20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳက္ထီး႐ိုးေတာင္တစ္ဝိုက္တြင္ ေမ ၁၅ ရက္၊ ညက မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ မိုးႀကိဳးစက္ကြင္းထိမွန္ကာ က်ိဳက္ထီး႐ိုးေစတီေတာ္ရွိ ေရႊအခ်ိဳ႕ကြာက်ခဲ့ၿပီး CCTV ေစာင့္ၾကည့္ထိန္းခ်ဳပ္ခန္းမွ System Unite ပံုး ေလာင္ကြ်မ္းမႈျဖစ္ပြားခဲ့ေၾကာင္း က်ဳိက္ထီး႐ိုးေဂါပကအဖြဲ႔မွ သိရွိရသည္။

“ည ၁၀ နာရီေလာက္က မိုးေတာ္ေတာ္ရြာတယ္။ မိုးႀကိဳးလည္း သံုးႀကိမ္ေလာက္ပစ္တယ္။ မိုးႀကိဳးစက္ကြင္း မ လြတ္တဲ့ သေဘာပါ။ ဘုရားကေတာ့ အမ်ားႀကီး ထိခိုက္ပ်က္စီးတာမရွိဘူး။ ေရႊဖတ္ေတြ ကြာက်သြားတယ္။ ကြာက်သြားတဲ့ေနရာကို သ႐ိုးကိုင္ၿပီးေတာ့ ျပန္လုပ္သြားမွာပါ။ အခုမနက္(ေမ ၁၆ ရက္)က်ေတာ့ ကြာက်သြားတဲ့ ေရႊေတြက ေအာက္မွာ က်ေနေတာ့ ျပန္စုထားတာ။ ႏြံေတြေကာ သ႐ိုးပါတာေတြေကာ အမိႈက္ေတြေကာ ျပန္ျခစ္ယူထားတာ။ တစ္ပိႆာႏွစ္ဆယ္သားေလာက္ေတာ့ ျပန္ရထားတာ။ ေနာက္မွ ေရႊျပန္ထြက္လာေအာင္ ျပန္သန္႔စင္မွာပါ။”ဟု က်ဳိက္ထီး႐ိုးေဂါပကအဖြဲ႔ တာဝန္ခံ ဦးေက်ာ္ဝင္းလိႈင္က ေျပာသည္။

မိုးႀကိဳးစက္ကြင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားအား ၾသဝါဒဆရာေတာ္မ်ားထံ ခြင့္ေတာင္းကာ ျပန္လည္ျပဳ ျပင္မႈမ်ား ဆက္လက္ လုပ္ေဆာင္သြားရန္ရွိေၾကာင္း သိရသည္။

ေမလ ၁၅ ရက္ ည ၁၀ နာရီဝန္းက်င္တြင္ မိုးသည္းထန္စြာရြာသြန္းေနၿပီး က်ိဳက္ထီး႐ိုးေစတီေတာ္ ေတာင္တန္း ျမစိမ္းေတာင္ႏွင့္ စမေတာင္ လွ်ိဳအတြင္းသို႔ မိုးႀကိဳးပစ္ခဲ့ျခင္းေၾကာင့္ မိုးႀကိဳးစက္ကြင္းထိမွန္သျဖင့္ ေစတီေတာ္ ေက်ာက္လံုးေတာ္ႀကီး အေနာက္ေျမာက္ဘက္ အမ်ားျပည္သူေရႊသကၤန္းကပ္လွဴပူေဇာ္သည့္ေနရာ၏ အထက္ ၂ ေပခန္႔တြင္ ေရႊသကၤန္းကပ္လွဴပူေဇာ္ထားသည့္ေနရာမွ သစ္ေစးႏွင့္ ေရႊသ႐ိုးဖတ္မ်ားကြာက်ခဲ့ၿပီး မိုးႀကိဳးစက္ ကြင္းအရွိန္ေၾကာင့္ က်ိဳက္ထီး႐ိုးေစတီေတာ္တြင္ တပ္ဆင္ထားသည္ CCTV ၇၂ လုံးအား ထိန္းခ်ဳပ္သည့္ System Unite ပံုး တန္ဖိုး ၃ သိန္းက်ပ္ခန္႔ လာင္ကြ်မ္းသြားခဲ့ေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္တြင္လည္ မိုးႀကိဳးစက္ကြင္းထိမွန္မႈေၾကာင့္ ေစတီေတာ္မွေရႊျပားမ်ား အကြက္လိုက္ကြာက်မႈျဖစ္ေပၚ ခဲ့ၿပီး ေရႊ ၇ ပိသာခန္႔ကြာက်ခဲ့ဖူးေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေအာင္ျမင့္ထြန္း (ျမစ္မခ)
#Unicode Version#
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မေ ၁၅ ရက်၊ ညက မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ ကျိုက်ထီးရိုးစေတီတော်ရှိ ရွှေအချို့ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရှိရသည်။

