ၤၤၤလြန္ခဲ့တဲ့ဆယ္နွစ္ေက်ာ္ေလာက္က အေရွ႕ေတာင္အာရွအျပင္ တစ္ကမၻာလံုးမွာေက်ာ္ၾကားသြားခဲ့ျပီး ျမန္မာတစ္နိုင္ငံလံုးကပရိသတ္ေတြလည္းအရူးအမူးနွစ္သက္သေဘာက်ခဲ့ရတဲ့ F4 ရုပ္ရွင္ဇာတ္လမ္းတြဲကုိ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားမွတ္မိၾကဦးမွာပါ။ F4 ထဲက သရုပ္ေဆာင္ေတြေတာ္ေတာ္မ်ားမ်ားကလည္းတကယ္ကို ေအာင္ျမင္ေက်ာ္ၾကားတဲ့သရုပ္ေဆာင္ေတြျဖစ္ေနျပီဆိုတာျငင္းလို႔မရပါဘူး။ F4 မင္းသမီးေလး ဂင္ဂ်န္ဒီဟာလည္း ကိုရီးယားနိုင္ငံရဲ႕ထိပ္တန္းမင္းသမီးတစ္လက္္ျဖစ္ျပီီး အိမ္နီးခ်င္းနိုင္ငံေတြက ပရိသတ္ေတြပါအားေပးျခင္းခံရတဲ့ အနုပညာရွင္တစ္ဦးပါ။ ဘဝတစ္ေလွ်ာက္လံုးမွာ ဂင္ဂ်န္ဒီလို႔သာေက်ာ္္ၾကားခဲ့တဲ့ မင္းသမိီးေလးရဲ႕ နာမည္အရင္းကေတာ့ Ku Hye Sun လို႔ေခၚပါတယ္။Hye Sun က အခုအခ်ိန္အထိလည္းေအာင္ျမင္မႈကိုထိန္းထားနုိင္ဆဲမင္းသမီးတစ္လက္ဆိုရင္လည္းမမွားပါဘူး။

ဘဝမွာလိုအပ္တာေတြအားလံုးျပည့္စံုေနျပီလို႔ထင္ရတဲဲ့ Ku Hye Sun ကုိ ပရိသတ္ေတြအားက်ရတာကေတာ့ ေကာင္မေလးေတြရဲ႕အိပ္မက္မင္းသားတစ္ဦးျဖစ္တဲ့ မင္းသားေခ်ာAhn Jae Hyun ကုိ ခင္ပြန္္းအျဖစ္ရထားျပီး အဲဒီခင္ပြန္္းကလည္း တအားကိုခ်စ္တတ္တဲ့အမ်ိဳးသားတစ္ဦးျဖစ္ေနတာပါ။ သူတို႔နွစ္ေယာက္ဟာတစ္ေယာက္ကုိတစ္ေယာက္ ေမတၱာာမွ်ျပီးလက္ထပ္ခဲ့ၾကျပီးေနာက္မွာ သာယာလွပတဲ့အိမ္ေထာင္ေရးေလးကုိပုိင္ဆိုင္ထားသူေတြလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေမလ ၂၀ ရက္ေန႔ဟာဆိုရင္ေတာ့ သူမတို႔နစ္ေယာက္ရဲ႕ေပ်ာ္ရႊင္စရာအိမ္ေထာင္ေရးေလး သံုးႏွစ္ျပည့္သက္တမ္းအမွတ္တရေန႔ေလးပါ။ တစ္ေယာက္ကိုတစ္ေယာက္အရမ္းခ်စ္ၾကတဲ့ Ku Hye Sun တို႔စံုတြဲေလးကို ပရိသတ္ေတြက အသက္ထက္ဆံုးေပါင္းဖက္ႏိုင္ေစဖို႔ဆုမြန္ေကာင္းေတြေတာင္းေပးထားၾကၿပီး သားသားေလးမီးမီးေလးေတြအမ်ားႀကီးနဲ႔ မိသားစုအႀကီးႀကီးပိုင္ဆိုင္ႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးထားၾကတာေတြ႔ရပါတယ္။

Ku Hye Sun ဟာ ဆယ္ေက်ာ္သက္မင္းသမီးမဟုတ္ေတာ့ေပမယ့္ ဆယ္ေက်ာ္သက္ေလးလိုႏုပ်ိဳလွပဆဲျဖစ္ၿပီး ခ်စ္ခင္ပြန္းရဲ႕ သည္းသည္းလုႉပ္အခ်စ္ခံရတာေၾကာင့္လည္း တစ္ကမၻာလံုးကပရိသတ္ေတြအျပင္ အႏုပညာ႐ွင္အခ်င္းခ်င္းရဲ႕ အားက်မႉကိုပါရထားတဲ့ ကံေကာင္းသူေလးတစ္ဦးျဖစ္ပါတယ္။ မၾကာမီရက္ပိုင္းေတြအတြင္းက သူတို႔စံုတြဲေလး ကြာ႐ွင္းၾကေတာ့မယ္ဆိုတဲ့ေကာလဟလေတြေၾကာင့္ ပရိသတ္ေတြအထိတ္တလန္႔ျဖစ္ခဲ့ရေသးေပမယ့္ အမွန္မဟုတ္တဲ့ေကာလဟလေတြရဲ႕ထံုးစံအတိုင္းပဲ သိပ္မၾကာလိုက္ပဲ တိမ္ျမဳပ္ေပ်ာက္ကြယ္သြားခဲ့ပါတယ္။Ku Hye Sun ဟာ လက္႐ွိမွာ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ၿပီး ခင္ပြန္း Ahn Jae Hyun နဲ႔အတူေပ်ာ္ရႊင္စြာေနထိုင္လ်က္႐ွိပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးလည္း ဂင္ဂ်န္ဒီမင္းသမီးေလး Ku Hye Sun ရဲ႕ မဂၤလာႏွစ္ပတ္လည္ကို ဆုမြန္ေကာင္းေတာင္းေပးလိုက္ၾကပါဦးေနာ္..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ၤၤၤလွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က အရှေ့တောင်အာရှအပြင် တစ်ကမ္ဘာလုံးမှာကျော်ကြားသွားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေလည်းအရူးအမူးနှစ်သက်သဘောကျခဲ့ရတဲ့ F4 ရုပ်ရှင်ဇာတ်လမ်းတွဲကို ပရိသတ်တွေတော်တော်များများမှတ်မိကြဦးမှာပါ။ F4 ထဲက သရုပ်ဆောင်တွေတော်တော်များများကလည်းတကယ်ကို အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တွေဖြစ်နေပြီဆိုတာငြင်းလို့မရပါဘူး။ F4 မင်းသမီးလေး ဂင်ဂျန်ဒီဟာလည်း ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေက ပရိသတ်တွေပါအားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ဦးပါ။ ဘဝတစ်လျှောက်လုံးမှာ ဂင်ဂျန်ဒီလို့သာကျော်ကြားခဲ့တဲ့ မင်းသမီးလေးရဲ့ နာမည်အရင်းကတော့ Ku Hye Sun လို့ခေါ်ပါတယ်။Hye Sun က အခုအချိန်အထိလည်းအောင်မြင်မှုကိုထိန်းထားနိုင်ဆဲမင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူး။

ဘဝမှာလိုအပ်တာတွေအားလုံးပြည့်စုံနေပြီလို့ထင်ရတဲ့ Ku Hye Sun ကို ပရိသတ်တွေအားကျရတာကတော့ ကောင်မလေးတွေရဲ့အိပ်မက်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသားချောAhn Jae Hyun ကို ခင်ပွန်းအဖြစ်ရထားပြီး အဲဒီခင်ပွန်းကလည်း တအားကိုချစ်တတ်တဲ့အမျိုးသားတစ်ဦးဖြစ်နေတာပါ။ သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက် မေတ္တာာမျှပြီးလက်ထပ်ခဲ့ကြပြီးနောက်မှာ သာယာလှပတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ဟာဆိုရင်တော့ သူမတို့နစ်ယောက်ရဲ့ပျော်ရွှင်စရာအိမ်ထောင်ရေးလေး သုံးနှစ်ပြည့်သက်တမ်းအမှတ်တရနေ့လေးပါ။ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ Ku Hye Sun တို့စုံတွဲလေးကို ပရိသတ်တွေက အသက်ထက်ဆုံးပေါင်းဖက်နိုင်စေဖို့ဆုမွန်ကောင်းတွေတောင်းပေးထားကြပြီး သားသားလေးမီးမီးလေးတွေအများကြီးနဲ့ မိသားစုအကြီးကြီးပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးထားကြတာတွေ့ရပါတယ်။

Ku Hye Sun ဟာ ဆယ်ကျော်သက်မင်းသမီးမဟုတ်တော့ပေမယ့် ဆယ်ကျော်သက်လေးလိုနုပျိုလှပဆဲဖြစ်ပြီး ချစ်ခင်ပွန်းရဲ့ သည်းသည်းလုှူပ်အချစ်ခံရတာကြောင့်လည်း တစ်ကမ္ဘာလုံးကပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းရဲ့ အားကျမှူကိုပါရထားတဲ့ ကံကောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ မကြာမီရက်ပိုင်းတွေအတွင်းက သူတို့စုံတွဲလေး ကွာရှင်းကြတော့မယ်ဆိုတဲ့ကောလဟလတွေကြောင့် ပရိသတ်တွေအထိတ်တလန့်ဖြစ်ခဲ့ရသေးပေမယ့် အမှန်မဟုတ်တဲ့ကောလဟလတွေရဲ့ထုံးစံအတိုင်းပဲ သိပ်မကြာလိုက်ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။Ku Hye Sun ဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ခင်ပွန်း Ahn Jae Hyun နဲ့အတူပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ဂင်ဂျန်ဒီမင်းသမီးလေး Ku Hye Sun ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်..။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top