အရွင္ဉာဏိႆရေလာင္းလ်ာကို ခမည္းေတာ္ ဦးေမာင္ညိဳ+မယ္ေတာ္ ေဒၚသန္းတင္တို႕က ျမန္မာသကၠရာဇ္ ၁၂၉၈ ခုႏွစ္၊ ခရစ္ႏွစ္အားျဖင့္ ၂၃-၂-၁၉၃၇ တေပါင္းလျပည့္၊ အဂၤါေန႕တြင္ ဖြားျမင္ခ့ဲသည္။

အဂၤါေန႕သားျဖစ္၍ ဆရာေတာ္ေလာင္းလ်ာကို ေမာင္စံသိန္းဟု အမည္ေပးသည္။ ေမာင္စံသိန္းသည္ သာသမီး (၅) ေယာက္အနက္ အၾကီးဆုံးျဖစ္သည္။

၁၉၃၇ – ပဲခူးတိုင္း သဲကုန္းျမိဳ႕နယ္တြင္ ဖြားျမင္သည္။

၁၉၄၄ – သဲကုန္းျမိဳ႕၊ တပ္ရြာဘုန္းေတာ္ၾကီးသင္ အလယ္တန္းေက်ာင္းတြင္ ပညာ စတင္ ဆည္းပူးသည္။

၁၉၅၂ – ရွင္သာမေဏျပဳသည္။

၁၉၅၅-၅၇ – အငယ္တန္း၊ အလတ္တန္း၊ အၾကီးတန္း ပရိယတိၱစာေမးပြဲမ်ားေအာင္ျမင္သည္။

၁၉၅၈ – သက္ေတာ္ (၂၀)အရြယ္တြင္ သဲကုန္းျမိဳ႕၊ အလယ္ေက်ာင္း ခ႑သိမ္၌ ရဟန္းအျဖစ္သို႕ ေရာက္ရွိသည္။

၁၉၅၈ – မႏၲေလးျမိဳ႕ ခင္မကန္ပါဠိတကၠသိုလ္မွ ဓမၼာစရိယ စာေမးပြဲေအာင္ျမင္သည္။

၁၉၆၁ – အစိုးရ ပထမျပန္စာေမးပြဲတြင္ ဓမၼာစရိယတန္းေအာင္ျမင္၍ သာသနဓဇ ဓမၼာစရိယဘြဲ႕ ရရွိခ့ဲသည္။

၁၉၆၄ – ရန္ကုန္ျမိဳ႕ ကမ႓ာေအးသံဃာ့တကၠသိုလ္တြင္ သာသနာျပဳ ပညာရပ္မ်ားကို သင္ၾကား၍ ဗုဒၶေဒသနာဆရာျဖစ္ သင္တန္းကို ေအာင္ျမင္ခ့ဲသည္။

၁၉၆၅ – ဧရာဝတီတိုင္း၊ ေလးမ်က္ႏွာျမိဳ႕ ဘီ.ဘီ.အမ္.ေအေခၚ ျမန္မာဗုဒၶသာသနာျပဳေက်ာင္းတြင္ ေက်ာင္းအုပ္တာဝန္ႏွင့္ အုပ္ခ်ဳပ္ေရးမွဴးတာဝန္တို႕ကို ထမ္းေဆာင္လ်က္ ပရဟိတလုပ္ငန္းမ်ား၌ ပါဝင္ေဆာင္ရြက္ခ့ဲသည္။

၁၉၆၈ – စစ္ကိုင္းေတာင္႐ိုး၊ ဟံသာဂီရိေခ်ာင္သို႕ေျပာင္းေရြ႕၍ သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားကို ပရိယတိၱစာေပမ်ား သင္ၾကားေပး၍ စာခ်ဆရာေတာ္အျဖစ္ ေဆာင္ရြက္သည္။ တစ္ဖက္ကလည္း အနီးစခန္းဆရာေတာ္ၾကီး (အဂၢမဟာပ႑ိတ) ထံတြင္ အဂၤလိပ္စာႏွင့္ ပိဋကတ္က်မ္းစာမ်ားကို အဂၤလိပ္ဘာသာျဖင့္ သင္ယူခ့ဲသည္။

