ကိုယ္တြင္းအဂၤါေတြမွာ ေသေစ ေလာက္တဲ့ထိခိုက္ဒဏ္ရာမ်ိဳးေတြရတဲ့အခါ အခ်ိန္ခဏအတြင္းအနာက်က္ေစၿပီး ခ်က္ခ်င္းေသြးတိ္တ္ေစတဲ့ ဇီ၀ေကာ္ကို သုေတသီေတြက ဖန္တီးျပဳလုပ္ခဲ့ၾကပါ တယ္။ ဂ်ယ္လိမ္းဆီလိုပုံစံနဲ႔ အသုံးျပဳရတဲ့ ပစၥည္းျဖစ္ၿပီး အေပါက္အၿပဲေနရာမွာ သုတ္လိမ္းေပးထားကာ အေပၚကေန UV Light နဲ႔ အလင္းထိုးေပးထားလိုက္ ႐ုံနဲ႔ စကၠန္႔ ၂၀ ေလာက္အတြင္းမွာပဲ အ ေပါက္အၿပဲဒဏ္ရာေနရာက က်က္သြားၿပီး ေသြးတိတ္သြားေစတဲ့ ေကာ္ျဖစ္ပါတယ္။

ေရလုံမႈအတြက္စိတ္ခ်ရတဲ့ ဇီ၀ေကာ္ျဖစ္ တာေၾကာင့္ ဒဏ္ရာေတြကို အကာအ ကြယ္ေပးတဲ့ေနရာမွာ လုံၿခဳံစိတ္ခ်ရတယ္ လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ၾကက္က်န္းေဆးတကၠသိုလ္က သုေတသီ ေတြက ေရ၊ ဂ်ယ္လက္တင္နဲ႔ ဓာတုအ ေရာအေႏွာေတြ ေပါင္းစပ္ကာ Bio-glue ကို ဖန္တီးထုတ္လုပ္ခဲ့တာျဖစ္ပါ တယ္။

လက္ေတြ႕စမ္းသပ္မႈမွာ ဝက္တစ္ ေကာင္ရဲ႕အသည္းမွာ ဓားနဲ႔ခြဲလိုက္ၿပီး ေသြးထြက္လာတဲ့အခ်ိန္ ဇီ၀ေကာ္သုံးၿပီး ကပ္လိုက္စဥ္မွာပဲ စကၠန္႔ပိုင္းအတြင္း ကြဲ ဟေနတဲ့ဒဏ္ရာက အနာက်က္သြားခဲ့ၿပီး ေသြးတိတ္သြားခဲ့တာကို သက္ေသျပႏိုင္ခဲ့ပါတယ္။

ေရဓာတ္ရွိေနတဲ့ တစ္သၽွဴးအစို ေတြေပၚမွာပါ ေကာ္က အစြမ္းထိေရာက္မႈ ရွိတဲ့အတြက္ ဒဏ္ရာအနာေတြကိုတြဲခ်ဳပ္ ရတဲ့အဆင့္မလိုအပ္ေတာ့ဘဲ အနာက်က္ ေစမယ္လို႔ ပါေမာကၡဟုန္ေဝအိုယန္က ဆို ပါတယ္။ ႏွလုံးခြဲစိတ္မႈေတြမွာ ေသြးထြက္ လြန္ၿပီး လူနာေသဆုံးတဲ့ျဖစ္စဥ္မ်ိဳး၊ စစ္ ေျမျပင္နဲ႔ အၾကမ္းဖက္တိုက္ခိုက္ခံရမႈ အေျခအေနမွာ အေရးေပၚကုသမႈေတြအ တြက္ ဒီဇီ၀ေကာ္က အက်ိဳးမ်ားေစမယ္လို႔ ပါေမာကၡဟုန္ေဝအိုယန္က ဆိုပါတယ္။

