Gym ကေနကူးစက္နိုင္တဲ့ ေရာဂါေတြကို ဒီလိုကာကြယ္ပါ
ေရာဂါပိုးအမ်ားဆံုးေနရာေတြက ေဆးရံု၊ ေဆးခန္ေတြလို႔ယူဆထားၾကတာမ်ားပါတယ္။ ေနထိုင္မေကာင္းတဲ့သူေတြ၊ ကေလးငယ္ေတြနဲ႔ သက္ၾကီးရြယ္အိုေတြကို ေဆးရံုကိုမလိုအပ္ဘဲ မသြားၾကဖို႔ေျပာၾကတယ္။ အေၾကာင္းကေတာ့ ေရာဂါပိုးေတြမ်ားလြန္းလို႔ပါဆိုတဲ့အခ်က္ပါ။
ဒီေနရာေတြတင္ေရာဂါပိုးမ်ားတာလားဆိုေတာ့ မဟုတ္ပါဘူး။ က်န္းမာေအာင္ဆိုျပီး ေန႔တိုင္း သြားေနမိတဲ့ေနရာေလးတစ္ခုမွာလည္း မ်က္စိနဲ႔ မျမင္ရတဲ့ ေရာဂါပိုးေတြ ဒုနဲ႔ေဒးပါ။ ဒီေရာဂါပိုးမ်ားတဲ့ သတိမထားမိတဲ့ေနရာကေတာ့ ခႏၶာကိုယ္ ေလးအဆီက်လွပေအာင္ဆိုျပီး ေန႔တိုင္း တစ္ရက္မပ်က္သြားေနမိတဲ့ Gym ပါပဲ။
ဒါဆိုေရာဂါပိုး ကူးမွာစိုးတယ္။ Gym မသြားေတာ့ဘူးေတာ့ မလုပ္ပါနဲ႔။ ခႏၶာကိုယ္ေလးဝလာမွာ စိုးလို႔ပါ။ Gym ကေရာဂါပိုးမ်ားတာ မွန္ေပမယ့္ ကာကြယ္လို႔ရပါတယ္။ Gym ကေနေရာဂါပိုးေတြ ကူးစက္မလာေအာင္ ဘယ္လိုကာကြယ္ရမလဲဆိုတာ နည္းလမး္ေလးေတြေျပာျပေပးပါရေစ။
Gym ကေနဘာေတြကူးစက္နိုင္လဲ
ေခၽြးထြက္မ်ားတဲ့ေနရာမွာ ေခၽြးကေနတဆင့္ကူးစက္ႏိုင္တဲ့ ေရာဂါေတြအမ်ားၾကီး ကူးစက္ႏိုင္ပါတယ္။ လူေပါင္းစံု အားကစားလုပ္ေနတဲ့ Gym ကေရာဂါပိုးေတြကို လက္ခံထားတဲ့ ေနရာၾကီးေပါ့။ အထူးသျဖင့္ကေတာ့ အေရျပားျပႆနာေတြ ကူးစက္ခံရႏိုင္တာပါ။
ေပြး
ညွင္း
ယားနာ
ၾကြက္ႏို႔
ေျခသည္းမိႈစြဲတာ
အနာစက္
အသည္းေရာင္ အသားဝါေရာဂါ
တီဘီ
အေအးမိ
တုပ္ေကြး စတဲ့ေရာဂါေတြကူးစက္ခံရႏိုင္ပါတယ္။
Gym သြားျပီး က််န္းမာေနေစဖို႔
ေၾကာက္လိုက္တာ။ Gym မသြားရဲေတာ့ဘူး၊လို႔ ေတြးေနတယ္ဆိုရင္ေတာ့ ေဆာင္းပါးေလးကို ဆံုးေအာင္ဖတ္ၾကည့္ဖို႔ ေျပာပါရေစ။
Gym မေဆာ့ခင္မွာ လက္ေဆးပါ။
လက္အိတ္ဝတ္ပါ။
ဖိနပ္ကို ကိုယ္ပိုင္ထားပါ။ Gym ကဖိနပ္ေတြမစီးပါနဲ႔။
တဘက္ကို သီးသန္႔ထားပါ။
ကိုယ္ပိုင္ ေရဗူးယူသြားပါ။
Gym ေဆာ့ျပီးခ်ိန္မွာ လက္ေဆးပါ။
ထိခိုက္ဒဏ္ရာေတြရွိရင္ ပလာစတာကပ္ပါ။
အသားခ်င္းမထိမိေစဖို႔ ဂရုစိုက္ပါ။
အိပ္စက္ခ်ိန္ျပည့္ဝေနပါေစ။
အာဟာရျပည့္ဝေအာင္စားပါ။
တစ္ပတ္လံုး Gym မေဆာ့ပါနဲ႔။
အဝတ္အစား အသံုးအေဆာင္ေတြကို ပံုမွန္သန္႔ရွင္းေရးလုပ္ပါ။
ဖိနပ္ေတြကို စိုထိုင္းမႈကင္းေနေစဖို႔ ဂရုစိုက္ပါ။
ဖိနပ္မစီးဘဲ Gym ၾကမ္းျပင္ေပၚမွာ လမ္းမေလွ်ာက္ပါနဲ႔။
အိမ္ေရာက္မွ ေရခ်ိဳးပါ။
အေရျပားမွာ တစ္ခုခုလကၡဏာေတြ႔တဲ့အခါ ခ်က္ခ်င္း ကုသမႈခံယူဖို႔လုပ္ပါ။
ဒီအခ်က္ေလးေတြကို ဂရုစိုက္လို႔ Gym ကေနကူးစက္နိုင္တဲ့ ေရာဂါပိုးေတြကို ကာကြယ္ျပီး ခႏၶာကိုယ္ေလး က်စ္လ်စ္လွပေအာင္ လုပ္ေဆာင္လိုက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #
ရောဂါပိုးအများဆုံးနေရာတွေက ဆေးရုံ၊ ဆေးခန်တွေလို့ယူဆထားကြတာများပါတယ်။ နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆေးရုံကိုမလိုအပ်ဘဲ မသွားကြဖို့ပြောကြတယ်။ အကြောင်းကတော့ ရောဂါပိုးတွေများလွန်းလို့ပါဆိုတဲ့အချက်ပါ။
ဒီနေရာတွေတင်ရောဂါပိုးများတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင်ဆိုပြီး နေ့တိုင်း သွားနေမိတဲ့နေရာလေးတစ်ခုမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒီရောဂါပိုးများတဲ့ သတိမထားမိတဲ့နေရာကတော့ ခန္ဓာကိုယ် လေးအဆီကျလှပအောင်ဆိုပြီး နေ့တိုင်း တစ်ရက်မပျက်သွားနေမိတဲ့ Gym ပါပဲ။
ဒါဆိုရောဂါပိုး ကူးမှာစိုးတယ်။ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓာကိုယ်လေးဝလာမှာ စိုးလို့ပါ။ Gym ကရောဂါပိုးများတာ မှန်ပေမယ့် ကာကွယ်လို့ရပါတယ်။ Gym ကနေရောဂါပိုးတွေ ကူးစက်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းလေးတွေပြောပြပေးပါရစေ။
Gym ကနေဘာတွေကူးစက်နိုင်လဲ
ချွေးထွက်များတဲ့နေရာမှာ ချွေးကနေတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေအများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစားလုပ်နေတဲ့ Gym ကရောဂါပိုးတွေကို လက်ခံထားတဲ့ နေရာကြီးပေါ့။ အထူးသဖြင့်ကတော့ အရေပြားပြဿနာတွေ ကူးစက်ခံရနိုင်တာပါ။
ပွေး
ညှင်း
ယားနာ
ကြွက်နို့
ခြေသည်းမှိုစွဲတာ
အနာစက်
အသည်းရောင် အသားဝါရောဂါ
တီဘီ
အအေးမိ
တုပ်ကွေး စတဲ့ရောဂါတွေကူးစက်ခံရနိုင်ပါတယ်။
Gym သွားပြီး ကျျန်းမာနေစေဖို့
ကြောက်လိုက်တာ။ Gym မသွားရဲတော့ဘူး၊လို့ တွေးနေတယ်ဆိုရင်တော့ ဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ ပြောပါရစေ။
Gym မဆော့ခင်မှာ လက်ဆေးပါ။
လက်အိတ်ဝတ်ပါ။
ဖိနပ်ကို ကိုယ်ပိုင်ထားပါ။ Gym ကဖိနပ်တွေမစီးပါနဲ့။
တဘက်ကို သီးသန့်ထားပါ။
ကိုယ်ပိုင် ရေဗူးယူသွားပါ။
Gym ဆော့ပြီးချိန်မှာ လက်ဆေးပါ။
ထိခိုက်ဒဏ်ရာတွေရှိရင် ပလာစတာကပ်ပါ။
အသားချင်းမထိမိစေဖို့ ဂရုစိုက်ပါ။
အိပ်စက်ချိန်ပြည့်ဝနေပါစေ။
အာဟာရပြည့်ဝအောင်စားပါ။
တစ်ပတ်လုံး Gym မဆော့ပါနဲ့။
အဝတ်အစား အသုံးအဆောင်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
ဖိနပ်တွေကို စိုထိုင်းမှုကင်းနေစေဖို့ ဂရုစိုက်ပါ။
ဖိနပ်မစီးဘဲ Gym ကြမ်းပြင်ပေါ်မှာ လမ်းမလျှောက်ပါနဲ့။
အိမ်ရောက်မှ ရေချိုးပါ။
အရေပြားမှာ တစ်ခုခုလက္ခဏာတွေ့တဲ့အခါ ချက်ချင်း ကုသမှုခံယူဖို့လုပ်ပါ။
ဒီအချက်လေးတွေကို ဂရုစိုက်လို့ Gym ကနေကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပြီး ခန္ဓာကိုယ်လေး ကျစ်လျစ်လှပအောင် လုပ်ဆောင်လိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon