ေခ်ာကလက္ ခ်စ္သူေတြ အ ေန နဲ႔ ေခ်ာကလက္ စားၿပီးတဲ့အခါတိုင္း ကိုယ္စားလိုက္တာက က်န္းမာေရးနဲ႔ ညီညြတ္ပါ့မလားဆိုၿပီး သံသယျဖစ္ေနစရာ မလိုေတာ့ပါဘူး။ အခုဆိုရင္ ေခ်ာကလက္ဟာ လူေတြရဲ႕ သိမႈဆိုင္ရာ စြမ္းရည္ေတြကို အက်ိဳးျဖစ္ထြန္းေစတယ္ ဆိုၿပီး သိပၸံပညာရွင္ေတြက ယံုၾကည္ေနၾကပါၿပီ။ ေခ်ာကလက္အနက္ေရာင္ ကို ေန႔စဥ္ နည္းနည္းခ်င္းစီ စားေပးရံုနဲ႔ အာရံု စူးစိုက္မႈတိုးတက္ေစတဲ့အျပင္ မွတ္ဥာဏ္ တိုးၿပီး စကားေျပာ သြက္လာတာကို ေတြ႔ရ ေၾကာင္း အီတလီ L’Aquila တကၠသိုလ္ က ဆို ပါ တယ္ ။

အနက္ေရာင္ ေခ်ာကလက္ေတြ မွာ cocoa flavanols လို႔ ေခၚတဲ့ ကြန္ေပါင္းတစ္ မ်ိဳး ကို ေတြ႔ရ ပါ တယ္ ။ အဲဒီ ကြန္ေပါင္းကို ပန္းသီး ၊ သစ္ေတာ္သီး နဲ႔ စပ်စ္သီးေတြ မွာ ပါ ေတြ႔ရ တတ္ ပါ တယ္ ။ ၄င္းကြန္ေပါင္းဟာ က်န္းမာေရး အ တြက္ ေကာင္း က်ိဳး ကို ေပး ပါ တယ္ ။ ေခ်ာကလက္ကို ေန႔စဥ္ စားသံုးတဲ့ အသက္ၾကီး သူေတြကို ေလ့လာ ၾကည့္ရာမွာ ေတာ့ ေခ်ာကလက္ ဟာ မွတ္ဥာဏ္ေလ်ာ့နည္းတာကို ကာကြယ္ေပးတယ္ဆိုတာ ေတြ႔ ရွိ ခဲ့ ပါ တယ္ ။

Cocoa flavanols ဟာ ႏွလံုးက်န္းမာေရးကို အေထာက္အပံ့ျဖစ္ေစတဲ့အျပင္ ဦးေႏွာက္တြင္းမွာရွိတဲ့ ေသြးေတြရဲ႕ လွည့္ပတ္စီးဆင္းမႈကို ျမန္ဆန္ေစပါတယ္။ ဒါေၾကာင့္လည္း ေခ်ာက လက္ဟာ အသက္ၾကီး လို႔ ဥာဏ္ရည္ ဆုတ္ယုတ္လာတာကို အကာအကြယ္ျဖစ္ေစတာပါ။ ကိုကိုးနဲ႔ ေခ်ာကလက္ေတြကို ေန႔စဥ္ပံုမွန္စားသံုးေပး သြား ရင္ အခ်ိန္ အတိုင္းအတာ တစ္ခု ေရာက္တဲ့ အခါ မွာ ဦးေႏွာက္ကို ေကာင္း တဲ့ သက္ေရာက္ မႈေတြ ျဖစ္ေစ ပါ တယ္ ။

ဒါေပမယ့္ လည္း ေခ်ာကလက္ နဲ႔ ပတ္သက္လို႔ ျဖစ္ လာ ႏိုင္ တဲ့ ဆိုးက်ိဳးေတြလည္း ရွိ ပါ ေသး တယ္ ။ အဲဒါကေတာ့ ေခ်ာကလက္ဟာ ကယ္လိုရီ ပမာဏ နဲ႔ ဆက္စပ္ ေန တာ ျဖစ္ ပါ တယ္ ။ သၾကား နဲ႔ ႏို႔စတဲ့ ပါ၀င္ ပစၥည္းေတြ အမ်ားၾကီးသံုးထား တဲ့ အခ်ိဳ မ်ားလြန္းတဲ့ ေခ်ာကလက္ေတြ က ေတာ့ အမ်ားၾကီးစားသံုးဖို႔ မသင့္ ေတာ္ ပါ ဘူး ။