၁၉၇၂-၁၉၇၅ – မြန္ျပည္နယ္၊ ေပါင္ျမိဳ႕နယ္ သပိတ္အိုင္ေတာရ၌ ေတာရေဆာက္တည္၍ ဝိပႆနာတရား အားထုတ္ခ့ဲသည္။

၁၉၇၅ – မႏၲေလးမလြန္ဆန္လွဴအသင္း တရားပြဲမွစ၍ ျမန္မာျပည္တစ္ဝန္းလုံးသို႕ ေန႕ညမအား တရားဓမၼမ်ား ေဟာၾကားခ့ဲသည္။

၁၉၇၇ – စစ္ကိုင္းေတာင္႐ိုးတြင္ သဒၶမၼသီတဂူေခ်ာင္ကို တည္ေထာင္ခ့ဲသည္။ သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားကို စာခ်၍ တစ္ဖက္ကလည္း နိုင္ငံအႏွံ႕တရားမ်ားေဟာၾကားသည္။

၁၉၇၈ – သီတဂူသာသနာျပဳအဖြဲ႕ကို စတင္ဖြဲ႕စည္း တည္ေထာင္သည္။

၁၉၈၀ – သီတဂူ ေရအလွဴေတာ္စီမံကိန္းကို စတင္ေဆာင္ရြက္သည္။

၁၉၈၅ – သီတဂူအာယုဒါနေဆး႐ုံကို စတင္ တည္ေဆာက္သည္။

၁၉၉၀ – သီတဂူအာယုဒါနေဆး႐ုံကို စတင္ဖြင့္လွစ္၍ လူနာမ်ားကို ေဆးဝါးကုသေပးသည္။

၁၉၉၄ – အေမရိကန္နိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕တြင္ ေထရဝါဒဓမၼအသင္းကို တည္ေထာင္သည္။

၁၉၉၆ – စစ္ကိုင္းေတာင္႐ိုးတြင္ အျပည္ျပည္ဆိုင္ရာ သီတဂူ ကမ႓ာ့ဗုဒၶတကၠသိုလ္ၾကီးကို စတင္ တည္ေထာင္ ဖြင့္လွစ္သည္။

၁၉၉၇ – နိုင္ငံေတာ္အစိုးရက အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ကို ဆက္ကပ္ပူေဇာ္သည္။

၂၀၀၄ – ရန္ကုန္တကၠသိုလ္က ဂုဏ္ထူးေဆာင္ စာေပပါရဂူ (D.Litt) ဘြဲ႕ ဆက္ကပ္လွဴဒါန္းသည္။

၂၀၀၄ – ရန္ကုန္ျမိဳ႕တြင္ ကမ႓ာ့ဗုဒၶဘာသာ ထိပ္သီးညီလာခံၾကီးကို ဦးေဆာင္က်င္းပ ခ့ဲသည္။

၂၀၀၅ – ထိုင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ႕ မဟာခ်ဴလာေလာင္ကြန္းတကၠသိုလ္က ဂုဏ္ထူးေဆာင္ ပါရဂူ (Ph.D) ဘြဲ႕ ဆက္ကပ္လွဴဒါန္းသည္။

၂၀၀၈ – အိႏၵိယနိုင္ငံ နဝနာလႏၵတကၠသိုလ္က ပါရဂူ (Ph.D) ဘြဲ႕ ဆက္ကပ္လွဴဒါန္းသည္။

၂-၃-၂၀၀၈တြင္ နာဂစ္မုန္တိုင္းဒဏ္ခံရေသာ ဧရာဝတီတိုင္းရွိ ေလေဘးသင့္ ျပည္သူမ်ားအတြက္ ျပည္တြင္းျပည္ပမွ အလွဴေငြမ်ားေကာက္ခံ၍ ေဒၚလာ သန္းေပါင္း (၈၀) လွဴဒါန္းခ့ဲသည္။

၂၀၀၉ – ေရႊက်င္နိကာယဂိုဏ္းၾကီးက ဝိသိ႒ပုဂၢလသကလရ႒ သာသေနာပကာရက ဘြဲ႕တံဆိပ္ေတာ္ ခ်ီးျမွင့္သည္။

အျပည္ျပည္ဆိုင္ရာ သီတဂူကမ႓ာ့ဗုဒၶတကၠသိုလ္တြင္ ဒုတိယအၾကိမ္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶတကၠသိုလ္မ်ား ညီလာခံကို ဦးေဆာင္က်င္းပခ့ဲသည္။

ထိုင္းနိုင္ငံ မဟာကုတ္တကၠသိုလ္က ဂုဏ္ထူးေဆာင္ ပါရဂူ (Ph.D) ဘြဲ႕ ဆက္ကပ္လွဴဒါန္းခ့ဲသည္။

ဝိုင္အမ္ဘီေအအသင္းၾကီးက အဂၢမဟာ မဂၤလဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္ ဆက္ကပ္လွဴဒါန္းသည္။ မႏၲေလးျမိဳ႕တြင္ သီတဂူဗုဒၶတကၠသိုလ္ကို တည္ေထာင္ဖြင့္လွစ္သည္။

၂၀၁၀ – ၂၀၁၀ျပည့္ႏွစ္အထိ ဆရာေတာ္သည္ အဂၤလိပ္ဘာသာျဖင့္လည္းေကာင္း၊ ျမန္မာဘာသာျဖင့္လည္းေကာင္း က်မ္းမ်ား၊

စာအုပ္မ်ား (၂၀၀)ေက်ာ္ ေရးသားျပဳစုထုတ္ေဝခ့ဲသည္။ စစ္ကိုင္းေတာင္႐ိုး၌ အျပည္ျပည္ဆိုင္ရာ သီတဂူဝိပႆနာ ကမၼ႒ာန္းဌာနၾကီး ဖြင့္လွစ္နိုင္ရန္ စီမံကိန္းမ်ား ခ်မွတ္၍ စတင္ေဆာင္ရြက္လ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:[ဆရာ မင္းယုေဝ ၏ ၂၆-၉-၂၀၁၀(သီတဂူဆရာေတာ္ေဒါက္တာအရွင္ဉာဏိႆရ၏ ဘဝျဖစ္စဥ္အက်ဥ္း) စာအုပ္ စာ ၁၆၈၊ ၁၇၀ မွ ]
# Unicode Version # ျဖင့္ ဖတ္ပါ #

အရှင်ဉာဏိဿရလောင်းလျာကို ခမည်းတော် ဦးမောင်ညို+မယ်တော် ဒေါ်သန်းတင်တို့က မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်၊ ခရစ်နှစ်အားဖြင့် ၂၃-၂-၁၉၃၇ တပေါင်းလပြည့်၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။

အင်္ဂါနေ့သားဖြစ်၍ ဆရာတော်လောင်းလျာကို မောင်စံသိန်းဟု အမည်ပေးသည်။ မောင်စံသိန်းသည် သာသမီး (၅) ယောက်အနက် အကြီးဆုံးဖြစ်သည်။

၁၉၃၇ – ပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် ဖွားမြင်သည်။

၁၉၄၄ – သဲကုန်းမြို့၊ တပ်ရွာဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းတွင် ပညာ စတင် ဆည်းပူးသည်။

၁၉၅၂ – ရှင်သာမဏေပြုသည်။

၁၉၅၅-၅၇ – အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း ပရိယတ္တိစာမေးပွဲများအောင်မြင်သည်။

၁၉၅၈ – သက်တော် (၂၀)အရွယ်တွင် သဲကုန်းမြို့၊ အလယ်ကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

၁၉၅၈ – မန္တလေးမြို့ ခင်မကန်ပါဠိတက္ကသိုလ်မှ ဓမ္မာစရိယ စာမေးပွဲအောင်မြင်သည်။

၁၉၆၁ – အစိုးရ ပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။

၁၉၆၄ – ရန်ကုန်မြို့ ကမ္ဘာအေးသံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များကို သင်ကြား၍ ဗုဒ္ဓဒေသနာဆရာဖြစ် သင်တန်းကို အောင်မြင်ခဲ့သည်။

၁၉၆၅ – ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ ဘီ.ဘီ.အမ်.အေခေါ် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတွင် ကျောင်းအုပ်တာဝန်နှင့် အုပ်ချုပ်ရေးမှူးတာဝန်တို့ကို ထမ်းဆောင်လျက် ပရဟိတလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၆၈ – စစ်ကိုင်းတောင်ရိုး၊ ဟံသာဂီရိချောင်သို့ပြောင်းရွေ့၍ သံဃာတော်များနှင့် သီလရှင်များကို ပရိယတ္တိစာပေများ သင်ကြားပေး၍ စာချဆရာတော်အဖြစ် ဆောင်ရွက်သည်။ တစ်ဖက်ကလည်း အနီးစခန်းဆရာတော်ကြီး (အဂ္ဂမဟာပဏ္ဍိတ) ထံတွင် အင်္ဂလိပ်စာနှင့် ပိဋကတ်ကျမ်းစာများကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူခဲ့သည်။

