ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ျမိဳ႕နယ္၊ မိုင္းယုေလးေက်းရြာမွာ ေနထိုင္တဲ့ သားအမိ ၄ ေယာက္အား တ႐ုတ္ႏုိင္ငံဘက္ ပို႔ေဆာင္ေရာင္းခ်ခဲ့တဲ့ လူကုန္ကူးသူ ၄ ဦးကုိ နမ့္ခမ္းၿမိဳ႕မွာ ဖမ္းဆီးမိခဲ့ပါတယ္။

အဲ့ဒီလိုသြားေရာက္ ေရာင္းခ်ခဲ့တဲ့ အမ်ိဳးသမီး ၃ ဦးနဲ႔ အမ်ိဳးသား ၁ ဦးတုိ႔ကို ေမ ၁၅ ရက္ေန႔က ဌာေနျပည္သူ႔စစ္တပ္ဖြဲ႔က ဖမ္းဆီးရမိခဲ့တာပါ။

“က်မအမ်ိဳးသားရဲ႕ ညီေလးရဲ႕ မိန္းမနဲ႔ ကေလး ၃ ေယာက္ ေပ်ာက္ေနလို႔ လိုက္ရွာတာ နမ့္ခမ္းက အိမ္ငွားတခုမွာ က်မတို႔ တူမကို ရွာေတြ႔ပါတယ္။ တူမကို ေခၚထားတဲ့ သူေတြကို ဖမ္းေပးဖို႔ ျပည္သူ႔စစ္ကို အကူညီေတာင္းေတာ့ လာဖမ္းေပးပါတယ္။ ဖမ္းၿပီးေတာ့ စစ္ေမးၾကည့္ေတာ့ က်မ အမ်ိဳးသား ညီေလးရဲ႕ မိန္းမနဲ႔ ကေလးႏွစ္ေယာက္ကို တ႐ုတ္ျပည္ဘက္ကို ပို႔ၿပီးေရာင္းလိုက္ေၾကာင့္ သိရပါတယ္” လို႔ လူကုန္းကူးခံရသူရဲ႕ ေဆြမ်ိဳးေတာ္သူက ေျပာပါတယ္။

တ႐ုတ္ျပည္မွာ အိမ္ ေထာင္က်ေနတဲ့ အစ္မရဲ႕ အမ်ိဳးသားျဖစ္သူ တ႐ုတ္ႏိုင္ငံသားက မွာယူလို႔ သြားေရာက္ပို႔ေဆာင္ ေပးခဲ့တာျဖစ္ၿပီး ပိုေဆာင္ခ ယြမ္ေငြ ႏွစ္ေသာင္းရတယ္လို႔ ဖမ္းဆီးခံရသူ အမ်ဳိးသားက ေျပာပါတယ္။

“က်ေနာ့္ မိန္းမရဲ႕ သံုးေယာက္ေျမာက္ အစ္မအႀကီးက တ႐ုတ္ႏိုင္ငံသားနဲ႔ အိမ္ေထာင္က်ေနၿပီး တ႐ုတ္ျပည္မွာေနေနပါတယ္။ အစ္မ ေယာက္်ားက လူလိုခ်င္တယ္ဆိုလို႔ က်ေနာ္တို႔ သြားပို႔ ေပးပါတယ္။ မိန္းမတေယာက္နဲ႔ ကေလးသံုးေယာက္ပါ။ အ့ဲလို႔ ပို႔ေပးရင္ တ႐ုတ္ေငြ ႏွစ္ေသာင္းေပးမယ္ေျပာပါတယ္။ အခု တစ္ေသာင္းပဲ ရပါတယ္။”

ေရာင္းခ်ခံရသူေတြဟာ အသက္ ၃၀ အရြယ္ မိခင္ျဖစ္သူ အမ်ိဳးသမီးတဦး၊ ၄ ႏွစ္အရြယ္နဲ႔ ၂ ႏွစ္အရြယ္ သားေယာက္်ားေလး ၂ ဦးျဖစ္ပါတယ္။ ၇ အရြယ္ သမီးျဖစ္သူကေတာ့ ၀ယ္မယ့္သူမရွိလို႔ လူကုန္ကူးသူေတြ လက္ထဲမွာ က်န္ရွိေနခဲ့တယ္။

လူကုန္ခံရတဲ့ သားအမိ ၃ ေယာက္ဟာ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ထိန္ၿခံဳး၊ ရင္က်န္းၿမိဳ႕မွာ ရိွေနတယ္လို႔ လူကုန္ကူးခံရသူရဲ႕ ေဆြမ်ိဳးေတာ္စပ္သူက ေျပာပါတယ္။

“ေရာင္းခံရတာက အေမျဖစ္သူနဲ႔ သားႏွစ္ေယာက္ပါ။ မိန္းကေလးကေတာ့ ယူမယ့္သူမရွိလို႔ က်န္ေနတာေၾကာင့္ လူကုန္ကူးသူေတြရဲ႕ လက္ထဲကေန ျပန္ရပါတယ္။ အခုလြတ္သြားတဲ့ လူကုန္ကူးသူ မိန္းမက က်မတူမကို အေမလို႔ ေခၚခိုင္ပါတယ္။ အေမ မေခၚရင္ ရိုက္တယ္လို႔ တူမက ျပန္ေျပာျပပါတယ္။ ဖမ္းထားမိသူေတြကို ေမးၾကည့္ သားအမိသံုးေယာက္လံုး တ႐ုတ္ျပည္ ထိန္ၿခံဴး ရင္က်န္းမွာ ရွိေနတယ္လို႔ ေျဖပါတယ္” လို႔ လူကုန္းကူးခံရသူရဲ႕ ေဆြမ်ိဳးေတာ္သူက ေျပာပါတယ္။

ဒီလူကုန္ကူးမႈကို အဓိက ဦးေဆာင္သူကေတာ့ လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္။ ဌာေနျပည္သူ႔စစ္အဖြဲ႔က ဖမ္းဆီးထားတဲ့ လူကုန္ကူးသူ ၄ ဦးထဲက အမ်ိဳးသမီးတဦးကေတာ့ ဖမ္းဆီးထားစဥ္မွာ ထြက္ေျပး လြတ္ေျမာက္သြားလုိ႔ အမ်ိဳးသား ၁ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦးအား နမ့္ခမ္းၿမိဳ႕မရဲစခန္းကို ေမ ၁၇ ရက္ေန႔က အပ္ႏွံခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူကုန္ကူးမႈျဖစ္စဥ္ရဲ႕ ရာခိုင္ႏႈန္း ၈၀ ေက်ာ္ဟာ တ႐ုတ္ႏိုင္ငံကုိ ပုိ႔ေဆာင္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က အမႈေပါင္း ၄၀ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး တရားခံ မ ၆၆ ဦး၊ က်ား ၂၃ ဦးကို အေရယူႏိုင္ခဲ့ကာ လူကုန္ကူးခံရသူ ၁၉၁ ဦးကို တရုတ္ကေန လႊဲေျပာင္းရယူႏိုင္ခဲ့တယ္။

ဒါ့အျပင္ ၂၀၁၈ ခုႏွစ္အတြင္း တ႐ုတ္ျပည္က ျပန္လည္လႊဲေျပာင္းတဲ့ တရားမ၀င္ျမန္မာလုပ္သား က်ား (၉၉၅၃) ဦးနဲ႔ မ (၂၆၃၄) ဦးကို လႊဲေျပာင္းလက္ခံရရွိခဲ့လို႔ မူဆယ္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ရဲ႕ တာ၀န္ရွိသူက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာမှာ နေထိုင်တဲ့ သားအမိ ၄ ယောက်အား တရုတ်နိုင်ငံဘက် ပို့ဆောင်ရောင်းချခဲ့တဲ့ လူကုန်ကူးသူ ၄ ဦးကို နမ့်ခမ်းမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

အဲ့ဒီလိုသွားရောက် ရောင်းချခဲ့တဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို မေ ၁၅ ရက်နေ့က ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

“ကျမအမျိုးသားရဲ့ ညီလေးရဲ့ မိန်းမနဲ့ ကလေး ၃ ယောက် ပျောက်နေလို့ လိုက်ရှာတာ နမ့်ခမ်းက အိမ်ငှားတခုမှာ ကျမတို့ တူမကို ရှာတွေ့ပါတယ်။ တူမကို ခေါ်ထားတဲ့ သူတွေကို ဖမ်းပေးဖို့ ပြည်သူ့စစ်ကို အကူညီတောင်းတော့ လာဖမ်းပေးပါတယ်။ ဖမ်းပြီးတော့ စစ်မေးကြည့်တော့ ကျမ အမျိုးသား ညီလေးရဲ့ မိန်းမနဲ့ ကလေးနှစ်ယောက်ကို တရုတ်ပြည်ဘက်ကို ပို့ပြီးရောင်းလိုက်ကြောင့် သိရပါတယ်” လို့ လူကုန်းကူးခံရသူရဲ့ ဆွေမျိုးတော်သူက ပြောပါတယ်။

တရုတ်ပြည်မှာ အိမ်ထောင်ကျနေတဲ့ အစ်မရဲ့ အမျိုးသားဖြစ်သူ တရုတ်နိုင်ငံသားက မှာယူလို့ သွားရောက်ပို့ဆောင် ပေးခဲ့တာဖြစ်ပြီး ပိုဆောင်ခ ယွမ်ငွေ နှစ်သောင်းရတယ်လို့ ဖမ်းဆီးခံရသူ အမျိုးသားက ပြောပါတယ်။

“ကျနော့် မိန်းမရဲ့ သုံးယောက်မြောက် အစ်မအကြီးက တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျနေပြီး တရုတ်ပြည်မှာနေနေပါတယ်။ အစ်မ ယောက်ျားက လူလိုချင်တယ်ဆိုလို့ ကျနော်တို့ သွားပို့ ပေးပါတယ်။ မိန်းမတယောက်နဲ့ ကလေးသုံးယောက်ပါ။ အဲ့လို့ ပို့ပေးရင် တရုတ်ငွေ နှစ်သောင်းပေးမယ်ပြောပါတယ်။ အခု တစ်သောင်းပဲ ရပါတယ်။”

ရောင်းချခံရသူတွေဟာ အသက် ၃၀ အရွယ် မိခင်ဖြစ်သူ အမျိုးသမီးတဦး၊ ၄ နှစ်အရွယ်နဲ့ ၂ နှစ်အရွယ် သားယောက်ျားလေး ၂ ဦးဖြစ်ပါတယ်။ ၇ အရွယ် သမီးဖြစ်သူကတော့ ဝယ်မယ့်သူမရှိလို့ လူကုန်ကူးသူတွေ လက်ထဲမှာ ကျန်ရှိနေခဲ့တယ်။

လူကုန်ခံရတဲ့ သားအမိ ၃ ယောက်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ခြုံး၊ ရင်ကျန်းမြို့မှာ ရှိနေတယ်လို့ လူကုန်ကူးခံရသူရဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

“ရောင်းခံရတာက အမေဖြစ်သူနဲ့ သားနှစ်ယောက်ပါ။ မိန်းကလေးကတော့ ယူမယ့်သူမရှိလို့ ကျန်နေတာကြောင့် လူကုန်ကူးသူတွေရဲ့ လက်ထဲကနေ ပြန်ရပါတယ်။ အခုလွတ်သွားတဲ့ လူကုန်ကူးသူ မိန်းမက ကျမတူမကို အမေလို့ ခေါ်ခိုင်ပါတယ်။ အမေ မခေါ်ရင် ရိုက်တယ်လို့ တူမက ပြန်ပြောပြပါတယ်။ ဖမ်းထားမိသူတွေကို မေးကြည့် သားအမိသုံးယောက်လုံး တရုတ်ပြည် ထိန်ခြူံး ရင်ကျန်းမှာ ရှိနေတယ်လို့ ဖြေပါတယ်” လို့ လူကုန်းကူးခံရသူရဲ့ ဆွေမျိုးတော်သူက ပြောပါတယ်။

ဒီလူကုန်ကူးမှုကို အဓိက ဦးဆောင်သူကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားတဲ့ လူကုန်ကူးသူ ၄ ဦးထဲက အမျိုးသမီးတဦးကတော့ ဖမ်းဆီးထားစဉ်မှာ ထွက်ပြေး လွတ်မြောက်သွားလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးအား နမ့်ခမ်းမြို့မရဲစခန်းကို မေ ၁၇ ရက်နေ့က အပ်နှံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုဖြစ်စဉ်ရဲ့ ရာခိုင်နှုန်း ၈၀ ကျော်ဟာ တရုတ်နိုင်ငံကို ပို့ဆောင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အမှုပေါင်း ၄၀ ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ မ ၆၆ ဦး၊ ကျား ၂၃ ဦးကို အရေယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ၁၉၁ ဦးကို တရုတ်ကနေ လွှဲပြောင်းရယူနိုင်ခဲ့တယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်း တရုတ်ပြည်က ပြန်လည်လွှဲပြောင်းတဲ့ တရားမဝင်မြန်မာလုပ်သား ကျား (၉၉၅၃) ဦးနဲ့ မ (၂၆၃၄) ဦးကို လွှဲပြောင်းလက်ခံရရှိခဲ့လို့ မူဆယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top