G-Fatt က ၇ တန္းအရြယ္ကတည္းက စုိင္းစုိင္းခမ္းလႈိင္ကုိ အားေပးခဲ့တဲ့ အမွတ္တရေတြ ေျပာျပခဲ့ပါတယ္။ စုိင္းစုိင္းနဲ႔ ပထမဆုံး ေတြ႔ဆုံမႈကလည္း သူ႔အတြက္ အေပ်ာ္ဆုံးအခ်ိန္ျဖစ္ခဲ့ပါတယ္တဲ့။

အဆုိေတာ္ G-Fatt က သူ ငယ္ငယ္ေလးကတည္းက အရမ္းအားေပးခဲ့ရတဲ့ အဆုိေတာ္ေတြထဲမွာ စုိင္းစိုင္းခမ္းလႈိင္ ကလည္း တစ္ဦးအပါအဝင္ျဖစ္ပါတယ္တဲ့။ စုိင္းစုိင္းကုိ ၇ တန္းအရြယ္ကတည္းက အားေပးခဲ့တာပါလုိ႔ မီဒီယာေတြ အေရွ႕မွာ ေျပာျပခဲ့ပါတယ္။

‘’ ကၽြန္ေတာ္ ၇ တန္းေပါ့။ ကေလးေလးပဲရွိေသးတယ္။ သုဝဏၰကြင္းအေရွ႕က Stage ကြင္းတစ္ခုရွိတယ္။ အဲဒီမွာ Hip Hop Crazy ဆုိၿပီးေတာ့ Rapper ေတြ အမ်ားႀကီး Show ပြဲေလးတစ္ခု လုပ္ၾကတယ္။ ကၽြန္ေတာ္က ၇ တန္းပဲရွိေသးေတာ့ လြယ္အိတ္ေလးလြယ္ၿပီး ဦးေလးနဲ႔ အတူတူသြားၾကည့္တာ အဲဒီမွာ စုိင္းစုိင္းလာ တယ္ဆုိၿပီးေတာ့ ေဘးက လူေတြက ေျပာတာ အေရွ႕ကလူေတြကေတာ့ ဆုိေနတာေပါ့ေနာ္။ ’’ ဆုိၿပီးေတာ့ ေမလ ၆ ရက္ေန႔က မႏၱေလးမွာလုပ္မယ့္ Sai Sai Show အတြက္ စာနယ္ဇင္းပြဲမွာ ေျဖဆုိခဲ့တာပါ။

အဲဒီေနာက္ သူ႔ရဲ႕ ေက်ာေပၚမွာ စုိင္းစုိင္း ထုိးေပးခဲ့တဲ့ လက္မွတ္ေလးေၾကာင့္လည္း အရမ္းကုိေပ်ာ္ရႊင္ခဲ့ရတယ္လုိ႔ G-Fatt က ေျပာပါတယ္။



‘’ အဲဒီမွာ စုိင္းစုိင္းခမ္းလႈိင္ လာတယ္ဆုိၿပီးေတာ့ ကၽြန္ေတာ္ ၾကည့္လုိက္တယ္။ စတိတ္စင္ရဲ႕ အေနာက္မွာ ဦးထုတ္ေလး ေဆာင္းၿပီးေတာ့ ေနေနတာ။ ကၽြန္ေတာ္ လွမ္းျမင္လုိက္ေတာ့ ကၽြန္ေတာ္ လက္မွတ္ထုိးခ်င္တာ သူ႔ဆီကုိ ေျပးသြားၿပီး အစ္ကုိ လက္မွတ္ထုိးေပးပါဆုိၿပီးေတာ့ ေက်ာေလးလွည့္ေပးလုိက္တယ္။ သူ လက္မွတ္ထုိးေပးပါတယ္။ ဒါ ကၽြန္ေတာ့္အတြက္ အမွတ္တရပဲ’’ လုိ႔ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။

အခုဆုိရင္ေတာ့ G-Fatt က စုိင္းစုိင္းခမ္းလိႈင္နဲ႔အတူ သီခ်င္းေတြ အတူတူဆုိေနတာကုိ ေတြ႔ရပါတယ္။ အဲဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ Frenzo Production နဲ႔ အတူ ဂီတအလုပ္ေတြ လုပ္ေဆာင္ေနတာပါ။ လက္ရွိမွာေတာ့ စုိင္းစုိင္းနဲ႔ G-Fatt တုိ႔ပါဝင္သီဆိုထားတဲ့ ‘’ ငါ့ရည္းစားက ပုိမုိက္တယ္’’ သီခ်င္းေလးကလည္း အရမ္းကုိ ေအာင္ျမင္ေနတာ ေတြ႔ရပါတယ္။ ‘’ငါ့ရည္းစားက ပုိမုိက္တယ္’’ သီခ်င္းကုိေတာ့ စုိင္းစုိင္း၊ ဘန္နီျဖဳိး၊ John၊ Ki Ki Kyaw Zaw ၊ Snare နဲ႔ G-Fatt တုိ႔က ပါဝင္သီဆုိထားၾကတာပါ။ ဒီ သီခ်င္းထဲမွာေတာ့ G-Fatt က သူ႔ရဲ႕ ခ်စ္သူ ကျပားမေလးလုိ႔ တင္စားသီဆုိထားတာျဖစ္ပါတယ္။

G-Fatt ကုိေတာ့ 8 day 8 month 8 hour ဆုိတဲ့ သီခ်င္းကေန ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေတးစီးရီးအေခြေတြမွာလည္း ပါဝင္သီဆုိလာရသူ တစ္ေယာက္ပါ။ G-Fatt ဟာ ပထမဆုံး တစ္ကုိ္ယ္ေတာ္အေခြ အေနနဲ႔ ‘’ဂ်င္’’ ေတးစီးရီးကုိ ထြက္ရွိထားပါတယ္။ ဒုတိယေျမာက္ တစ္ကုိယ္ေတာ္အေခြ အေနနဲ႔ ‘’ 120/B’’ အေခြလည္း ထြက္ရွိထားပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


G-Fatt က ၇ တန်းအရွယ်ကတည်းက စိုင်းစိုင်းခမ်းလှိုင်ကို အားပေးခဲ့တဲ့ အမှတ်တရတွေ ပြောပြခဲ့ပါတယ်။ စိုင်းစိုင်းနဲ့ ပထမဆုံး တွေ့ဆုံမှုကလည်း သူ့အတွက် အပျော်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်တဲ့။

အဆိုတော် G-Fatt က သူ ငယ်ငယ်လေးကတည်းက အရမ်းအားပေးခဲ့ရတဲ့ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင် ကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်တဲ့။ စိုင်းစိုင်းကို ၇ တန်းအရွယ်ကတည်းက အားပေးခဲ့တာပါလို့ မီဒီယာတွေ အရှေ့မှာ ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော် ၇ တန်းပေါ့။ ကလေးလေးပဲရှိသေးတယ်။ သုဝဏ္ဏကွင်းအရှေ့က Stage ကွင်းတစ်ခုရှိတယ်။ အဲဒီမှာ Hip Hop Crazy ဆိုပြီးတော့ Rapper တွေ အများကြီး Show ပွဲလေးတစ်ခု လုပ်ကြတယ်။ ကျွန်တော်က ၇ တန်းပဲရှိသေးတော့ လွယ်အိတ်လေးလွယ်ပြီး ဦးလေးနဲ့ အတူတူသွားကြည့်တာ အဲဒီမှာ စိုင်းစိုင်းလာ တယ်ဆိုပြီးတော့ ဘေးက လူတွေက ပြောတာ အရှေ့ကလူတွေကတော့ ဆိုနေတာပေါ့နော်။ ’’ ဆိုပြီးတော့ မေလ ၆ ရက်နေ့က မန္တလေးမှာလုပ်မယ့် Sai Sai Show အတွက် စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် သူ့ရဲ့ ကျောပေါ်မှာ စိုင်းစိုင်း ထိုးပေးခဲ့တဲ့ လက်မှတ်လေးကြောင့်လည်း အရမ်းကိုပျော်ရွှင်ခဲ့ရတယ်လို့ G-Fatt က ပြောပါတယ်။

‘’ အဲဒီမှာ စိုင်းစိုင်းခမ်းလှိုင် လာတယ်ဆိုပြီးတော့ ကျွန်တော် ကြည့်လိုက်တယ်။ စတိတ်စင်ရဲ့ အနောက်မှာ ဦးထုတ်လေး ဆောင်းပြီးတော့ နေနေတာ။ ကျွန်တော် လှမ်းမြင်လိုက်တော့ ကျွန်တော် လက်မှတ်ထိုးချင်တာ သူ့ဆီကို ပြေးသွားပြီး အစ်ကို လက်မှတ်ထိုးပေးပါဆိုပြီးတော့ ကျောလေးလှည့်ပေးလိုက်တယ်။ သူ လက်မှတ်ထိုးပေးပါတယ်။ ဒါ ကျွန်တော့်အတွက် အမှတ်တရပဲ’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

အခုဆိုရင်တော့ G-Fatt က စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သီချင်းတွေ အတူတူဆိုနေတာကို တွေ့ရပါတယ်။ အဲဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production နဲ့ အတူ ဂီတအလုပ်တွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာတော့ စိုင်းစိုင်းနဲ့ G-Fatt တို့ပါဝင်သီဆိုထားတဲ့ ‘’ ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းလေးကလည်း အရမ်းကို အောင်မြင်နေတာ တွေ့ရပါတယ်။ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်းကိုတော့ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ John၊ Ki Ki Kyaw Zaw ၊ Snare နဲ့ G-Fatt တို့က ပါဝင်သီဆိုထားကြတာပါ။ ဒီ သီချင်းထဲမှာတော့ G-Fatt က သူ့ရဲ့ ချစ်သူ ကပြားမလေးလို့ တင်စားသီဆိုထားတာဖြစ်ပါတယ်။

G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top