လက္ေတြ႕သုံးစြဲႏိုင္ဖို႔အတြက္ အေသး စိတ္ေလ့လာစမ္းသပ္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနၾကၿပီး လာမယ့္သုံးႏွစ္၊ ေလးႏွစ္ေလာက္မွာမွ လူနာေတြဆီ ဇီ၀ ေကာ္နဲ႔ လက္ေတြ႕အသုံးျပဳကုသေပး သြားႏိုင္မယ္လို႔ ပါေမာကၡဟုန္ေဝအိုယန္ က ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:pyi myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်တွင်းအင်္ဂါတွေမှာ သေစေ လောက်တဲ့ထိခိုက်ဒဏ်ရာမျိုးတွေရတဲ့အခါ အချိန်ခဏအတွင်းအနာကျက်စေပြီး ချက်ချင်းသွေးတိတ်စေတဲ့ ဇီဝကော်ကို သုတေသီတွေက ဖန်တီးပြုလုပ်ခဲ့ကြပါ တယ်။ ဂျယ်လိမ်းဆီလိုပုံစံနဲ့ အသုံးပြုရတဲ့ ပစ္စည်းဖြစ်ပြီး အပေါက်အပြဲနေရာမှာ သုတ်လိမ်းပေးထားကာ အပေါ်ကနေ UV Light နဲ့ အလင်းထိုးပေးထားလိုက် ရုံနဲ့ စက္ကန့် ၂၀ လောက်အတွင်းမှာပဲ အ ပေါက်အပြဲဒဏ်ရာနေရာက ကျက်သွားပြီး သွေးတိတ်သွားစေတဲ့ ကော်ဖြစ်ပါတယ်။

ရေလုံမှုအတွက်စိတ်ချရတဲ့ ဇီဝကော်ဖြစ် တာကြောင့် ဒဏ်ရာတွေကို အကာအ ကွယ်ပေးတဲ့နေရာမှာ လုံခြုံစိတ်ချရတယ် လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံ၊ ကြက်ကျန်းဆေးတက္ကသိုလ်က သုတေသီ တွေက ရေ၊ ဂျယ်လက်တင်နဲ့ ဓာတုအ ရောအနှောတွေ ပေါင်းစပ်ကာ Bio-glue ကို ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။

လက်တွေ့စမ်းသပ်မှုမှာ ဝက်တစ် ကောင်ရဲ့အသည်းမှာ ဓားနဲ့ခွဲလိုက်ပြီး သွေးထွက်လာတဲ့အချိန် ဇီဝကော်သုံးပြီး ကပ်လိုက်စဉ်မှာပဲ စက္ကန့်ပိုင်းအတွင်း ကွဲ ဟနေတဲ့ဒဏ်ရာက အနာကျက်သွားခဲ့ပြီး သွေးတိတ်သွားခဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။

ရေဓာတ်ရှိနေတဲ့ တစ်သျှူးအစို တွေပေါ်မှာပါ ကော်က အစွမ်းထိရောက်မှု ရှိတဲ့အတွက် ဒဏ်ရာအနာတွေကိုတွဲချုပ် ရတဲ့အဆင့်မလိုအပ်တော့ဘဲ အနာကျက် စေမယ်လို့ ပါမောက္ခဟုန်ဝေအိုယန်က ဆို ပါတယ်။ နှလုံးခွဲစိတ်မှုတွေမှာ သွေးထွက် လွန်ပြီး လူနာသေဆုံးတဲ့ဖြစ်စဉ်မျိုး၊ စစ် မြေပြင်နဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေမှာ အရေးပေါ်ကုသမှုတွေအ တွက် ဒီဇီဝကော်က အကျိုးများစေမယ်လို့ ပါမောက္ခဟုန်ဝေအိုယန်က ဆိုပါတယ်။

လက်တွေ့သုံးစွဲနိုင်ဖို့အတွက် အသေး စိတ်လေ့လာစမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေကြပြီး လာမယ့်သုံးနှစ်၊ လေးနှစ်လောက်မှာမှ လူနာတွေဆီ ဇီ၀ ကော်နဲ့ လက်တွေ့အသုံးပြုကုသပေး သွားနိုင်မယ်လို့ ပါမောက္ခဟုန်ဝေအိုယန် က ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:pyi myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top