မြမြဝိဥာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည် ဟု စက်ရုံတာဝန်ရှိသူ ပြော
ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမနှစ်ဦးထံသို့ မြမြဆိုသည့် ၀ိဥာဉ်မှဝင်ပူးကာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ၄င်းမြမြဆိုသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံတွင်မရှိသည့်အတွက် ယင်းအလုပ်သမနှစ်ဦးအနေဖြင့် ၀ိဥည်ဝင်ပူးခြင်းဖြစ်စဉ် ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊အလုပ်သမားစာ ချုပ်(EC)အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အတွင်း တရားပွဲပြုလုပ်စဉ် တရားနာနေသည့် မဇာခြည်လွင်ကို မြမြဆိုသူ ဝိဥာဉ်က ဝင်ရောက်ပူးကပ်ပြီး ၄င်းအား အမျိုသားသုံးဦးမှ သာမယားပြုကျင့်၍ သတ်ဖြတ်ကြောင်းနှင့်အလောင်းအား ကျောင်းစိမ်းစက်ရုံအနီး မီးမလင်းသည့်ဓာတ်တိုင်အနားတွင်မြုပ်နှံထားကြောင်း ပြောကြားသည့် ဗီဒီယိုဖိုင်တစ်ခုသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံ သည်။
ယင်းသို့ မြမြဆိုသည့်ဝိဥာဉ် ၀င်ရောက်ပူးကပ်မှုသည် ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများနှင့်သက်ဆိုင် ရာနယ်မြေရဲစခန်း၊တိုင်းရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ပူးကပ်စဉ်ပြောကြားခဲ့မှုများအရ မြမြဆိုသူအမျိုးသမီးနှင့် ၄င်း၏ မွေးရပ်ဇာတိ၊မိခင်၊ဖခင်များကို လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မြေပြင်အခြေအနေအရ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသည့်အပြင် စက်ရုံရှိ အလုပ်သမားဦးရေ ၁၃၂၇ဦးအနက် ပျောက်ဆုံးသူမရှိခြင်း၊မြမြဆိုနှင့် သက်ဆိုင်သည့် အချက်အလက်မရှိခြင်းတို့ကြောင့် လက်ရှိမြမြဆိုသည်ဝိဥာဉ် ၀င်ရောက်ပူးကပ်ပြောဆိုမှုသည် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခြင်းဖြစ်နိုင်သည့်အတွက် ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်ပေါ်ပါက အလုပ်ရှင် ၊အလုပ်သမားစာချုပ်(EC)ပါ အချက်အလက်များအရ အရေးယူရန် စဉ်းစားရခြင်းဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။
# Unicode Version # ဖြင့် ဖတ်ပါ #
မြမြဝိဉာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည် ဟု စက်ရုံတာဝန်ရှိသူ ပြော
ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမနှစ်ဦးထံသို့ မြမြဆိုသည့် ဝိဉာဉ်မှဝင်ပူးကာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ၎င်းမြမြဆိုသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံတွင်မရှိသည့်အတွက် ယင်းအလုပ်သမနှစ်ဦးအနေဖြင့် ဝိဥည်ဝင်ပူးခြင်းဖြစ်စဉ် ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊အလုပ်သမားစာ ချုပ်(EC)အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်က ပြောကြားလိုက်သည်။
ယနေ့ နေ့လည်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးစက်မှုမြို့ရှိ ကျောင်းစိမ်းဖိနပ်စက်ရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောက်စိမ်းစက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်ကပြောကြား ခဲ့ခြင်းဖြစ်သည်။
“ဒီဟာကနှစ်ပိုင်းရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရရှိတယ်။ဥပဒေအရရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ဒီလုပ်ဆောင်ချက်တွေသည် ဘယ်လိုမျိုးအပြစ်ပေးလို့ရတယ်။ အရေးယူလို့ရတယ်ဆိုတာကို ကျွန်တော်တို့က ECစာချုပ်ကို အသေအချာလေ့လာရမှာပေါ့” ဟု စက်ရုံမန်နေဂျာ ကိုဇော်ဇော်အောင်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အတွင်း တရားပွဲပြုလုပ်စဉ် တရားနာနေသည့် မဇာခြည်လွင်ကို မြမြဆိုသူ ဝိဉာဉ်က ဝင်ရောက်ပူးကပ်ပြီး ၎င်းအား အမျိုသားသုံးဦးမှ သာမယားပြုကျင့်၍ သတ်ဖြတ်ကြောင်းနှင့်အလောင်းအား ကျောင်းစိမ်းစက်ရုံအနီး မီးမလင်းသည့်ဓာတ်တိုင်အနားတွင်မြုပ်နှံထားကြောင်း ပြောကြားသည့် ဗီဒီယိုဖိုင်တစ်ခုသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံနှံ သည်။
ထို့ပြင် ဧပြီ၂၃ရက်တွင်လည်း ကျောင်းစိမ်းစက်ရုံ၌် အလုပ်လုပ်ကိုင်နေသည့် အမျို းသမီးတစ်ဦးကိုလည်း ဝင်ရောက်ပူးကပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မြမြဆိုသည့်ဝိဉာဉ် ဝင်ရောက်ပူးကပ်မှုသည် ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများနှင့်သက်ဆိုင် ရာနယ်မြေရဲစခန်း၊တိုင်းရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ပူးကပ်စဉ်ပြောကြားခဲ့မှုများအရ မြမြဆိုသူအမျိုးသမီးနှင့် ၎င်း၏ မွေးရပ်ဇာတိ၊မိခင်၊ဖခင်များကို လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မြေပြင်အခြေအနေအရ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသည့်အပြင် စက်ရုံရှိ အလုပ်သမားဦးရေ ၁၃၂၇ဦးအနက် ပျောက်ဆုံးသူမရှိခြင်း၊မြမြဆိုနှင့် သက်ဆိုင်သည့် အချက်အလက်မရှိခြင်းတို့ကြောင့် လက်ရှိမြမြဆိုသည်ဝိဉာဉ် ဝင်ရောက်ပူးကပ်ပြောဆိုမှုသည် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခြင်းဖြစ်နိုင်သည့်အတွက် ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်ပေါ်ပါက အလုပ်ရှင် ၊အလုပ်သမားစာချုပ်(EC)ပါ အချက်အလက်များအရ အရေးယူရန် စဉ်းစားရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီအပေါ်မှာသူတို့ကိုပြောထားတာမရှိဘူး။သို့သော်ဒီဖြစ်စဉ်အပေါ်မှာတော့ ကျွန်တော်တို့စက်ရုံဘက်က စည်းမျဉ်းစည်း ကမ်းတွေ။EC စာချုပ်တွေအရ တော့စဉ်းစားရမှာပေါ့” ဟု မန်နေဂျာ ကိုဇော်ဇော်အောင်က ပြောကြားသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာတွင် သေဆုံးသူအမျိုး သမီးဖြစ်သူဟုဆိုကာ ပျံလွှင့်နေသည့် ဓာတ်ပုံပါအမျိုးသမီး သည်လည်း လက်ရှိ လားရှိုးမြို့ရှိစားသောက်ဆိုင်တစ်ခုတွင် ဝင်ရောက်အလုပ်လုပ် ကိုင်လျက်ရှိကြောင်းသိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:The Fifth Wave News
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top