အႏုပညာေလာကထဲ ေရာက္ရွိခဲ့တာ အခ်ိန္ကာလတခုရွိၿပီ ျဖစ္ေသာ္လည္း MRTV-4 မွာ ျပသခဲ့တဲ့ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲနဲ႔ ပရိသတ္မ်ားရဲ႕ သတိထားျခင္း ခံလာရတဲ့ သ႐ုပ္ေဆာင္ ေမမီကိုကိုရဲ႕ အေၾကာင္းကို မိဘ ႏွစ္ပါးက အခုလိုပဲ ေျပာျပခဲ့ပါတယ္။

“ေမမီက ၇ ႏွစ္၊ ၈ ႏွစ္ကတည္းက ကေလး သ႐ုပ္ေဆာင္ျဖစ္ခ်င္တာ။ ေန႔တိုင္း ေလ့က်င့္တယ္။ အန္တီတို႔ကလည္း သူဝါသနာပါေတာ့ မတားဘူး။ ပံ့ပိုးေပးတယ္။ ဗီဒီယိုေခတ္တုန္းကဆိုရင္ ေမမီက တအားစိတ္ဓာတ္ေတြက်ၿပီးေတာ့ မလုပ္ခ်င္ေတာ့ဘူး။ ကခ်င္ျပည္နယ္ ျပန္ေတာ့မယ္တဲ့”

“အန္တီကပဲ သူ႔ကိုအၿမဲအားေပးတယ္။ သမီးရယ္ အလုပ္တခုက ေဇာက္ခ်ၿပီးလုပ္ရင္ တေန႔မဟုတ္ တေန႔ ေအာင္ျမင္လာလိမ့္မယ္လို႔ ရန္ကုန္မွာပဲ သမီးဝါသနာပါတဲ့ အလုပ္ကို လုပ္ပါလို႔ အတင္း ဆြဲထားရတယ္။ အဲဒီလိုနဲ႔ပဲ MRTV-4 က ေခၚတာ” လို႔ ေမမီကိုကိုရဲ႕ မိခင္ျဖစ္သူ ေဒၚသဇင္ကေျပာပါတယ္။

ဇာတ္လမ္းတြဲမ်ားနဲ႔ တျခားေသာ ႐ုပ္ရွင္ဇာတ္ကားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေပမယ့္ စန္းထမယ့္အခ်ိန္ မေရာက္ေသးတာေၾကာင့္ မေပၚလြင္ခဲ့တာျဖစ္တယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

“ဇာတ္လမ္းတြဲေတြ ႐ိုက္ခဲ့ေပမယ့္ သူ႔ရဲ႕ စန္းမထေသးေတာ့ မေပၚလြင္ဘူးေပါ့။ မာန္ ၊ ကံ ကံ၏အက်ိဳး ၊ ပန္းႏုေသြးတို႔ ႐ိုက္ခဲ့တယ္။ ဒါေပမဲ့ မထင္ေပၚခဲ့ဘူး။ ဒီကားက်မွေပါ့။ ဒီကားမွာလည္း အန္တီတို႔က ရင္တမမနဲ႔ ဗီလိန္ပုံစံမ်ိဳး ျဖစ္ေနတယ္။ သမီးရယ္ ဒီကားထြက္လာရင္ေတာ့ သမီးကိုလူေတြ တအားမုန္းေတာ့မွာပဲ။ အဲဒါကိုေတာ့ ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားပါ”လို႔ မိခင္ျဖစ္သူ ေဒၚသဇင္က ဆိုပါတယ္။
သ႐ုပ္ေဆာင္ ေမမီကိုကိုရဲ႕ မိဘႏွစ္ပါး (ဓာတ္ပုံ – ေဝေဝႏွင္း/ဧရာဝတီ)

အဆိုပါ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲ မျပသခင္အခ်ိန္က ေမမီကိုကိုရဲ႕ ဖခင္ျဖစ္သူဟာ ေလျဖတ္ၿပီး အိပ္ရာထဲ လဲေနခဲ့ေပမယ့္ သမီးျဖစ္သူရဲ႕ ဇာတ္ကားကို ၾကည့္ခ်င္တဲ့အတြက္ အားတင္းထားၿပီး ဒီေန႔ထိ အသက္ဆက္ရွင္ေနတာလို႔ သူက ဆိုပါတယ္။



