွေပဲထပ်လာမလား ? ဆိုတာကတော့ အခုထိ မသိနိုင်သေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:(wemedia)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top