“ည ၁၀ နာရီလောက်က မိုးတော်တော်ရွာတယ်။ မိုးကြိုးလည်း သုံးကြိမ်လောက်ပစ်တယ်။ မိုးကြိုးစက်ကွင်း မ လွတ်တဲ့ သဘောပါ။ ဘုရားကတော့ အများကြီး ထိခိုက်ပျက်စီးတာမရှိဘူး။ ရွှေဖတ်တွေ ကွာကျသွားတယ်။ ကွာကျသွားတဲ့နေရာကို သရိုးကိုင်ပြီးတော့ ပြန်လုပ်သွားမှာပါ။ အခုမနက်(မေ ၁၆ ရက်)ကျတော့ ကွာကျသွားတဲ့ ရွှေတွေက အောက်မှာ ကျနေတော့ ပြန်စုထားတာ။ နွံတွေကော သရိုးပါတာတွေကော အမှိုက်တွေကော ပြန်ခြစ်ယူထားတာ။ တစ်ပိဿာနှစ်ဆယ်သားလောက်တော့ ပြန်ရထားတာ။ နောက်မှ ရွှေပြန်ထွက်လာအောင် ပြန်သန့်စင်မှာပါ။”ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ တာဝန်ခံ ဦးကျော်ဝင်းလှိုင်က ပြောသည်။

မိုးကြိုးစက်ကွင်းကြောင့် ထိခိုက်ပျက်စီးမှုများအား သြဝါဒဆရာတော်များထံ ခွင့်တောင်းကာ ပြန်လည်ပြု ပြင်မှုများ ဆက်လက် လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

မေလ ၁၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး ကျိုက်ထီးရိုးစေတီတော် တောင်တန်း မြစိမ်းတောင်နှင့် စမတောင် လျှိုအတွင်းသို့ မိုးကြိုးပစ်ခဲ့ခြင်းကြောင့် မိုးကြိုးစက်ကွင်းထိမှန်သဖြင့် စေတီတော် ကျောက်လုံးတော်ကြီး အနောက်မြောက်ဘက် အများပြည်သူရွှေသင်္ကန်းကပ်လှူပူဇော်သည့်နေရာ၏ အထက် ၂ ပေခန့်တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည့်နေရာမှ သစ်စေးနှင့် ရွှေသရိုးဖတ်များကွာကျခဲ့ပြီး မိုးကြိုးစက် ကွင်းအရှိန်ကြောင့် ကျိုက်ထီးရိုးစေတီတော်တွင် တပ်ဆင်ထားသည် CCTV ၇၂ လုံးအား ထိန်းချုပ်သည့် System Unite ပုံး တန်ဖိုး ၃ သိန်းကျပ်ခန့် လာင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင်လည် မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် စေတီတော်မှရွှေပြားများ အကွက်လိုက်ကွာကျမှုဖြစ်ပေါ် ခဲ့ပြီး ရွှေ ၇ ပိသာခန့်ကွာကျခဲ့ဖူးကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:အောင်မြင့်ထွန်း (မြစ်မခ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top