Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
ပရိသတ်တွေအားလုံး ကို ရယ်မော ပျော်ရွှင်အောင် သူမရဲ့ အနုပညာလေးနဲ့ စိတ်အပန်းပြေစေခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်ဟာ အခုလက်ရှိ သူမရဲ့ ရောဂါအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။ သူမအနေနဲ့ ဒီလိုဖြစ်နေပေမယ့် ပရိတ်သတ်က သူ့ကို့ပြန်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင် စကားကို ယခုလို နေမကောင်းတဲ့ကြားထဲက ပြောသွားခဲ့ပါတယ်။
အခုက ရာသီဥတုက အရမ်းကိုပြင်းတော့လေ ရေမသောက်ပါနဲ့ပြောတာတောင် ကျင့်သားမရတာလည်းပါကောင်းပါမှာ ပေါ့။ အဲ့တော့ သောက်မိတယ်။ သောက်မိတော့ ဖြစ်သွားတယ်ပေါ့။ ကိုယ်ကဖြစ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ ဒါပေမယ့် ဖြစ်တော့လည်း ပရိသတ်တွေရဲ့ စေတနာနဲ့ပဲ ကိုယ့်အသက်ပြန်ဆက်ရတာပဲ။ လက်ရှိကိုယ်ရှိနေတဲ့ အသက်ကလည်း ရပ်တည်နေရတဲ့ အသက်ပိုင်းအခြားကလည်း ပရိသတ်တွေရဲ့ ထောက်ပံ့မှုကြောင့် ရပ်တည်နိုင်တာပါ။
မိဘပေးတဲ့ အသက်ရယ်လို့ မရှိတော့ပါဘူး။ နောက်တစ်ခုက ဒီတစ်ခါဖြစ်တာ စကားတောင် ဟဟမပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လှေခွက်ချည်းကျန်ရင်တောင် မှ ကစ်ကစ် အလှံမလဲ ပါဘူးလို့ အားတင်းရင်းပြောခဲ့ပါတယ်။သူမ အနေနဲ့ ပရိသတ်ကို အချိန်တော်တော်ကြာကြာ ပျော်ရွှင်အောင် ဖျော်ဖြေပေးခဲ့ပေမယ့် အခုလက်ရှိမှာတော့ သူမဟာ အထီးကျန်လို့နေပါတယ်။ ရှေ့တစ်ခေါက်တွေမှာလည်း အခုလို နေမကောင်းဖြစ်ခဲ့တုန်းက အနုပညာ မောင်နှမ အချင်းချင်းတွေ ကူညီထောက်ပံ့ကြတာ တွေလည်းရှိခဲ့ပါတယ်။
ပရိသတ်တစ်ယောက်အနေနဲ့ မြင်မိတာကတော့ ဒီလို ပရိသတ်ပေါ်မှာ စေတနာ အပြည့်နဲ့ ဖျော်ဖြေပေးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ကို အနုပညာလောက သားအချင်းချင်း တက်နိုင်သလောက် ထပ်မံ လှူတန်းကြမယ် ဆိုရင် သူမရဲ့ ရောဂါအခြေအနေဟာဒီထက် ပို တိုးတက်ကောင်းမွန်လာမယ်လို့ ထင်မြင်ယူဆမိပါတယ်။
အချင်းချင်း ကူညီရိုင်းပင်းတက်တဲ့ စိတ်ဟာ မြန်မာလူမျိုးတို့ရဲ့ စိတ်ရင်းတစ်ခုပါ။ ယခုလို ပရိသတ်ချစ်ခင်တဲ့ အနုပညာရှင် သမားတစ်ယောက် နေမကောင်း ဖြစ်နေတာမျိုးဆိုရင် သူမ ပေးဆပ်ခဲ့ အနုပညာအပေါ် လေးစားသဖြင့် တဖန်ပြန်လည် ကူညီသင့်တယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။
ဒီလို ပရိသတ် ချစ်ခင်တဲ့ အနုပညာရှင် သမား တစ်ယောက် ကျန်းမာရေး ပြန်လည်း ကောင်းမွန်ပြီး အနုပညာအလုပ်တွေ ပြန်လည်းလုပ်ကိုင်နိုင်မယ် ဆိုရင် ပရိသတ် အယောက် တစ်ထောင်မက ဘဝအမောတွေ ပြေစေနိုင်မှာလည်း ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top