အကိုကကျတော့ တစ်နေ့ထဲမှာပဲ စာရေးတယ် ရိုက်တယ် editလုပ်တယ် ပြီးသွားတယ် သူတို့ကိုပြတဲ့အချိန်မှာ Qualityကလည်း ကောင်းတော့ သူတို့ကြိုက်ကြတယ် ဒီမှာပြန်ရောက်တယ် ကြော်ငြာတွေရိုက်တယ် ပိုက်ဆံကြောင့်မဟုတ်ပါဘူး sponsorတွေကို ကျွန်တော်တို့က ကြော်ငြာတွေရိုက်ပေးတော့ သူတို့ကလည်း အများကြီးပြန်ကူညီတယ်ဆိုတော့ ဒီကလူငယ်တွေအတွက် အောင်မြင်အောင် အများကြီးလုပ်နေပါတယ်”လို့ သူမြန်မာပြည် ပြန်လာဖြစ်တဲ့ ရည်ရွယ်ချက်တွေကို ပြောပြသွားခဲ့ပါတယ်။
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
Hollywoodမှာ အောင်မြင်ကျော်ကြားနေတဲ့ မြန်မာလူမျိုး အနုပညာသရုပ်ဆောင် အင်ဒရီယံဇော်က သူမြန်မာနိုင်ငံကို ဘယ်လိုကြောင့်ပြန်လာဖြစ်တယ် ဘာတွေပြောင်းလဲဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
“ကျွန်တော်က USကလာပေမယ့် မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသားပဲဖြစ်ပါတယ်။ နိုင်ငံခြားကို ထွက်သွားတုန်းက အသက်ငါးနှစ်ထဲကဆိုတော့ အခုမြန်မာလိုပြောဖို့ကို တော်တော်ကြိုးစားနေပါတယ်။ အခု32နှစ်ကြာမှပြန်လာဖြစ်တာက မြန်မာနိုင်ငံက လူငယ်တွေ မင်းသားမင်းသမီး သရုပ်ဆောင်တွေကို အားပေးပြီး ကူညီချင်တယ် အဲ့ဒါကြောင့်မလို့ အခု workshopတွေလည်း လုပ်နေပါတယ်။
စီးပွားရေးအနေနဲ့က businessတွေကနေ sponsorတွေကို အောင်မြင်ဖို့ ကြော်ငြာတွေရိုက်ပေးနေပါတယ်။ ကြော်ငြာတွေက ပိုက်ဆံတောင်းတဲ့ ကြော်ငြာတွေတော့မဟုတ်ပါဘူး ဒီကနေပြီး ပညာတွေကို ပေးလို့ရအောင် opportunityလိုအပ်တယ် အဲ့ဒါကြောင့်မလို့လည်း အခု အကို့ကို sponsorပေးတဲ့Hotel rose တို့ကိုလည်း အရမ်းကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အခုမြန်မာပြည်ကိုပြန်လာတာက ဘယ်လိုလဲဆိုတော့ မေတ္တာဓာတ်ကိုပေးချင်လို့ပါ
နောက်ဆုံးဘာကအဖိုးတန်လဲဆိုတော့ Hollywood မှာ သရုပ်ဆောင်ဖြစ်ဖူးတယ် လုပ်နေဆဲလည်းဖြစ်တယ် ပြီးတော့ studioလည်းထောင်ထားတယ် နောက် စီးပွားရေးတွေလည်း အောင်မြင်နေတယ် ဒါပေမယ့် မကျေနပ်သေးဘူး ဒီက မြန်မာတွေ လူငယ်တွေကိုလည်း တကမ္ဘာလုံးက သိအောင် အောင်မြင်အောင် ကြိုးစားနေပါတယ် ဘာလို့လဲဆိုတော့ အကိုတစ်ယောက်ထဲပဲ အောင်မြင်နေတာက မတန်ဘူးလေ။
အဲ့ဒါကြောင့်မလို့ မြန်မာဆိုတာကို တအားဂုဏ်ယူတယ် အဲ့အတွက်ကြိုးစားနေပါတယ်။ Hollywoodမှာ MA Award ဆုကိုရခဲ့တယ် ရုပ်ရှင်တွေအများကြီးရိုက်ရတယ် Celebrityတွေနဲ့လည်း အလုပ်လုပ်ဖူးတယ်။ အကိုကျတော့ သရုပ်ဆောင်ဝါသနာပါတာလည်း ဖြစ်တော့ အောင်မြင်ဖို့ကြိုးစားခဲ့ရတဲ့ အတွေ့ကြုံတွေကို တဆင့်ပြန်ပေးချင်တယ် ဘယ်မှာအဖိုးတန်လဲဆိုတော့ ပညာတွေကလေ ပေးလိုက်တာနဲ့ မကုန်သွားဘူး။
ပေးလိုက်တာကနေ သူတို့တွေ အောင်မြင်မှုတွေရရှိတာက ကိုယ့်ဘဝအတွက် စိတ်ချမ်းသာရပါတယ် အဲ့အတွက် ကြိုးစားပြီး အကူညီပေးနေပါတယ်။ အကိုက မရောက်တာ နှစ်နှစ်ဆယ်ကျော်ဆိုတော့ ဟိုမှာလည်း မြန်မာပြည်ရဲ့ စီးပွားရေး ပုံစံ အစရှိသဖြင့် ပြောင်းလဲသွားတာတွေကို မကြားခဲ့ရဘူး အခုပြန်ရောက်လာတဲ့အချိန်မှာလည်း အဖေနဲ့ အမေက ဟိုမှာ အလုပ်တွေအများကြီးလုပ်ပြီး ဒီမှာ ပြန်လာလှူတာတွေကို လေ့လာချင်တော့ လာခဲ့တယ် အဲ့ဒီမှာပဲ မြန်မာပြည်မှာ လုပ်စရာတွေအများကြီးရှိတာ သိရတယ်။
ဟိုမှာက သရုပ်ဆောင်ရော စီးပွားရေးကို လုပ်နေရတာ ဘယ်ဟာကို ပိုအားစိုက်တယ်လို့တော့ မရှိဘူး သရုပ်ဆောင်ထက် workshopပုံစံပေါ့နော် သရုပ်ဆောင်တွေမှာ သူတို့သရုပ်ဆောင်နိုင်တဲ့ ပညာရှိတယ် စီးပွားရေးပညာနဲ့ သရုပ်ဆောင်နဲ့ ပေါင်းသွားပြီး အောင်မြင်အောင် လုပ်ဖို့ အများကြီးရှိပါတယ်။
အဲ့အတွက် businessတွေနဲ့ပေါင်းပြီး ကြော်ငြာတွေ အများကြီးရိုက်နေပါတယ်။ မြန်မာပြည်မှာထက် Hollywood မှာဘာလု့ိ အောင်မြင်ရတာလည်းဆိုတော့ သူတို့ဆီမှာ ကြော်ငြာရိုက်ဖို့ လေးငါးလလောက်ကြာတယ်။
အကိုကကျတော့ တစ်နေ့ထဲမှာပဲ စာရေးတယ် ရိုက်တယ် editလုပ်တယ် ပြီးသွားတယ် သူတု့ိကိုပြတဲ့အချိန်မှာ Qualityကလည်း ကောင်းတော့ သူတို့ကြိုက်ကြတယ် ဒီမှာပြန်ရောက်တယ် ကြော်ငြာတွေရိုက်တယ် ပိုက်ဆံကြောင့်မဟုတ်ပါဘူး sponsorတွေကို ကျွန်တော်တို့က ကြော်ငြာတွေရိုက်ပေးတော့ သူတို့ကလည်း အများကြီးပြန်ကူညီတယ်ဆိုတော့ ဒီကလူငယ်တွေအတွက် အောင်မြင်အောင် အများကြီးလုပ်နေပါတယ်”လို့ သူမြန်မာပြည် ပြန်လာဖြစ်တဲ့ ရည်ရွယ်ချက်တွေကို ပြောပြသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top