ေမာ္ဒယ္ သရုပ္ေဆာင္ စမိုင္းလ္ကေတာ့ အႏုပညာေလာကနဲ႔ အနည္းငယ္ ကင္းကြာေနေပမယ့္လည္း သူ႔ကို အားေပးေထာက္ခံေနတဲ့ ပရိသတ္ေတြကေတာ့ ရွိေနဆဲပါ။ သူ႔ရဲ့ လႈပ္ရွားမႈေလးေတြ ခ်စ္စရာ ဗီဒီယိုေလးေတြေၾကာင့္ အႏုပညာလုပ္ကိုင္တုန္းကထက္ေတာင္ ပိုလို႔ ပရိသတ္ေတြမ်ားလာပါေသးတယ္။ စမိုင္းလ္ကေတာ့ ပရိသတ္ေတြ ေရွ႔မွာ အခ်ိန္အတိုင္းအတာ တခုေလာက္ ေပ်ာက္သြားခဲ့ျပီး ယခုေနာက္ပိုင္းမွာေတာ့ ပရိသတ္ေတြနဲ႔ ထိေတြ႔မႈေတြ ရွိလာခဲ့တာ ျဖစ္ပါတယ္။

စမိုင္းလ္ကေတာ့ အႏုပညာကို ေက်ာခိုင္းထားျပီး အျပင္စီးပြားေရးကို ခင္ပြန္းျဖစ္သူနဲ႔ အတူတူၾကိဳးစားထားတာေၾကာင့္ လူတိုင္းေတာင့္တတဲ့ ဘဝေလးကို ပိုင္ဆိုင္ေနျပီ ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ ကမာၻအႏွံ႔ခရီးေတြထြက္ျပီး ျမန္မာ့ဝတ္စားဆင္ယင္မႈကို ကမာၻကို ျပခ်င္တဲ့သူ တေယာက္လည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ အေခါက္ေတြတုန္းကလည္း စမိုင္းလ္တေယာက္ကေတာ့ ျမန္မာဝတ္စံုေလးကို အျမင္ဆန္းဆန္းေလး လုပ္ျပီး ဝတ္လိုက္တာေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။

လက္ရွိမွာလည္း စမိုင္းလ္ကေတာ့ အေမရိကန္ ႏိုင္ငံ Las Vegas မွာ က်င္းပခဲ့တဲ့ Electric Daisy Carnival(EDC) Music Festival ပြဲေတာ္ၾကီးမွာေတာ့ ျမန္မာ့သနပ္ခါးကို လိမ္းထားျပီး ျမန္မာ့ဝတ္စံုေလးနဲ႔ သြားေရာက္ အားေပးခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ ေခတ္စားလာတဲ့ ဒီလိုမ်ိဳး Music Festival ပြဲေတြမွာေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ေတာ္ေတာ္ေလးကို ေဟာ့ျဖစ္တဲ့ အဝတ္အစားေတြနဲ႔သာ သြားေရာက္ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း စမိုင္းလ္ကေတာ့ ျမန္မာ့ရိုးရာ အဝတ္စားကို ခ်စ္ျမတ္ႏိုးတာေၾကာင့္ တကမာၻလံုးက လူေပါင္းစံုလာတဲ့ဒီလိုမ်ိဳး ခမ္းနားတဲ့ ပြဲမ်ိဳးမွာ ျမန္မာဝတ္စံုကို ေရြးခ်ယ္ျပီး ထူးထူးဆန္းဆန္း ပြဲသြားျဖစ္တာကေတာ့ ေလးစားစရာပါပဲ။ ေျပာခ်င္လြန္းလို႕ ပရိသတ္ၾကီးထဲမွာေရာ စမိုင္းလ္ရဲ့ ပရိသတ္ေတြ ရွိၾကလား။ EDM ပြဲေတြသြားရင္ေတာ့ ျမန္မာ့ထဘီ ရင္ဖံုးနဲ႔ သြားဖူးၾကလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မော်ဒယ် သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကနဲ့ အနည်းငယ် ကင်းကွာနေပေမယ့်လည်း သူ့ကို အားပေးထောက်ခံနေတဲ့ ပရိသတ်တွေကတော့ ရှိနေဆဲပါ။ သူ့ရဲ့ လှုပ်ရှားမှုလေးတွေ ချစ်စရာ ဗီဒီယိုလေးတွေကြောင့် အနုပညာလုပ်ကိုင်တုန်းကထက်တောင် ပိုလို့ ပရိသတ်တွေများလာပါသေးတယ်။ စမိုင်းလ်ကတော့ ပရိသတ်တွေ ရှေ့မှာ အချိန်အတိုင်းအတာ တခုလောက် ပျောက်သွားခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ ပရိသတ်တွေနဲ့ ထိတွေ့မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အနုပညာကို ကျောခိုင်းထားပြီး အပြင်စီးပွားရေးကို ခင်ပွန်းဖြစ်သူနဲ့ အတူတူကြိုးစားထားတာကြောင့် လူတိုင်းတောင့်တတဲ့ ဘဝလေးကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ကမ္ဘာအနှံ့ခရီးတွေထွက်ပြီး မြန်မာ့ဝတ်စားဆင်ယင်မှုကို ကမ္ဘာကို ပြချင်တဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေတုန်းကလည်း စမိုင်းလ်တယောက်ကတော့ မြန်မာဝတ်စုံလေးကို အမြင်ဆန်းဆန်းလေး လုပ်ပြီး ဝတ်လိုက်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

လက်ရှိမှာလည်း စမိုင်းလ်ကတော့ အမေရိကန် နိုင်ငံ Las Vegas မှာ ကျင်းပခဲ့တဲ့ Electric Daisy Carnival(EDC) Music Festival ပွဲတော်ကြီးမှာတော့ မြန်မာ့သနပ်ခါးကို လိမ်းထားပြီး မြန်မာ့ဝတ်စုံလေးနဲ့ သွားရောက် အားပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်စားလာတဲ့ ဒီလိုမျိုး Music Festival ပွဲတွေမှာတော့ မိန်းကလေးတော်တော်များများက တော်တော်လေးကို ဟော့ဖြစ်တဲ့ အဝတ်အစားတွေနဲ့သာ သွားရောက်ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမိုင်းလ်ကတော့ မြန်မာ့ရိုးရာ အဝတ်စားကို ချစ်မြတ်နိုးတာကြောင့် တကမ္ဘာလုံးက လူပေါင်းစုံလာတဲ့ဒီလိုမျိုး ခမ်းနားတဲ့ ပွဲမျိုးမှာ မြန်မာဝတ်စုံကို ရွေးချယ်ပြီး ထူးထူးဆန်းဆန်း ပွဲသွားဖြစ်တာကတော့ လေးစားစရာပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော စမိုင်းလ်ရဲ့ ပရိသတ်တွေ ရှိကြလား။ EDM ပွဲတွေသွားရင်တော့ မြန်မာ့ထဘီ ရင်ဖုံးနဲ့ သွားဖူးကြလား။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top