
ရှေ့ မှာလဲ အဲ့လို ဝမ်းသာစရာဖြစ်ရပ် ရှိဖုးတာကို – အဲတော့ ဟုတ်တာ မဟုတ်တာ အသာထား – စွမ်းခြင်း
တာပေါ့ သမီးရယ် .. နော်
ကျွန်တော်တို့ မေတ္တာများနဲ့ ကလေးများ အပေါ် အကာအကွယ် ပေးကြပါစို့ နိုင်ရာစွမ်းရာ တထောင့်တနေရာကနေဒုက္ခရောက်နေတဲ့ကလေးငယ်များကိုကူညီကြရအောင်
Credit:Phoe Zaw
#Unicode Version#
သမီးငယ်ရေ – အားမငယ်နဲ့- စိတ်မလျော့လိုက်ပါနဲ့
ဒီညနေ သမီးငယ်နဲ့ဗွီဒီယို call ခေါ်ပြီးစကားပြောဖြစ်တော့ သမီးငယ်မျက်နှာကအပြစ်ကင်းလှတယ် – ခုမှ အသက်က၁၄ နှစ် – မွေးထားတဲ့ ကလေးက ၂ လဘဝဖြစ်တည်မှုက တစ်ကောင်ကြွက်
ဒီအရွယ်လေးကို ဘယ်ဘီလူးက မညှာ မတာပြုရက်သလဲ – ကြည့်ပါအုံး ပြုကျင့် သူက HIV ပိုးရှိသူ – ခုတော့ သမီးငယ် ခဗျာ လောကဒဏ်ကို အရွယ်နဲ့မမျှ ခံရပြီ
သမီးငယ်ရေ သမီးနဲ့မျက်နှာချင်းရော အရွယ်ရောဆင်တဲ့သမီးငယ်တဦး အစ်ကို့ ကလေးတွေကြားထဲရှိနေတယ် – သူလဲ တကောင်ကြွက်ပဲ – လူမှန်းမသိတတ်ခင် ဘယ်သူမှန်းမသိသူက ပန်းခြံထဲ ပစ်သွားခဲ့တာ – ခုတော့ သူက ၇ တန်း – စာလဲတော်တယ် – လက်ရေးလဲ လှတယ် – တခါတရံ အစ်ကို့ကလေးတွေ ကို ထိန်းမြူ နေတယ် –
သူ့တုန်းကလဲ HIV ပိုး ပါမှာဆိုးလို့ စိုးရိမ်ခဲ့ရတယ် – ခု သမီးလဲ ဘာမှမပူနဲ့ အစ်ကို့ဆီရောက်လာခဲ့ရင် ဆေးရော နေစရာရော အဆင်ပြေအောင် စီစဉ် ပေးမယ် – ရောက်တဲ့နေရာကနေ သမီးပညာဆက်သင်ရမယ် – သမီးရဲ့ ကလေး ပိုး မရှိဖို့အစ်ကို သစ္စာဆိုပေးမယ်
ရှေ့မှာလဲ အဲ့လို ဝမ်းသာစရာဖြစ်ရပ် ရှိဖုူးတာကို – အဲတော့ ဟုတ်တာ မဟုတ်တာ အသာထား – စွမ်းခြင်း
မစွမ်းခြင်းလဲ အသာထား – စမ်းကြည့်
တာပေါ့ သမီးရယ် .. နော်
ပျောက်သွားတော့လဲ အမြတ်ပေါ့
သမီး ခုရှိတဲ့နေရာမှာ လုပ်စရာကိစ္စပြီးပြတ်ခဲ့ရင် အစ်ကို့ဆီ ဖုန်းဆက်လိုက်တော့
အစ်ကို စောင့်ကြိုနေမယ်
ကျွန်တော်တို့မေတ္တာများနဲ့ကလေးများ အပေါ် အကာအကွယ် ပေးကြပါစို့နိူင်ရာစွမ်းရာ တထောင့်တနေရာကနေဒုက္ခရောက်နေတဲ့ကလေးငယ်များကိုကူညီကြရအောင်
ဘဝများစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ရှိကြပါစေခင်ဗျာ
ဖိုးသူတော်(www.phothutaw.com)
Credit:Phoe Zaw