ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေဆး႐ံုႀကီး ၄ ခုတြင္ ေခြးကိုက္ခံရသည့္လူနာမ်ားအား ကုသေရးဌာန (Dog Bite Center) မ်ားကို ေမလမကုန္ခင္ စတင္ဖြင့္လွစ္ႏိုင္ေရးေဆာင္ရြက္လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရသည္။

ေခြးကိုက္ခံရသည့္လူနာမ်ားကို ပိုမိုစနစ္က်စြာျဖင့္ ေဆးအေလအလြင့္နည္းပါးစြာကုသမႈေပးႏိုင္ရန္ Dog Bite Center မ်ားကို ရန္ကုန္ေဆး႐ံုႀကီး၊ သဃၤန္းကြၽန္းစံျပေဆး႐ံုႀကီး၊ ေျမာက္ဥကၠလာပေဆး႐ံုႀကီးႏွင့္ အင္းစိန္ေဆး႐ံုႀကီးတို႔တြင္ ဖြင့္လွစ္ႏိုင္ရန္စတင္လုပ္ေဆာင္လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲမွ ၫႊန္ၾကားေရးမွဴး ေဒါက္တာထြန္းတင္က News Watch သို႔ ေျပာသည္။

‘‘ေလာေလာဆယ္ ရန္ကုန္ၿမိဳ႕ေဆး႐ံုႀကီးေတြမွာ ေခြးကိုက္ခံရလို႔ ေခြး႐ူးျပန္ကာကြယ္ေဆး လာေရာက္ထိုးႏွံ ၾကတဲ့ လူနာအေနအထားရယ္။ ဆက္သြယ္ေရးအရ အဆင္ေျပမယ့္ေနရာေတြကို ရည္ရြယ္ၿပီး ၄ ေနရာေလာက္ ဖြင့္ဖို႔ လ်ာထားပါတယ္”ဟု ၎က ေျပာသည္။

ေခြးကိုက္ခံရသည့္ လူနာမ်ားအားကုသေရးဌာန (Dog Bite Center) မ်ားကို ေဆး႐ံုႀကီးမ်ားတြင္ ေခြးကိုက္ခံရ သည့္ လူနာမ်ားလြယ္လြယ္ကူကူ ဆက္သြယ္ေဆာင္ရြက္ႏိုင္ရန္ ေနရာသီးသန္႔လုပ္ေဆာင္ေနၿပီး ဝန္ထမ္းမ်ားကို စနစ္တက်တာဝန္ခ်ထားႏိုင္ရန္ စတင္ေဆာင္ရြက္ေနၿပီဟု ၎က ဆိုသည္။

” Dog Bite Center ေတြ ဖြင့္လွစ္ဖို႔ ဘတ္ဂ်က္သံုးစြဲမႈက ကြၽန္ေတာ္ေျပာရတာေတာ့ နည္းနည္းခက္ပါတယ္။ လက္ရွိလည္း ဒီလုပ္ငန္းေတြေဆာင္ရြက္ေနတယ္။ ဒါကိုပဲ ကြၽန္ေတာ္တို႔က အထူးအေနနဲ႔ သီးသန္႔ေလး စီစဥ္ၿပီးေတာ့ လုပ္ေဆာင္တာပါ။ လက္ရွိက ေဆးကိုအသား ထဲထိုးသလို အဓိကအေရျပားထဲထိုးႏိုင္ ေအာင္လုပ္ေနတယ္။ ဒါကိုပီပီျပင္ျပင္ျဖစ္သြားေအာင္ ေနရာသီးသန္႔လုပ္ၿပီးစီစဥ္တဲ့သေဘာပါ။ ဆိုလိုခ်င္တာေတာ့ ေဆး႐ံုမွာရွိတဲ့ လက္ရွိေဆာင္ရြက္တဲ့ေနရာေတြနဲ႔ ေဆာင္ရြက္တဲ့တခ်ဳိ႕ပစၥည္းေတြ လူအင္ အားကိုသီးသန္႔ခြဲၿပီးေတာ့ပဲ ေဆာင္ရြက္ခိုင္းတာပါ”ဟု ေဒါက္တာထြန္းတင္က ေျပာသည္။

ယင္းသို႔ ေဆာင္ရြက္ရာတြင္ ေခြး႐ူးျပန္ကာကြယ္ေဆးထားသိုရန္ ေရခဲေသတၲာမ်ားနွင့္ ကုသမႈျပဳလုပ္သည့္ ေဆးပစၥည္းမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနဘတ္ဂ်က္ထဲမွ ခြဲေဝသံုးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

Dog Bite Center မ်ား ဖြင့္လွစ္ၿပီးပါက ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆးကို ၾကြက္သားထဲသို႔ ထိုးႏွံျခင္း (intra-muscular) အစား ကမၻာ႔က်န္းမာေရးအဖြဲ႕မွ အသိအမွတ္ျပဳထားသည့္အက်ဳိးထိေရာက္မႈတန္းတူျဖစ္ၿပီး ေဆးဝါးကုန္က်မႈ ထက္ဝက္သက္သာေသာအေရျပားထဲသို႔ထိုးႏွံျခင္း (intradermal) ကို က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးျပဳေဆာင္ရြက္သြားမည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ေခြးကိုက္ခံရသူအေရအတြက္ တစထက္တစ မ်ားျပားလ်က္ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနမွရရွိ ထားသည့္ စာရင္းဇယားမ်ားအရ ၂ဝ၁၈ ခုႏွစ္အတြင္း ေခြးကိုက္ခံရသူ ၁၉ဝ,ဝဝဝ ေက်ာ္ရွိကာ ဝန္ႀကီးဌာနမွ ႏွစ္အလိုက္ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆး (anti rabies vaccine) ႏွင့္ ေခြး႐ူးျပန္ေရာဂါကုသမႈ ပဋိပစၥည္း (rabies immunoglo-bulin) မ်ားအား ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္ ဘ႑ာႏွစ္တြင္ က်ပ္ေငြ ၅ ဒသမ ၄ ဘီလီ ယံခန္႔သုံးစြဲ ဝယ္ယူခဲ့ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ သိရသည္။

