ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕နယ္မွာ ေမ ၅ ရက္ ေန႔က Express ယာဥ္နဲ႔ သယ္ေဆာင္လာတဲ့ တရားမဝင္ပိေတာက္ခြဲသားေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ တာဝန္ခံေတာအုပ္က ေျပာပါတယ္။
ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း မိုင္တိုင္အမွတ္ ၇၀/၂ အနီး ေဝါၿမိဳ႕နယ္သစ္ေတာ႐ုံးေရွ႕မွာ သစ္ေတာနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႔႔က သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးခဲ့တာပါ။

ယာဥ္ေမာင္ ေအာင္ကိုလတ္ ေမာင္းႏွင္ၿပီး ယာဥ္အကူ ေမာင္ေဇာ္ (ခ) သိန္းေဇာ္ဝင္း လိုက္ပါလာတဲ့ ေရႊညာေျမ ဘုရားဖူးပို႔ေဆာင္ေရး Express ယာဥ္အား ရပ္တန္႔စစ္ေဆးရာမွ ကာလတန္ဖိုးသိန္း ၂ဝ ေက်ာ္ဖိုးရွိ ပိေတာက္ခြဲသား ၃ တန္ေလာက္ ဖမ္းဆီးရမိခဲ့တယ္လုိ႔ ဆုိပါတယ္။
ဦးထြန္းထြန္းဝင္း တာဝန္ခံေတာအုပ္က “သူတို႔က ကားေနာက္ခန္းက ထိုင္ခံုေတြကို ျဖဳတ္ၿပီး သယ္လာတာပါ။ သိပ္ေတာ့ မမ်ားပါဘူး။ တရားခံေတြကိုေတာ့ ရဲစခန္းမွာ ဖမ္းဆီးထားပါတယ္။”

ဖမ္းဆီးရမိတာနဲ႔ပတ္သက္ၿပီး ေဝါၿမိဳ႕နယ္ သစ္ေတာဦးစီးမႉး႐ံုးက ယာဥ္ေမာင္း ေအာင္ကိုလတ္နဲ႔ ယာဥ္ေနာက္လိုက္ ေမာင္ေဇာ္(ခ)သိန္းေဇာ္ဝင္းတို႔ ႏွစ္ဦးကို သစ္ေတာဥပေဒ ပုဒ္မ ၄၂ (က) နဲ႔ အမႈဖြင့္တရားစြဲဆိုသြားမယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှာ မေ ၅ ရက် နေ့က Express ယာဉ်နဲ့ သယ်ဆောင်လာတဲ့ တရားမဝင်ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ခံတောအုပ်က ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၇၀/၂ အနီး ဝေါမြို့နယ်သစ်တောရုံးရှေ့မှာ သစ်တောနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။
ယာဉ်မောင် အောင်ကိုလတ် မောင်းနှင်ပြီး ယာဉ်အကူ မောင်ဇော် (ခ) သိန်းဇော်ဝင်း လိုက်ပါလာတဲ့ ရွှေညာမြေ ဘုရားဖူးပို့ဆောင်ရေး Express ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ကာလတန်ဖိုးသိန်း ၂ဝ ကျော်ဖိုးရှိ ပိတောက်ခွဲသား ၃ တန်လောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဦးထွန်းထွန်းဝင်း တာဝန်ခံတောအုပ်က “သူတို့က ကားနောက်ခန်းက ထိုင်ခုံတွေကို ဖြုတ်ပြီး သယ်လာတာပါ။ သိပ်တော့ မများပါဘူး။ တရားခံတွေကိုတော့ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။”
ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ဝေါမြို့နယ် သစ်တောဦးစီးမှူးရုံးက ယာဉ်မောင်း အောင်ကိုလတ်နဲ့ ယာဉ်နောက်လိုက် မောင်ဇော်(ခ)သိန်းဇော်ဝင်းတို့ နှစ်ဦးကို သစ်တောဥပဒေ ပုဒ်မ ၄၂ (က) နဲ့ အမှုဖွင့်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb