The Voice Myanmar 2019 ၿပိဳင္ပြဲကေတာ့ ၿပီးခဲ့တဲ့ ေမလ၅ရက္ေန႔ တနဂၤေႏြေန႔မွာ ၿပိဳင္ပြဲရဲ႕အ႐ိွန္ျမင့္ဆံုးအပိုင္းျဖစ္တဲ့ Battle Round ေနာက္ဆံုးအပတ္အျဖစ္ယွဥ္ၿပိဳင္သီဆိုသြားခဲ့ၾကပါတယ္။ Battleရဲ႕သေဘာအရ ၿပိဳင္ပြဲႏွစ္ေယာက္ထဲက တစ္ေယာက္သာၿပိဳင္ပြဲမွာဆက္လက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္ၿပီး က်န္တဲ့(Coach ရဲ႕ေရြးခ်ယ္ျခင္းကိုမခံရတဲ့)တစ္ေယာက္ကေတာ့ ၿပိဳင္ပြဲကေနႏႈတ္ဆက္ထြက္ခြါသြားရမွာပါ။

အဲ့ဒီမွာ အခြင့္အေရးတစ္ခု႐ိွတာက ဒီႏွစ္မွ စတင္ထည့္ခဲ့တဲ့ ထုတ္ပယ္ခံလိုက္ရတဲ့ ၿပိဳင္ပြဲဝင္ကို တျခားဒိုင္တစ္ဦးဦးကေန ျပန္လည္ကယ္ယူတဲ့ Steal ဆိုတဲ့စနစ္တစ္ခုေၾကာင့္ေ႐ွ႕အပတ္ေတြက ၿပိဳင္ပြဲဝင္တခ်ိဳ႔ကေတာ့ ဒုတိယအႀကိမ္အခြင့္အေရးကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

ေနာက္ဆံုး Battle Round အပတ္မွာ Team Rဇာနည္ ရဲ႕အဖြဲ႕ဝင္ႏွစ္ေယာက္ျဖစ္တဲ့ June Rose နဲ႔ Oram တို႔ႏွစ္ေယာက္က ျမန္မာႏိုင္ငံရဲ႕Mariah Careyလို႔ေတာင္တင္စားေခၚေဝၚၾကတဲ့ တင္ဇာေမာ္ရဲ႕သီဆိုၿပီး ေတးေရး မင္းခ်စ္သူေရးထားတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ စုန္းမ သီခ်င္းကို ႏွစ္ေယာက္သီဆိုၾကခဲ့ပါတယ္။ အဲ့ဒီသီခ်င္းကိုသီဆိုခဲ့တဲ့အခ်ိန္မွာ အမွားအယြင္းမ်ားစြာနဲ႔ သီဆိုခဲ့ၾကတယ္ဆိုတာကို The Voice Myanmar ၾကည့္တဲ့ မိတ္ေဆြေတြအကုန္လံုးလဲ သိျမင္ၿပီးသားျဖစ္ပါတယ္။

အဲ့ဒီအမွားေတြအေပၚမွာ သူတို႔ရဲ႕Coach ျဖစ္သူ Rဇာနည္ကေတာ့ “ အစ္ကိုက သံုးသပ္သာထက္ သူတို႔ကိုဆူခ်င္တာမ်ိဳး ျဖစ္သြားတယ္။ ခုနကေျပာသလိုမ်ိဳး မေခၚၾကတဲ့ပံုစံမ်ိဳးနဲ႔လည္းဆိုစရာမလိုဘူးဆိုတာကို ေျပာၿပီးသြားၿပီ။ ဆိုတဲ့အခ်ိန္လံုးဝႏွစ္ေယာက္စလံုးဆိုခ်င္သလိုဆိုပစ္လိုက္ ဒါမ်ိဳးကေတာ့မွားလို႔ေတာ့ရတယ္။



ဒီေလာက္ႀကီးဆိုးဆိုး႐ြား႐ြားႀကီးကေတာ့ စင္ေပၚမွာလုပ္လို႔မရဘူးေလ။ စင္ေပၚမွာေလ အကုန္လံုးကလည္းၾကည့္ေနၾကတယ္ဆိုေတာ့ ။အဲ့တာမ်ိဳးေနာက္ျဖစ္လို႔ေတာ့မရဘူး ။ဒီLevelမွာဒီလိုပံုစံမ်ိဳးနဲ႔ယွဥ္ၿပိဳင္လို႔မရဘူးလို႔ေျပာခ်င္တာေပါ့။ႏွစ္ေယာက္စလံုးမွာအျပစ္ေတြ႐ိွတာ သိတယ္မဟုတ္လားကိုယ့္ဘာသာကိုယ္ ။ Rehearsal ေတြဘာေတြဆိုတာေတာက္ေလွ်ာက္ေကာင္းလာတဲ့ဟာကို တိုက္တို႔ကေကာင္းလာတဲ့ဟာကို ။