Dog Bite Center မ်ားကို ရန္ကုန္တိုင္းေဒသႀကီးအတြင္းသာမက မႏၱေလးတိုင္းေဒသႀကီး၌ပါ ၂ဝ၁၉ ခုႏွစ္ ေမလတြင္ စတင္ဖြင့္လွစ္ႏိုင္ရန္ေဆာင္ရြက္ေနၿပီး အျခားလိုအပ္သည့္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီး တြင္လည္း ထပ္မံ၍ဖြင့္လွစ္ႏိုင္ရန္လုပ္ေဆာင္သြားမည္ဟု ေဒါက္တာထြန္းတင္က ဆက္လက္ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေက်ာ္သူ
News Watch

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီး ၄ ခုတွင် ခွေးကိုက်ခံရသည့်လူနာများအား ကုသရေးဌာန (Dog Bite Center) များကို မေလမကုန်ခင် စတင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ခွေးကိုက်ခံရသည့်လူနာများကို ပိုမိုစနစ်ကျစွာဖြင့် ဆေးအလေအလွင့်နည်းပါးစွာကုသမှုပေးနိုင်ရန် Dog Bite Center များကို ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ရန်စတင်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က News Watch သို့ ပြောသည်။

‘‘လောလောဆယ် ရန်ကုန်မြို့ဆေးရုံကြီးတွေမှာ ခွေးကိုက်ခံရလို့ ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံ ကြတဲ့ လူနာအနေအထားရယ်။ ဆက်သွယ်ရေးအရ အဆင်ပြေမယ့်နေရာတွေကို ရည်ရွယ်ပြီး ၄ နေရာလောက် ဖွင့်ဖို့ လျာထားပါတယ်”ဟု ၎င်းက ပြောသည်။

ခွေးကိုက်ခံရသည့် လူနာများအားကုသရေးဌာန (Dog Bite Center) များကို ဆေးရုံကြီးများတွင် ခွေးကိုက်ခံရ သည့် လူနာများလွယ်လွယ်ကူကူ ဆက်သွယ်ဆောင်ရွက်နိုင်ရန် နေရာသီးသန့်လုပ်ဆောင်နေပြီး ဝန်ထမ်းများကို စနစ်တကျတာဝန်ချထားနိုင်ရန် စတင်ဆောင်ရွက်နေပြီဟု ၎င်းက ဆိုသည်။

” Dog Bite Center တွေ ဖွင့်လှစ်ဖို့ ဘတ်ဂျက်သုံးစွဲမှုက ကျွန်တော်ပြောရတာတော့ နည်းနည်းခက်ပါတယ်။ လက်ရှိလည်း ဒီလုပ်ငန်းတွေဆောင်ရွက်နေတယ်။ ဒါကိုပဲ ကျွန်တော်တို့က အထူးအနေနဲ့ သီးသန့်လေး စီစဉ်ပြီးတော့ လုပ်ဆောင်တာပါ။ လက်ရှိက ဆေးကိုအသား ထဲထိုးသလို အဓိကအရေပြားထဲထိုးနိုင် အောင်လုပ်နေတယ်။ ဒါကိုပီပီပြင်ပြင်ဖြစ်သွားအောင် နေရာသီးသန့်လုပ်ပြီးစီစဉ်တဲ့သဘောပါ။ ဆိုလိုချင်တာတော့ ဆေးရုံမှာရှိတဲ့ လက်ရှိဆောင်ရွက်တဲ့နေရာတွေနဲ့ ဆောင်ရွက်တဲ့တချို့ပစ္စည်းတွေ လူအင် အားကိုသီးသန့်ခွဲပြီးတော့ပဲ ဆောင်ရွက်ခိုင်းတာပါ”ဟု ဒေါက်တာထွန်းတင်က ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ခွေးရူးပြန်ကာကွယ်ဆေးထားသိုရန် ရေခဲသေတ္တာများနှင့် ကုသမှုပြုလုပ်သည့် ဆေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘတ်ဂျက်ထဲမှ ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Dog Bite Center များ ဖွင့်လှစ်ပြီးပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြွက်သားထဲသို့ ထိုးနှံခြင်း (intra-muscular) အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့်အကျိုးထိရောက်မှုတန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက်သက်သာသောအရေပြားထဲသို့ထိုးနှံခြင်း (intradermal) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသူအရေအတွက် တစထက်တစ များပြားလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှရရှိ ထားသည့် စာရင်းဇယားများအရ ၂ဝ၁၈ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၁၉ဝ,ဝဝဝ ကျော်ရှိကာ ဝန်ကြီးဌာနမှ နှစ်အလိုက်ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) နှင့် ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်း (rabies immunoglo-bulin) များအား ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၅ ဒသမ ၄ ဘီလီ ယံခန့်သုံးစွဲ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

Dog Bite Center များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက မန္တလေးတိုင်းဒေသကြီး၌ပါ ၂ဝ၁၉ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေပြီး အခြားလိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး တွင်လည်း ထပ်မံ၍ဖွင့်လှစ်နိုင်ရန်လုပ်ဆောင်သွားမည်ဟု ဒေါက်တာထွန်းတင်က ဆက်လက်ပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကျော်သူ

News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top