ထူးျခားတဲ့ ပါရမီအသံနဲ႔ အျပစ္ကင္းစင္ လွပတဲ့ မ်က္ႏွာေလးေၾကာင့္ ပရိသတ္ေတြ ၾကိတ္ခိုက္ေနရသူေလးက အဆိုေတာ္ Mary ျဖစ္ပါတယ္။ ငယ္ငယ္တည္းက ဂ်ပန္မွာ အေနမ်ားေပမဲ့ ျမန္မာျပည္ကို ခ်စ္တယ္ဆိုတဲ့ မယ္ရီက ဖက္ရွင္ပိုင္းမွာလည္း ရိုးရွင္းသူ ျဖစ္ပါတယ္။ အေဖာ္ အခၽြတ္ေတြ မဝတ္ျဖစ္ဘဲ လံုလံုျခံဳျခံဳ ဝတ္တဲ့ အေၾကာင္းရင္းကို မယ္ရီက ခုလို ေျပာျပသြားပါတယ္။

“Sexy ျဖစ္တာထက္ smart ျဖစ္တဲ့ ပံုစံေလးကို ပိုသေဘာက်တယ္။ ဂ်ပန္ဖက္ရွင္ေတြ ဝတ္ခ်င္ေပမဲ့ ဒီမွာက ရွာရခက္တယ္။ မ်ားေသာအားျဖင့္ ဒီမွာ ေရာင္းတဲ့ အက်ၤ ီေတြက ပိုျပီးေတာ့ sexy က်တယ္ဆိုေတာ့ သိပ္သေဘာမက်ဘူး။ ေပါ့ေပါ့ပါးပါး ဝတ္ရတာေလးေတြပဲ ပိုၾကိဳက္တယ္။

မယ္ရီက ဝတ္ျပီဆိုရင္ လြတ္လြတ္လပ္လပ္နဲ႔ ေလွ်ာက္သြားလို႔ရတဲ့ စတိုင္ကို ပိုၾကိဳက္တယ္။ စကတ္အတိုေတြ ဆိုရင္ လမ္းေလွ်ာက္ရျပဳရ ဂရုစိုက္ေနရတယ္။ ေဘာင္းဘီအတို မဝတ္တာ ေတာ္ေတာ္ၾကာျပီ။ အျမဲအရွည္ပဲ ဝတ္တယ္။ အဓိကက ေဖာ္ဖို႔ လွဖို႔ေလာက္ အထိ ခႏၶာကိုယ္ မရွိေသးလို႔။” ဆိုျပီး ပြင့္ပြင့္လင္းလင္း ေျပာျပသြားပါတယ္။



မျပင္ဆင္ထားတဲ့ ရုပ္ကို ပရိသတ္ေတြေတြ႕ျဖစ္ရင္ ေတာင္းပန္ပါတယ္ဆိုျပီး မယ္ရီက ခုလိုေလး ေျပာျပသြားပါတယ္။

“အႏုပညာအလုပ္လုပ္ျပီဆိုရင္ ဘယ္သြားသြား အိမ္နားနီးပါး ထြက္ရင္ေတာင္မွ သပ္သပ္ရပ္ရပ္ ဝတ္ရမယ္ဆိုတဲ့ အေတြးေလးေတာ့ ရွိတယ္။ ဒါေပမဲ့ Mary က လိုက္မလုပ္ႏိုင္ပါဘူး။ အဓိကက ပြဲေတြဘာေတြဆိုရင္ေတာ့ မိတ္ကပ္ျပင္တယ္။ အျပင္သြားရင္ေတာ့ မိတ္ကပ္လည္း မျပင္ဘဲ သြားတာပဲ။

ဖက္ရွင္ကေတာ့ လုပ္ႏိုင္သူေတြ အတြက္ အေရးပါေပမဲ့ မယ္ရီက်ေတာ့ အလွအပ သိပ္စိတ္မဝင္စားေတာ့ အျပင္မွာေတြ႕လို႔ မလွမပ ဆိုရင္ sorry ပါလို႔။ ပူအုိက္တဲ့ ရာသီမွာ လြတ္လြတ္လပ္လပ္ေလး ေနခ်င္လို႕ပါ” လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

ထူးခြားတဲ့ ပါရမီအသံနဲ့ အပြစ်ကင်းစင် လှပတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ ကြိတ်ခိုက်နေရသူလေးက အဆိုတော် Mary ဖြစ်ပါတယ်။ ငယ်ငယ်တည်းက ဂျပန်မှာ အနေများပေမဲ့ မြန်မာပြည်ကို ချစ်တယ်ဆိုတဲ့ မယ်ရီက ဖက်ရှင်ပိုင်းမှာလည်း ရိုးရှင်းသူ ဖြစ်ပါတယ်။ အဖော် အချွတ်တွေ မဝတ်ဖြစ်ဘဲ လုံလုံခြုံခြုံ ဝတ်တဲ့ အကြောင်းရင်းကို မယ်ရီက ခုလို ပြောပြသွားပါတယ်။

“Sexy ဖြစ်တာထက် smart ဖြစ်တဲ့ ပုံစံလေးကို ပိုသဘောကျတယ်။ ဂျပန်ဖက်ရှင်တွေ ဝတ်ချင်ပေမဲ့ ဒီမှာက ရှာရခက်တယ်။ များသောအားဖြင့် ဒီမှာ ရောင်းတဲ့ အင်္ကျ ီတွေက ပိုပြီးတော့ sexy ကျတယ်ဆိုတော့ သိပ်သဘောမကျဘူး။ ပေါ့ပေါ့ပါးပါး ဝတ်ရတာလေးတွေပဲ ပိုကြိုက်တယ်။

မယ်ရီက ဝတ်ပြီဆိုရင် လွတ်လွတ်လပ်လပ်နဲ့ လျှောက်သွားလို့ရတဲ့ စတိုင်ကို ပိုကြိုက်တယ်။ စကတ်အတိုတွေ ဆိုရင် လမ်းလျှောက်ရပြုရ ဂရုစိုက်နေရတယ်။ ဘောင်းဘီအတို မဝတ်တာ တော်တော်ကြာပြီ။ အမြဲအရှည်ပဲ ဝတ်တယ်။ အဓိကက ဖော်ဖို့ လှဖို့လောက် အထိ ခန္ဓာကိုယ် မရှိသေးလို့။” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။

မပြင်ဆင်ထားတဲ့ ရုပ်ကို ပရိသတ်တွေတွေ့ဖြစ်ရင် တောင်းပန်ပါတယ်ဆိုပြီး မယ်ရီက ခုလိုလေး ပြောပြသွားပါတယ်။

“အနုပညာအလုပ်လုပ်ပြီဆိုရင် ဘယ်သွားသွား အိမ်နားနီးပါး ထွက်ရင်တောင်မှ သပ်သပ်ရပ်ရပ် ဝတ်ရမယ်ဆိုတဲ့ အတွေးလေးတော့ ရှိတယ်။ ဒါပေမဲ့ Mary က လိုက်မလုပ်နိုင်ပါဘူး။ အဓိကက ပွဲတွေဘာတွေဆိုရင်တော့ မိတ်ကပ်ပြင်တယ်။ အပြင်သွားရင်တော့ မိတ်ကပ်လည်း မပြင်ဘဲ သွားတာပဲ။

ဖက်ရှင်ကတော့ လုပ်နိုင်သူတွေ အတွက် အရေးပါပေမဲ့ မယ်ရီကျတော့ အလှအပ သိပ်စိတ်မဝင်စားတော့ အပြင်မှာတွေ့လို့ မလှမပ ဆိုရင် sorry ပါလို့။ ပူအိုက်တဲ့ ရာသီမှာ လွတ်လွတ်လပ်လပ်လေး နေချင်လို့ပါ” လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top