“သမီး ဒီဇာတ္ကား႐ိုက္ခဲ့တာ တခုခုေတာ့ ထူးမွာပဲဆိုၿပီး ထင္ခဲ့တယ္။ က်ေနာ္ ေလျဖတ္သြားတဲ့အခ်ိန္မွာ ငါေသလို႔ မရေသးဘူး။ ငါ့သမီး ဇာတ္ကားေလးၾကည့္ၿပီးမွ ေသလည္းအေၾကာင္း မဟုတ္ဘူးဆိုၿပီး အားတင္းလိုက္တာ။ အဲဒါေၾကာင့္ သတိျပန္လည္လာတာ။ ပ်ားရည္အိုင္လည္း ၾကည့္ၿပီးသြားၿပီ။ ေမွ်ာ္လင့္ထားတဲ့ Star Awards လည္း ရၿပီးသြားၿပီ။ စိတ္ခ်ရၿပီ။ အသက္လည္း ၁ ႏွစ္ ပိုရွည္လာၿပီ”လို႔ ေမမီကိုကိုရဲ႕ ဖခင္ျဖစ္သူ ဦးကိုကိုေလးက ေျပာပါတယ္။

ေမမီကိုကိုကေတာ့ မိဘႏွစ္ပါးရဲ႕ ေျပာစကားမ်ားကို နားေထာင္ၿပီး လိမၼာတဲ့ သမီးတေယာက္ျဖစ္သလို မိဘကို ရွာေကြၽးေနတဲ့ သမီးတေယာက္ျဖစ္တယ္လို႔လည္း မိဘ ႏွစ္ပါးက ေျပာပါတယ္။

“အိမ္မွာဆို သူက မိဘကိုရွာေကြၽးတဲ့ သမီးေပါ့။ အန္တီတို႔လည္း တဖက္တလမ္းက ရွာရတာေပါ့။ ဒါေပမဲ့ သူ႔ရွာစာက ပိုမ်ားတာေပါ့” လို႔ မိဘႏွစ္ပါးက ေျပာပါတယ္။ သ႐ုပ္ေဆာင္ ေမမီကိုကိုဟာ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္မႈရရွိၿပီးတဲ့ေနာက္ Star Awards ဆုေပးပြဲမွာ “The Best Actress” ဆုကို ရရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


အနုပညာလောကထဲ ရောက်ရှိခဲ့တာ အချိန်ကာလတခုရှိပြီ ဖြစ်သော်လည်း MRTV-4 မှာ ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ ပရိသတ်များရဲ့ သတိထားခြင်း ခံလာရတဲ့ သရုပ်ဆောင် မေမီကိုကိုရဲ့ အကြောင်းကို မိဘ နှစ်ပါးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“မေမီက ၇ နှစ်၊ ၈ နှစ်ကတည်းက ကလေး သရုပ်ဆောင်ဖြစ်ချင်တာ။ နေ့တိုင်း လေ့ကျင့်တယ်။ အန်တီတို့ကလည်း သူဝါသနာပါတော့ မတားဘူး။ ပံ့ပိုးပေးတယ်။ ဗီဒီယိုခေတ်တုန်းကဆိုရင် မေမီက တအားစိတ်ဓာတ်တွေကျပြီးတော့ မလုပ်ချင်တော့ဘူး။ ကချင်ပြည်နယ် ပြန်တော့မယ်တဲ့”

“အန်တီကပဲ သူ့ကိုအမြဲအားပေးတယ်။ သမီးရယ် အလုပ်တခုက ဇောက်ချပြီးလုပ်ရင် တနေ့မဟုတ် တနေ့ အောင်မြင်လာလိမ့်မယ်လို့ ရန်ကုန်မှာပဲ သမီးဝါသနာပါတဲ့ အလုပ်ကို လုပ်ပါလို့ အတင်း ဆွဲထားရတယ်။ အဲဒီလိုနဲ့ပဲ MRTV-4 က ခေါ်တာ” လို့ မေမီကိုကိုရဲ့ မိခင်ဖြစ်သူ ဒေါ်သဇင်ကပြောပါတယ်။