၁၉၇၂-၁၉၇၅ – မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ၌ တောရဆောက်တည်၍ ဝိပဿနာတရား အားထုတ်ခဲ့သည်။

၁၉၇၅ – မန္တလေးမလွန်ဆန်လှူအသင်း တရားပွဲမှစ၍ မြန်မာပြည်တစ်ဝန်းလုံးသို့ နေ့ညမအား တရားဓမ္မများ ဟောကြားခဲ့သည်။

၁၉၇၇ – စစ်ကိုင်းတောင်ရိုးတွင် သဒ္ဓမ္မသီတဂူချောင်ကို တည်ထောင်ခဲ့သည်။ သံဃာတော်များနှင့် သီလရှင်များကို စာချ၍ တစ်ဖက်ကလည်း နိုင်ငံအနှံ့တရားများဟောကြားသည်။

၁၉၇၈ – သီတဂူသာသနာပြုအဖွဲ့ကို စတင်ဖွဲ့စည်း တည်ထောင်သည်။

၁၉၈၀ – သီတဂူ ရေအလှူတော်စီမံကိန်းကို စတင်ဆောင်ရွက်သည်။

၁၉၈၅ – သီတဂူအာယုဒါနဆေးရုံကို စတင် တည်ဆောက်သည်။

၁၉၉၀ – သီတဂူအာယုဒါနဆေးရုံကို စတင်ဖွင့်လှစ်၍ လူနာများကို ဆေးဝါးကုသပေးသည်။

၁၉၉၄ – အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့တွင် ထေရဝါဒဓမ္မအသင်းကို တည်ထောင်သည်။

၁၉၉၆ – စစ်ကိုင်းတောင်ရိုးတွင် အပြည်ပြည်ဆိုင်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို စတင် တည်ထောင် ဖွင့်လှစ်သည်။

၁၉၉၇ – နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။

၂၀၀၄ – ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။

၂၀၀၄ – ရန်ကုန်မြို့တွင် ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကြီးကို ဦးဆောင်ကျင်းပ ခဲ့သည်။

၂၀၀၅ – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။

၂၀၀၈ – အိန္ဒိယနိုင်ငံ နဝနာလန္ဒတက္ကသိုလ်က ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းသည်။

၂-၃-၂၀၀၈တွင် နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းရှိ လေဘေးသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ အလှူငွေများကောက်ခံ၍ ဒေါ်လာ သန်းပေါင်း (၈၀) လှူဒါန်းခဲ့သည်။

၂၀၀၉ – ရွှေကျင်နိကာယဂိုဏ်းကြီးက ဝိသိဋ္ဌပုဂ္ဂလသကလရဋ္ဌ သာသနောပကာရက ဘွဲ့တံဆိပ်တော် ချီးမြှင့်သည်။

အပြည်ပြည်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံကို ဦးဆောင်ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံ မဟာကုတ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူ (Ph.D) ဘွဲ့ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဝိုင်အမ်ဘီအေအသင်းကြီးက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည်။ မန္တလေးမြို့တွင် သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်သည်။

၂၀၁၀ – ၂၀၁၀ပြည့်နှစ်အထိ ဆရာတော်သည် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ကျမ်းများ၊

စာအုပ်များ (၂၀၀)ကျော် ရေးသားပြုစုထုတ်ဝေခဲ့သည်။ စစ်ကိုင်းတောင်ရိုး၌ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာ ကမ္မဋ္ဌာန်းဌာနကြီး ဖွင့်လှစ်နိုင်ရန် စီမံကိန်းများ ချမှတ်၍ စတင်ဆောင်ရွက်လျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:[ဆရာ မင်းယုဝေ ၏ ၂၆-၉-၂၀၁၀(သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ၏ ဘဝဖြစ်စဉ်အကျဉ်း) စာအုပ် စာ ၁၆၈၊ ၁၇၀ မှ ]
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top