ပင္းေဘာေက်းရြာလူသတ္မႈျဖစ္စဥ္မွ တရားခံဓါတ္ပံုအားမိုးေကာင္းရဲတပ္ဖြဲ႔ထုတ္ျပန္

မိုးေကာင္း ေမ ၁၈

မိုးေကာင္းၿမိဳ႕နယ္၊ပင္းေဘာေက်းရြာအုပ္စု၊ေရတြင္းကုန္းေက်းရြာေန GTC ေက်ာင္းဆရာမအားေနအိမ္တြင္သတ္ၿပီးထြက္ေျပးတိမ္းေရွာင္ေနသူ တရားခံ၏ ဓာတ္ပံုႏွင့္အခ်က္အလက္မ်ားကို မိုးေကာင္းရဲတပ္ဖြဲ႔မွထုတ္ျပန္ထားရွိေၾကာင္းသိရသည္။

တရားခံအားေတြ႔ရွိပါက ပင္းေဘာနယ္ေျမရဲစခန္း ဖုန္း( ၀၇၄-၆၆၁၁၉/၀၉၄၃၀၈၂၆၂၄) ႏွင့္ နီးစပ္ရာရဲစခန္းမ်ား၊အုပ္ခ်ဳပ္ေရးရံုးမ်ားသို႔ သတင္းေပးပို႔ၾကပါရန္ မိုးေကာင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားရွိေၾကာင္း သိရသည္။

NL(TGA)

မိုးေကာင္းၿမိဳ႕နယ္၌ အမ်ိဳးသမီးတစ္ဦး ေနအိမ္အတြင္း ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုး

မိုးေကာင္း မတ္ ၁၈

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ပင္းေဘာေက်းရြာအုပ္စု ေရတြင္းကုန္းေက်းရြာ၌ မတ္ ၁၇ ရက္က အမ်ိဳးသမီးတစ္ဦး ေနအိမ္အတြင္း ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့ေၾကာင္း ပင္းေဘာနယ္ေျမရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁၇ ရက္ ညေန ၃ နာရီခြဲက မိုးေကာင္းၿမိဳ႕နယ္ ပင္းေဘာေက်းရြာအုပ္စု ေရတြင္းကုန္းေက်းရြာေန ေဒၚၾကည္ေအးမွ ၎၏ေနအိမ္အတြင္း သမီးျဖစ္သူ မမာမာဝင္း(၂၅)ႏွစ္ (မိုးညွင္းနည္းပညာေကာလိပ္)တြင္ တာဝန္ထမ္းေဆာင္ေနသူသည္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း ပင္းေဘာနယ္ေျမရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့၍ နယ္ေျမရဲစခန္းမႉး ရဲအုပ္စိုးလြင္ႏွင့္ တာဝန္ရိွသူမ်ားက အခင္းျဖစ္ပြားရာေနရာသို႔ သြားေရာက္စစ္ေဆးခဲ့ရာ ေသဆံုးသူအမ်ိဳးသမီးတြင္ ဝဲဘက္ပါးႏွင့္ လည္ပင္း၌ ျပတ္႐ွဒဏ္ရာတစ္ခ်က္စီ၊ဝမ္းဗိုက္ႏွင့္ ယာဘက္နံေဘးတြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္စီ ဒဏ္ရာမ်ားျဖင့္ေသဆံုးေနေၾကာင္း သိရသည္။

မိခင္ျဖစ္သူ၏ ေျပာျပခ်က္အရ ၎မွာ ဓမၼာရာဇိကဘုရားႀကီးအတြက္ အလႉခံေနရာမွ မြန္းလြဲႏွစ္နာရီခန္႔တြင္ ေနအိမ္သို႔ျပန္လာရာ ေနအိမ္မီးဖိုေဆာင္အတြင္း သမီးျဖစ္သူမွာ အမ်ိဳးသားတစ္ဦးႏွင့္ ဖုန္းကစားေနေၾကာင္း ေတြ႔ရိွရ၍ မည္သူမည္ဝါျဖစ္ေၾကာင္း ေမးျမန္းၾကည့္ရာ ရထားေပၚတြင္သိရိွခဲ့သူ ဟိုပင္ၿမိဳ႕၊ျမေဇယ်ာရပ္ကြက္တြင္ ေနသူျဖစ္ေၾကာင္း သိရိွရၿပီး အလႉခံရာသို႔ ျပန္လည္သြားခဲ့ေၾကာင္း။ ညေနေလးနာရီခန္႔တြင္ သမီးျဖစ္သူအား ဖုန္းေခၚဆိုရာ ဖုန္းမကိုင္၍ ေနအိမ္သို႔ျပန္လာၾကည့္ရာ သမီးျဖစ္သူမွာ ေသြးအိုင္ထဲတြင္ ဓားဒဏ္ရာမ်ားႏွင့္ လဲက်ေနသည္ကိုေတြ႔ရၿပီး ေဆးရံုသို႔ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာေနရာတြင္ အ႐ွည္ႏွစ္ဆယ္လက္မခန္႔ရိွ ဝါး႐ိုးတပ္ဓားတစ္ေခ်ာင္း၊အ႐ွည္ဆယ္လက္မရိွ သစ္သား႐ိုးတပ္ ဓားတစ္ေခ်ာင္းတို႔ကို ေသြးမ်ားစြန္းေပလ်က္ေတြ႔ရိွရၿပီး လူသတ္မႈက်ဴးလြန္သူကို အျမန္ဆံုးေဖာ္ထုတ္ႏိုင္ရန္ ပင္းေဘာနယ္ေျမရဲစခန္းမွ အမႈဖြင့္စံုစမ္းလ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္(ကခ်င္ေျမ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ပင်းဘောကျေးရွာလူသတ်မှုဖြစ်စဉ်မှ တရားခံဓါတ်ပုံအားမိုးကောင်းရဲတပ်ဖွဲ့ထုတ်ပြန်

မိုးကောင်း မေ ၁၈

မိုးကောင်းမြို့နယ်၊ပင်းဘောကျေးရွာအုပ်စု၊ရေတွင်းကုန်းကျေးရွာနေ GTC ကျောင်းဆရာမအားနေအိမ်တွင်သတ်ပြီးထွက်ပြေးတိမ်းရှောင်နေသူ တရားခံ၏ ဓာတ်ပုံနှင့်အချက်အလက်များကို မိုးကောင်းရဲတပ်ဖွဲ့မှထုတ်ပြန်ထားရှိကြောင်းသိရသည်။

တရားခံအားတွေ့ရှိပါက ပင်းဘောနယ်မြေရဲစခန်း ဖုန်း( ၀၇၄-၆၆၁၁၉/၀၉၄၃၀၈၂၆၂၄) နှင့် နီးစပ်ရာရဲစခန်းများ၊အုပ်ချုပ်ရေးရုံးများသို့ သတင်းပေးပို့ကြပါရန် မိုးကောင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားရှိကြောင်း သိရသည်။

NL(TGA)

မိုးကောင်းမြို့နယ်၌ အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံး

မိုးကောင်း မတ် ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာ၌ မတ် ၁၇ ရက်က အမျိုးသမီးတစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၇ ရက် ညနေ ၃ နာရီခွဲက မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာနေ ဒေါ်ကြည်အေးမှ ၎င်း၏နေအိမ်အတွင်း သမီးဖြစ်သူ မမာမာဝင်း(၂၅)နှစ် (မိုးညှင်းနည်းပညာကောလိပ်)တွင် တာဝန်ထမ်းဆောင်နေသူသည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပင်းဘောနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့၍ နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးလွင်နှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသမီးတွင် ဝဲဘက်ပါးနှင့် လည်ပင်း၌ ပြတ်ရှဒဏ်ရာတစ်ချက်စီ၊ဝမ်းဗိုက်နှင့် ယာဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီ ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။

မိခင်ဖြစ်သူ၏ ပြောပြချက်အရ ၎င်းမှာ ဓမ္မာရာဇိကဘုရားကြီးအတွက် အလှူခံနေရာမှ မွန်းလွဲနှစ်နာရီခန့်တွင် နေအိမ်သို့ပြန်လာရာ နေအိမ်မီးဖိုဆောင်အတွင်း သမီးဖြစ်သူမှာ အမျိုးသားတစ်ဦးနှင့် ဖုန်းကစားနေကြောင်း တွေ့ရှိရ၍ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းကြည့်ရာ ရထားပေါ်တွင်သိရှိခဲ့သူ ဟိုပင်မြို့၊မြဇေယျာရပ်ကွက်တွင် နေသူဖြစ်ကြောင်း သိရှိရပြီး အလှူခံရာသို့ ပြန်လည်သွားခဲ့ကြောင်း။ ညနေလေးနာရီခန့်တွင် သမီးဖြစ်သူအား ဖုန်းခေါ်ဆိုရာ ဖုန်းမကိုင်၍ နေအိမ်သို့ပြန်လာကြည့်ရာ သမီးဖြစ်သူမှာ သွေးအိုင်ထဲတွင် ဓားဒဏ်ရာများနှင့် လဲကျနေသည်ကိုတွေ့ရပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် အရှည်နှစ်ဆယ်လက်မခန့်ရှိ ဝါးရိုးတပ်ဓားတစ်ချောင်း၊အရှည်ဆယ်လက်မရှိ သစ်သားရိုးတပ် ဓားတစ်ချောင်းတို့ကို သွေးများစွန်းပေလျက်တွေ့ရှိရပြီး လူသတ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် ပင်းဘောနယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင်(ကချင်မြေ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top