ဒါေၾကာင့္ က်န္းမာေရး အတြက္ စားခ်င္တယ္ဆိုရင္ေတာ့ flavanols ေတြ ၾကြယ္၀စြာ ပါ၀င္တဲ့ အနက္ေရာင္ ေခ်ာကလက္ စစ္စစ္ေတြ ကိုသာ စားသံုး သင့္ေၾကာင္း အၾကံဳျပဳ လိုက္ ပါ တယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:metro
# Unicode Version # ျဖင့္ ဖတ္ပါ #

ချောကလက် ချစ်သူတွေ အ နေ နဲ့ ချောကလက် စားပြီးတဲ့အခါတိုင်း ကိုယ်စားလိုက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားဆိုပြီး သံသယဖြစ်နေစရာ မလိုတော့ပါဘူး။ အခုဆိုရင် ချောကလက်ဟာ လူတွေရဲ့ သိမှုဆိုင်ရာ စွမ်းရည်တွေကို အကျိုးဖြစ်ထွန်းစေတယ် ဆိုပြီး သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါပြီ။ ချောကလက်အနက်ရောင် ကို နေ့စဉ် နည်းနည်းချင်းစီ စားပေးရုံနဲ့ အာရုံ စူးစိုက်မှုတိုးတက်စေတဲ့အပြင် မှတ်ဉာဏ် တိုးပြီး စကားပြော သွက်လာတာကို တွေ့ရ ကြောင်း အီတလီ L’Aquila တက္ကသိုလ် က ဆို ပါ တယ် ။

အနက်ရောင် ချောကလက်တွေ မှာ cocoa flavanols လို့ ခေါ်တဲ့ ကွန်ပေါင်းတစ် မျိုး ကို တွေ့ရ ပါ တယ် ။ အဲဒီ ကွန်ပေါင်းကို ပန်းသီး ၊ သစ်တော်သီး နဲ့ စပျစ်သီးတွေ မှာ ပါ တွေ့ရ တတ် ပါ တယ် ။ ၎င်းကွန်ပေါင်းဟာ ကျန်းမာရေး အ တွက် ကောင်း ကျိုး ကို ပေး ပါ တယ် ။ ချောကလက်ကို နေ့စဉ် စားသုံးတဲ့ အသက်ကြီး သူတွေကို လေ့လာ ကြည့်ရာမှာ တော့ ချောကလက် ဟာ မှတ်ဉာဏ်လျော့နည်းတာကို ကာကွယ်ပေးတယ်ဆိုတာ တွေ့ ရှိ ခဲ့ ပါ တယ် ။

Cocoa flavanols ဟာ နှလုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့အပြင် ဦးနှောက်တွင်းမှာရှိတဲ့ သွေးတွေရဲ့ လှည့်ပတ်စီးဆင်းမှုကို မြန်ဆန်စေပါတယ်။ ဒါကြောင့်လည်း ချောက လက်ဟာ အသက်ကြီး လို့ ဉာဏ်ရည် ဆုတ်ယုတ်လာတာကို အကာအကွယ်ဖြစ်စေတာပါ။ ကိုကိုးနဲ့ ချောကလက်တွေကို နေ့စဉ်ပုံမှန်စားသုံးပေး သွား ရင် အချိန် အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါ မှာ ဦးနှောက်ကို ကောင်း တဲ့ သက်ရောက် မှုတွေ ဖြစ်စေ ပါ တယ် ။

ဒါပေမယ့် လည်း ချောကလက် နဲ့ ပတ်သက်လို့ ဖြစ် လာ နိုင် တဲ့ ဆိုးကျိုးတွေလည်း ရှိ ပါ သေး တယ် ။ အဲဒါကတော့ ချောကလက်ဟာ ကယ်လိုရီ ပမာဏ နဲ့ ဆက်စပ် နေ တာ ဖြစ် ပါ တယ် ။ သကြား နဲ့ နို့စတဲ့ ပါဝင် ပစ္စည်းတွေ အများကြီးသုံးထား တဲ့ အချို များလွန်းတဲ့ ချောကလက်တွေ က တော့ အများကြီးစားသုံးဖို့ မသင့် တော် ပါ ဘူး ။

ဒါကြောင့် ကျန်းမာရေး အတွက် စားချင်တယ်ဆိုရင်တော့ flavanols တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အနက်ရောင် ချောကလက် စစ်စစ်တွေ ကိုသာ စားသုံး သင့်ကြောင်း အကြုံပြု လိုက် ပါ တယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:metro
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top