ဒါေပမဲ့ကိုယ္တစ္ေယာက္ကို ေ႐ြးရမယ္ဆိုေတာ့ မေကာင္းတဲ့ႏွစ္ေယာက္ထဲက တစ္ေယာက္ကိုေ႐ြးရမယ့္ပံုစံျဖစ္ေနတာ ။ အရည္အခ်င္းေလးေတြက႐ိွပါတယ္။ အဲ့ဒါကို မသံုးတတ္တဲ့အေနအထားမ်ိဳးေလးေတြျဖစ္ေနတာေပါ့ ။”လို႔မွတ္ခ်က္ေပးသြးၿပီ June Rose ကိုေနာက္တစ္ဆင့္တက္ဖို႔ေရြးခ်ယ္လိုက္ပါတယ္။

က်န္ခဲ့တဲ့သူတစ္ေယာက္ျဖစ္တဲ့ Oram ကေတာ့ ႏႈတ္ဆက္စကားေျပာတဲ့အခ်ိန္မွာ “ တစ္ခါေလာက္ျဖစ္ျဖစ္ေတာ့ ဒီထက္ပိုၿပီးလုပ္ျပခ်င္တယ္”ဆိုၿပီးေတာ့ သူ႔ကိုStealလုပ္မယ့္အခြင့္အေရးကိုေတာင္းဆိုခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ Coach က်ားေပါက္ကေနၿပီး Steal လုပ္ခဲ့တာျဖစ္တဲ့အတြက္အေၾကာင့္ Oram တစ္ေယာက္ၿပိဳင္ပြဲမွာဆက္လက္ယွဥ္ၿပိဳင္ဖို႔ေနာက္ထပ္အခြင့္အေရးတစ္ခုရသြားတာပဲျဖစ္ပါတယ္။ က်ားေပါက္ကသူ Steal လုပ္ရတဲ့အေၾကာင္းအရင္းကို “ဘာလို႔လဲဆိုတာ က်ေနာ္ေျပာျပမယ္ ။ခုနကသူတစ္ခ်က္မွားသြားတဲ့အခ်ိန္မွာ အား ဆိုၿပီးအဲ့ဒီလိုျဖစ္ၿပီးေတာ့သြားၿပီဆိုၿပီး ျဖစ္သြားတယ္။

So က်ေနာ္သူ႔ေနရာမွာကိုယ္ခ်င္းစာတယ္။ ကိုယ္ဆိုလည္း One Chance ပဲရတာအေကာင္းဆံုးလုပ္ျပခ်င္တယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္သြားတယ္။ So ေနာက္တစ္ခု Try ၾကည့္တာေပါ့ ။ဘာျဖစ္လာမလဲၾကည့္တာေပါ့”ဆိုၿပီးေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


The Voice Myanmar 2019 ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ မေလ၅ရက်နေ့ တနင်္ဂနွေနေ့မှာ ပြိုင်ပွဲရဲ့အရှိန်မြင့်ဆုံးအပိုင်းဖြစ်တဲ့ Battle Round နောက်ဆုံးအပတ်အဖြစ်ယှဉ်ပြိုင်သီဆိုသွားခဲ့ကြပါတယ်။ Battleရဲ့သဘောအရ ပြိုင်ပွဲနှစ်ယောက်ထဲက တစ်ယောက်သာပြိုင်ပွဲမှာဆက်လက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ကျန်တဲ့(Coach ရဲ့ရွေးချယ်ခြင်းကိုမခံရတဲ့)တစ်ယောက်ကတော့ ပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွါသွားရမှာပါ။

အဲ့ဒီမှာ အခွင့်အရေးတစ်ခုရှိတာက ဒီနှစ်မှ စတင်ထည့်ခဲ့တဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ပြိုင်ပွဲဝင်ကို တခြားဒိုင်တစ်ဦးဦးကနေ ပြန်လည်ကယ်ယူတဲ့ Steal ဆိုတဲ့စနစ်တစ်ခုကြောင့်ရှေ့အပတ်တွေက ပြိုင်ပွဲဝင်တချို့ကတော့ ဒုတိယအကြိမ်အခွင့်အရေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

နောက်ဆုံး Battle Round အပတ်မှာ Team Rဇာနည် ရဲ့အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ June Rose နဲ့ Oram တို့နှစ်ယောက်က မြန်မာနိုင်ငံရဲ့Mariah Careyလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ တင်ဇာမော်ရဲ့သီဆိုပြီး တေးရေး မင်းချစ်သူရေးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ စုန်းမ သီချင်းကို နှစ်ယောက်သီဆိုကြခဲ့ပါတယ်။ အဲ့ဒီသီချင်းကိုသီဆိုခဲ့တဲ့အချိန်မှာ အမှားအယွင်းများစွာနဲ့ သီဆိုခဲ့ကြတယ်ဆိုတာကို The Voice Myanmar ကြည့်တဲ့ မိတ်ဆွေတွေအကုန်လုံးလဲ သိမြင်ပြီးသားဖြစ်ပါတယ်။

အဲ့ဒီအမှားတွေအပေါ်မှာ သူတို့ရဲ့Coach ဖြစ်သူ Rဇာနည်ကတော့ “ အစ်ကိုက သုံးသပ်သာထက် သူတို့ကိုဆူချင်တာမျိုး ဖြစ်သွားတယ်။ ခုနကပြောသလိုမျိုး မခေါ်ကြတဲ့ပုံစံမျိုးနဲ့လည်းဆိုစရာမလိုဘူးဆိုတာကို ပြောပြီးသွားပြီ။ ဆိုတဲ့အချိန်လုံးဝနှစ်ယောက်စလုံးဆိုချင်သလိုဆိုပစ်လိုက် ဒါမျိုးကတော့မှားလို့တော့ရတယ်။

ဒီလောက်ကြီးဆိုးဆိုးရွားရွားကြီးကတော့ စင်ပေါ်မှာလုပ်လို့မရဘူးလေ။ စင်ပေါ်မှာလေ အကုန်လုံးကလည်းကြည့်နေကြတယ်ဆိုတော့ ။အဲ့တာမျိုးနောက်ဖြစ်လို့တော့မရဘူး ။ဒီLevelမှာဒီလိုပုံစံမျိုးနဲ့ယှဉ်ပြိုင်လို့မရဘူးလို့ပြောချင်တာပေါ့။နှစ်ယောက်စလုံးမှာအပြစ်တွေရှိတာ သိတယ်မဟုတ်လားကိုယ့်ဘာသာကိုယ် ။ Rehearsal တွေဘာတွေဆိုတာတောက်လျှောက်ကောင်းလာတဲ့ဟာကို တိုက်တို့ကကောင်းလာတဲ့ဟာကို ။

ဒါပေမဲ့ကိုယ်တစ်ယောက်ကို ရွေးရမယ်ဆိုတော့ မကောင်းတဲ့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးရမယ့်ပုံစံဖြစ်နေတာ ။ အရည်အချင်းလေးတွေကရှိပါတယ်။ အဲ့ဒါကို မသုံးတတ်တဲ့အနေအထားမျိုးလေးတွေဖြစ်နေတာပေါ့ ။”လို့မှတ်ချက်ပေးသွးပြီ June Rose ကိုနောက်တစ်ဆင့်တက်ဖို့ရွေးချယ်လိုက်ပါတယ်။

ကျန်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ Oram ကတော့ နှုတ်ဆက်စကားပြောတဲ့အချိန်မှာ “ တစ်ခါလောက်ဖြစ်ဖြစ်တော့ ဒီထက်ပိုပြီးလုပ်ပြချင်တယ်”ဆိုပြီးတော့ သူ့ကိုStealလုပ်မယ့်အခွင့်အရေးကိုတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ Coach ကျားပေါက်ကနေပြီး Steal လုပ်ခဲ့တာဖြစ်တဲ့အတွက်အကြောင့် Oram တစ်ယောက်ပြိုင်ပွဲမှာဆက်လက်ယှဉ်ပြိုင်ဖို့နောက်ထပ်အခွင့်အရေးတစ်ခုရသွားတာပဲဖြစ်ပါတယ်။ ကျားပေါက်ကသူ Steal လုပ်ရတဲ့အကြောင်းအရင်းကို “ဘာလို့လဲဆိုတာ ကျနော်ပြောပြမယ် ။ခုနကသူတစ်ချက်မှားသွားတဲ့အချိန်မှာ အား ဆိုပြီးအဲ့ဒီလိုဖြစ်ပြီးတော့သွားပြီဆိုပြီး ဖြစ်သွားတယ်။

So ကျနော်သူ့နေရာမှာကိုယ်ချင်းစာတယ်။ ကိုယ်ဆိုလည်း One Chance ပဲရတာအကောင်းဆုံးလုပ်ပြချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သွားတယ်။ So နောက်တစ်ခု Try ကြည့်တာပေါ့ ။ဘာဖြစ်လာမလဲကြည့်တာပေါ့”ဆိုပြီးပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top