၁။လူသား
၂။ခွေးသား
၃။မြင်းသား
၎။ဆင်သား
၅။ကျားသစ်သား
၆။ကျားသား
၇။ခြင်္သေ့သား
၈။ဝက်ဝံသား
၉။အောင်းသား
၁၀။မြွေသား

( လင်္ကာ)
လူ-ခွေး-မြင်း-ဆင်၊
သစ်-ကျားလျှင်၊

ဆယ်ဖြာအမျိုးပေ ။


စားကောင်းတဲ့
အသားတွေထဲမှာလည်း
ကိုယ့်အတွက်

ကိုယ့်အတွက်
သတ်နေတယ်လို့
ကြားလျှင် ( သုတေန ဝါ )

ကိုယ့်အတွက်
သတ်ထားတာလို့
မစားကောင်းပါဘူး။ (ပရိသင်္ကာယ ဝါ )



#Unicode Version#
၁။လူသား
၂။ခွေးသား
၃။မြင်းသား
၄။ဆင်သား
၅။ကျားသစ်သား
၆။ကျားသား
၇။ခြင်္သေ့သား
၈။ဝက်ဝံသား
၉။အောင်းသား
၁၀။မြွေသား

( လင်္ကာ)
လူ-ခွေး-မြင်း-ဆင်၊
သစ်-ကျားလျှင်၊
ခြင်္သေ့-ဝံ-အောင်း-မြွေ ။

ရိုး - ရေ - သား - သွေး - အမွှေးတို့ပါ မသုံးရာ ၊
ဆယ်ဖြာအမျိုးပေ ။

လူကား ဇာတ်တူ ၊ မြွေ ခွေးဟူ မှတ်ယူ ရွံစဖွယ်
မြင်း ဆင် (၂)ဖြာ ၊ မင်းအင်္ဂါ ၊ ကြွင်းမှာ ဘေးရန်ကွယ်
ထို့ကြောင့်ဗုဒ္ဓ ၊ ပညတ်ရ ၊ မှတ်ကြ သားမျိုးဆယ် ။

စားကောင်းတဲ့
အသားတွေထဲမှာလည်း
ကိုယ့်အတွက်
သတ်နေတာမြင်လျှင် ( ဒိဋ္ဌေန ဝါ )

ကိုယ့်အတွက်
သတ်နေတယ်လို့
ကြားလျှင် ( သုတေန ဝါ )

ကိုယ့်အတွက်
သတ်ထားတာလို့
ယုံမှားသံသယဖြစ်လျှင်
မစားကောင်းပါဘူး။ (ပရိသင်္ကာယ ဝါ )

မြင် ကြား ယုံမှား ဖြစ်တုံငြား မှတ်သားမစားအပ် ။

ဖိုးသူတော်(www.phothutaw.com)
Credit:မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top