ဇာတ်လမ်းတွဲများနဲ့ တခြားသော ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် စန်းထမယ့်အချိန် မရောက်သေးတာကြောင့် မပေါ်လွင်ခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“ဇာတ်လမ်းတွဲတွေ ရိုက်ခဲ့ပေမယ့် သူ့ရဲ့ စန်းမထသေးတော့ မပေါ်လွင်ဘူးပေါ့။ မာန် ၊ ကံ ကံ၏အကျိုး ၊ ပန်းနုသွေးတို့ ရိုက်ခဲ့တယ်။ ဒါပေမဲ့ မထင်ပေါ်ခဲ့ဘူး။ ဒီကားကျမှပေါ့။ ဒီကားမှာလည်း အန်တီတို့က ရင်တမမနဲ့ ဗီလိန်ပုံစံမျိုး ဖြစ်နေတယ်။ သမီးရယ် ဒီကားထွက်လာရင်တော့ သမီးကိုလူတွေ တအားမုန်းတော့မှာပဲ။ အဲဒါကိုတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားပါ”လို့ မိခင်ဖြစ်သူ ဒေါ်သဇင်က ဆိုပါတယ်။
သရုပ်ဆောင် မေမီကိုကိုရဲ့ မိဘနှစ်ပါး (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

အဆိုပါ “ပျားရည်အိုင်” ဇာတ်လမ်းတွဲ မပြသခင်အချိန်က မေမီကိုကိုရဲ့ ဖခင်ဖြစ်သူဟာ လေဖြတ်ပြီး အိပ်ရာထဲ လဲနေခဲ့ပေမယ့် သမီးဖြစ်သူရဲ့ ဇာတ်ကားကို ကြည့်ချင်တဲ့အတွက် အားတင်းထားပြီး ဒီနေ့ထိ အသက်ဆက်ရှင်နေတာလို့ သူက ဆိုပါတယ်။

“သမီး ဒီဇာတ်ကားရိုက်ခဲ့တာ တခုခုတော့ ထူးမှာပဲဆိုပြီး ထင်ခဲ့တယ်။ ကျနော် လေဖြတ်သွားတဲ့အချိန်မှာ ငါသေလို့ မရသေးဘူး။ ငါ့သမီး ဇာတ်ကားလေးကြည့်ပြီးမှ သေလည်းအကြောင်း မဟုတ်ဘူးဆိုပြီး အားတင်းလိုက်တာ။ အဲဒါကြောင့် သတိပြန်လည်လာတာ။ ပျားရည်အိုင်လည်း ကြည့်ပြီးသွားပြီ။ မျှော်လင့်ထားတဲ့ Star Awards လည်း ရပြီးသွားပြီ။ စိတ်ချရပြီ။ အသက်လည်း ၁ နှစ် ပိုရှည်လာပြီ”လို့ မေမီကိုကိုရဲ့ ဖခင်ဖြစ်သူ ဦးကိုကိုလေးက ပြောပါတယ်။

မေမီကိုကိုကတော့ မိဘနှစ်ပါးရဲ့ ပြောစကားများကို နားထောင်ပြီး လိမ္မာတဲ့ သမီးတယောက်ဖြစ်သလို မိဘကို ရှာကျွေးနေတဲ့ သမီးတယောက်ဖြစ်တယ်လို့လည်း မိဘ နှစ်ပါးက ပြောပါတယ်။

“အိမ်မှာဆို သူက မိဘကိုရှာကျွေးတဲ့ သမီးပေါ့။ အန်တီတို့လည်း တဖက်တလမ်းက ရှာရတာပေါ့။ ဒါပေမဲ့ သူ့ရှာစာက ပိုများတာပေါ့” လို့ မိဘနှစ်ပါးက ပြောပါတယ်။ သရုပ်ဆောင် မေမီကိုကိုဟာ “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိပြီးတဲ့နောက် Star Awards ဆုပေးပွဲမှာ “The Best Actress” ဆုကို ရရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top