ျမန္မာႏုိင္ငံမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကုိ အျပည့္အဝရထားတဲ့ ေလးစားအားက်ရသလုိ သီခ်င္းအေရးပုိင္းေရာ အဆုိပုိင္းပါ ေကာင္းၾကတဲ့ Hip hop အဆုိ႐ွင္ ခ်စ္သူႏွစ္ဦးျဖစ္တဲ့ လႊမ္းပုိင္နဲ႔ Bobby Soxer တုိ႔ကေတာ့ သူတုိ႔ စစခ်င္းေတြ႔တဲ့ေန႔ကအေၾကာင္းေတြ အမွတ္တရေတြကုိ MCရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ လႊမ္းပုိင္အေနနဲ႔ကလည္း အနာဂတ္မွာ Bobby Soxer ကုိ တုိက္နဲ႔ ျခံနဲ႔ ဝယ္ေပးဟန္႐ွိေနပါတယ္။

Bobby Soxer”ခဏခဏေျပာဖူးပါတယ္ ဘယ္လုိေျပာရမလဲ တည္တယ္ စေတြ႔တဲ့ ေနတုန္းကဆုိရင္ အဲ့လုိမ်ိဳး တည္တယ္ေပါ့ေနာ္။ မ်က္လုံးကလည္း ေယာက္်ားေလးျဖစ္ၿပီး ဘယ္ၾကည့္လုိက္ ညာၾကည့္လုိက္နဲ႔။ သူက အဲ့လုိမ်ိဳး အေနတည္တယ္ေပါ့ေနာ္ အေနလည္း တည္တယ္ ကုိယ့္ကုိ စိတ္ဝင္စားေနတာေတာ့သိတယ္ ဒါေပမဲ့ အဲ့လုိမ်ိဳး ငမ္းငမ္းတတ္ႀကီးမဟုတ္ဘူး အဲ့ေတာ့ ပုိစိတ္ဝင္စားဖုိ႔ေကာင္းတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

လႊမ္းပုိင္ကလည္း “ကြၽန္ေတာ္သူ႔ကုိ စေတြ႔တာက အဲ့တုန္းက ပြဲတစ္ခုမွ ဗ် Show ပြဲေပါ့ေနာ္။ ကြၽန္ေတာ္က အဲ့တုန္းက Rock Star အဖြဲ႔ရဲ႕ ပထမဦးဆုံး ဝင္ၿပီးေတာ့ ဆုိရမယ့္ ပြဲမွာ ကြၽန္ေတာ္သူ႔ကုိ ပထမဦးဆုံး စေတြ႔တာေပါ့ေနာ္။ အဲ့တုန္းကေတာ့ အဲ့လုိေပါ့ ကုိ Ah Boy တုိ႔နဲ႔သူက သိတယ္ေလ။ အဲ့ေတာ့ ဒီတုိင္းပဲ သမန္ကာလွ်ံကာပါပဲ။ ေတြ႔တယ္ေပါ့ ေကာင္မေလးေပါ့ Rap ဆုိတာလားဘာလားလဲ ကြၽန္ေတာ္မသိပါဘူး။ ၿပီးေတာ့မွ ကုိထိန္ဝင္းတုိ႔ စတူဒီယုိမွာ ေနာက္တစ္ေခါက္ေတြ႔တယ္ ထပ္ေတြ႔ေတာ့မွ သတိထားမိတာေပါ့ ပြဲတုန္းကေတာ့ နားၿငီးေနတာ ကြၽန္ေတာ္လည္း စင္ေပၚ တက္ခါနီးဆုိေတာ့ နည္းနည္း စိတ္လႈပ္႐ွားေနတယ္။ သူ႔ကုိ သိပ္သတိမထားမိဘူး စြာက်ယ္စြာက်ယ္နဲ႔ စကားေတြေတာ့ ေျပာေနတာပဲ။ အဲ့ေလာက္ေလာက္ပဲ သတိထားမိတာ ကုိထိန္ဝင္းတုိ႔ စတူဒီယုိမွာ ေတြ႔ေတာ့မွ ေသခ်ာ မိတ္ဆက္ေပးၾကေတာ့မွ သိသြားတာ။”လုိ႔ေျပာသြားခဲ့ပါတယ္။

ထက္ထက္က အရမ္းသြက္ေတာ့ အရမ္းေအးတဲ့ လႊမ္းပုိင္အတြက္ အဆင္ေျပမလားဆုိၿပီး ေတြးခဲ့တာ႐ွိလားလုိ႔ လႊမ္းပုိင္ကုိ ေမးျမန္းရာ “အဲ့လုိမ်ိဳးႀကီး အရမ္းႀကီးေတာ့လည္း မေတြးမိပါဘူး ေစာေစာက ေျပာသလုိေပါ့ ေတြ႔တယ္ သေဘာက်တယ္ ဟုိလုိမ်ိဴး အမ်ားႀကီး ေတြ အေဝးႀကီးေတြကုိ ကြၽန္ေတာ္မေတြးဘူး သိတယ္မလား”လုိ႔ေျပာသြားခဲ့ပါတယ္။

အနာဂတ္ကုိ ဘယ္လုိမ်ိဳးေတြ စဥ္းစားထားၾကလဲလုိ႔ ေမးျမန္းရာ Bobby Soxerက “စိတ္ကူးကေတာ့ ႐ွိတာေပါ့ ထက္ေတာ့က်ေတာ့ တေျဖးေျဖးနဲ႔ အေကာင္အထည္ေဖာ္ေနတုန္းေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ၿပီး လႊမ္းပုိင္ကလည္း “စိတ္ကူးထားတာေတာ့႐ွိပါတယ္။ တုိက္နဲ႔ျခံနဲ႔ေနမယ္ ဘာညာ ေခြးေတြေမြးမယ္။ ကြၽန္ေတာ္တုိ႔က အရင္ထဲက ပုိက္ဆံသိပ္သုံးတဲ့အထဲမွာ မပါဘူး အဲ့ေတာ့လည္း စုၿပီးသားပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရထားတဲ့ လေးစားအားကျရသလို သီချင်းအရေးပိုင်းရော အဆိုပိုင်းပါ ကောင်းကြတဲ့ Hip hop အဆိုရှင် ချစ်သူနှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ သူတို့ စစချင်းတွေ့တဲ့နေ့ကအကြောင်းတွေ အမှတ်တရတွေကို MCရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ လွှမ်းပိုင်အနေနဲ့ကလည်း အနာဂတ်မှာ Bobby Soxer ကို တိုက်နဲ့ ခြံနဲ့ ဝယ်ပေးဟန်ရှိနေပါတယ်။

Bobby Soxer”ခဏခဏပြောဖူးပါတယ် ဘယ်လိုပြောရမလဲ တည်တယ် စတွေ့တဲ့ နေတုန်းကဆိုရင် အဲ့လိုမျိုး တည်တယ်ပေါ့နော်။ မျက်လုံးကလည်း ယောက်ျားလေးဖြစ်ပြီး ဘယ်ကြည့်လိုက် ညာကြည့်လိုက်နဲ့။ သူက အဲ့လိုမျိုး အနေတည်တယ်ပေါ့နော် အနေလည်း တည်တယ် ကိုယ့်ကို စိတ်ဝင်စားနေတာတော့သိတယ် ဒါပေမဲ့ အဲ့လိုမျိုး ငမ်းငမ်းတတ်ကြီးမဟုတ်ဘူး အဲ့တော့ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။”လို့ ပြောသွားခဲ့ပါတယ်။

လွှမ်းပိုင်ကလည်း “ကျွန်တော်သူ့ကို စတွေ့တာက အဲ့တုန်းက ပွဲတစ်ခုမှ ဗျ Show ပွဲပေါ့နော်။ ကျွန်တော်က အဲ့တုန်းက Rock Star အဖွဲ့ရဲ့ ပထမဦးဆုံး ဝင်ပြီးတော့ ဆိုရမယ့် ပွဲမှာ ကျွန်တော်သူ့ကို ပထမဦးဆုံး စတွေ့တာပေါ့နော်။ အဲ့တုန်းကတော့ အဲ့လိုပေါ့ ကို Ah Boy တို့နဲ့သူက သိတယ်လေ။ အဲ့တော့ ဒီတိုင်းပဲ သမန်ကာလျှံကာပါပဲ။ တွေ့တယ်ပေါ့ ကောင်မလေးပေါ့ Rap ဆိုတာလားဘာလားလဲ ကျွန်တော်မသိပါဘူး။ ပြီးတော့မှ ကိုထိန်ဝင်းတို့ စတူဒီယိုမှာ နောက်တစ်ခေါက်တွေ့တယ် ထပ်တွေ့တော့မှ သတိထားမိတာပေါ့ ပွဲတုန်းကတော့ နားငြီးနေတာ ကျွန်တော်လည်း စင်ပေါ် တက်ခါနီးဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေတယ်။ သူ့ကို သိပ်သတိမထားမိဘူး စွာကျယ်စွာကျယ်နဲ့ စကားတွေတော့ ပြောနေတာပဲ။ အဲ့လောက်လောက်ပဲ သတိထားမိတာ ကိုထိန်ဝင်းတို့ စတူဒီယိုမှာ တွေ့တော့မှ သေချာ မိတ်ဆက်ပေးကြတော့မှ သိသွားတာ။”လို့ပြောသွားခဲ့ပါတယ်။

ထက်ထက်က အရမ်းသွက်တော့ အရမ်းအေးတဲ့ လွှမ်းပိုင်အတွက် အဆင်ပြေမလားဆိုပြီး တွေးခဲ့တာရှိလားလို့ လွှမ်းပိုင်ကို မေးမြန်းရာ “အဲ့လိုမျိုးကြီး အရမ်းကြီးတော့လည်း မတွေးမိပါဘူး စောစောက ပြောသလိုပေါ့ တွေ့တယ် သဘောကျတယ် ဟိုလိုမျိူး အများကြီး တွေ အဝေးကြီးတွေကို ကျွန်တော်မတွေးဘူး သိတယ်မလား”လို့ပြောသွားခဲ့ပါတယ်။

အနာဂတ်ကို ဘယ်လိုမျိုးတွေ စဉ်းစားထားကြလဲလို့ မေးမြန်းရာ Bobby Soxerက “စိတ်ကူးကတော့ ရှိတာပေါ့ ထက်တော့ကျတော့ တဖြေးဖြေးနဲ့ အကောင်အထည်ဖော်နေတုန်းပေါ့နော်။”လို့ ပြောသွားခဲ့ပြီး လွှမ်းပိုင်ကလည်း “စိတ်ကူးထားတာတော့ရှိပါတယ်။ တိုက်နဲ့ခြံနဲ့နေမယ် ဘာညာ ခွေးတွေမွေးမယ်။ ကျွန်တော်တို့က အရင်ထဲက ပိုက်ဆံသိပ်သုံးတဲ့အထဲမှာ မပါဘူး အဲ့တော့လည်း စုပြီးသားပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top