အေကာင့္တုေပါင္း ၂ ဒႆမ၂ ဘီလီယံခန႔္ သုံးလအတြင္း Facebook ဖယ္ရွား
ၿပီးခဲ့တဲ့ ဇန္နဝါရီနဲ႔ မတ္လအၾကားကာလအတြင္း အေကာင့္တု (Fake accounts) ေပါင္း ၂ ဒႆမ ၂ ဘီလီယံခန႔္ကို ေဖ့ဘြတ္ခ္က ဖယ္ရွားရွင္းလင္းခဲ့တယ္လို႔ သိရပါတယ္။ ဒါဟာ ကုမၸဏီသမိုင္းမွာ စံခ်ိန္တင္ အမ်ားအျပားဆုံးေသာ ပမာဏလည္း ျဖစ္လာခဲ့ပါတယ္။
ဒါ့အျပင္ ဒီအေရအတြက္ဟာ ကမာၻတစ္ဝွမ္း လစဥ္ ပုံမွန္အသုံးျပဳသူ ေဖ့ဘြတ္ခ္အသုံးျပဳသူ အေရအတြက္ ၂ ဒႆမ ၃၈ ဘီလီယံထက္လည္း အနည္းငယ္မွ်သာ ေလ်ာ့နည္းေနတာ ျဖစ္ပါတယ္။
ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ေဖ့ဘြတ္ခ္အေနနဲ႔ ဒီမတိုင္ခင္ အေစာပိုင္း သုံးလပတ္အတြင္းက အေကာင့္တုေပါင္း ၁ ဒႆမ ၂ ဘီလီယံနဲ႔ ၂၀၁၇ ေအာက္တိုဘာနဲ႔ ဒီဇင္ဘာအၾကား သုံးလအတြင္းမွာ ၆၉၄ သန္း တို႔ကို Disable လုပ္ထားခဲ့ရပါတယ္။
ဒါဟာ ကုမၸဏီရဲ႕ တတိယေျမာက္ လူ႔အဖြဲ႔အစည္းစံႏႈန္းမ်ားဆိုင္ရာ ျပဌာန္းမႈအစီရင္ခံစာကို ေမ ၂၃ ရက္က ထုတ္ျပန္ခဲ့စဥ္ ယခု ကိန္းဂဏန္းသစ္ေတြကိုပါ ထုတ္ေဖာ္လာခဲ့တာျဖစ္ပါတယ္။
ေဖ့ဘြတ္ခ္အေနနဲ႔ ဒီအစီရင္ခံစာကို ပုံမွန္ တစ္ႏွစ္ကို ႏွစ္ႀကိမ္သာ ထုတ္ျပန္ေနလ်က္ရွိရာကေန လာမဲ့ႏွစ္က စလို႔ သုံးလတစ္ႀကိမ္ ထုတ္ျပန္သြားမယ္လို႔ သိရပါတယ္။
“ ဒီအစီရင္ခံစာမ်ိဳးက ဘ႑ာေရး အစီရင္ခံစာလိုပဲ အေရးႀကီးပါတယ္၊ ဒီေတာ့ ဒါကို ကြၽန္ေတာ္တို႔ အႀကိမ္အေရအတြက္ ပိုၿပီး ထုတ္ျပန္ဖို႔ လုပ္သင့္ပါတယ္” လို႔ စီအီးအို မက္ခ္ ဇက္ကာဘာ့ဂ္က ေျပာသြားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအကြားကာလအတွင်း အကောင့်တု (Fake accounts) ပေါင်း ၂ ဒဿမ ၂ ဘီလီယံခန့်ကို ဖေ့ဘွတ်ခ်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကုမ္ပဏီသမိုင်းမှာ စံချိန်တင် အများအပြားဆုံးသော ပမာဏလည်း ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်း လစဉ် ပုံမှန်အသုံးပြုသူ ဖေ့ဘွတ်ခ်အသုံးပြုသူ အရေအတွက် ၂ ဒဿမ ၃၈ ဘီလီယံထက်လည်း အနည်းငယ်မျှသာ လျော့နည်းနေတာ ဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဖေ့ဘွတ်ခ်အနေနဲ့ ဒီမတိုင်ခင် အစောပိုင်း သုံးလပတ်အတွင်းက အကောင့်တုပေါင်း ၁ ဒဿမ ၂ ဘီလီယံနဲ့ ၂၀၁၇ အောက်တိုဘာနဲ့ ဒီဇင်ဘာအကြား သုံးလအတွင်းမှာ ၆၉၄ သန်း တို့ကို Disable လုပ်ထားခဲ့ရပါတယ်။
ဒါဟာ ကုမ္ပဏီရဲ့ တတိယမြောက် လူ့အဖွဲ့အစည်းစံနှုန်းများဆိုင်ရာ ပြဌာန်းမှုအစီရင်ခံစာကို မေ ၂၃ ရက်က ထုတ်ပြန်ခဲ့စဉ် ယခု ကိန်းဂဏန်းသစ်တွေကိုပါ ထုတ်ဖော်လာခဲ့တာဖြစ်ပါတယ်။
ဖေ့ဘွတ်ခ်အနေနဲ့ ဒီအစီရင်ခံစာကို ပုံမှန် တစ်နှစ်ကို နှစ်ကြိမ်သာ ထုတ်ပြန်နေလျက်ရှိရာကနေ လာမဲ့နှစ်က စလို့ သုံးလတစ်ကြိမ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
“ ဒီအစီရင်ခံစာမျိုးက ဘဏ္ဍာရေး အစီရင်ခံစာလိုပဲ အရေးကြီးပါတယ်၊ ဒီတော့ ဒါကို ကျွန်တော်တို့ အကြိမ်အရေအတွက် ပိုပြီး ထုတ်ပြန်ဖို့ လုပ်သင့်ပါတယ်” လို့ စီအီးအို မက်ခ် ဇက်ကာဘာ့ဂ်က ပြောသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese