ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္၊ အမာၿမိဳ႕၊ ဘဝသစ္ေက်းရြာအုပ္စု ထြန္းေအာင္ေခ်ာင္းပိုက္တန္း ေရလုပ္သားအစုအဖြဲ႔နဲ႔ ပုိက္ေထာင္ေနသူ ႏွစ္ဦး မိုးႀကိဳးပစ္ခံရတာေၾကာင့္ တဦးေသဆုံးၿပီး တဦး ေပ်ာက္ဆုံးေနတယ္လုိ႔ သိရပါတယ္။
ေမလ ၂၃ ရက္ေန႔ ညေန ၃ နာရီခြဲေလာက္က ထြန္းေအာင္ေခ်ာင္းပိုက္တန္းမွ ကိုေဇာ္မ်ိဳးနဲ႔ ကုိလွေဌးနိုင္တို႔ ႏွစ္ဦး ပုိက္ေဖာ္ပိုက္သိမ္းဖုိ႔ ပုိက္တန္းကုိ စက္ေလွနဲ႔ သြားခဲ့ၾကၿပီးေနာက္ မိုးႀကိဳးပစ္သံေတြ လွ်ပ္စီးေတြ ေတြ႔ရၿပီး ပိုက္ေဖာ္သြားတဲ့ စက္ေလွျပန္မလာတာေၾကာင့္ ကုိလွေဌးနိုင္ရဲ႕ ဖခင္က ျမစ္ဝပိုက္တန္းကုိ လိုက္ရွာခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။
ေရစီးအတြင္းေမ်ာပါေနတဲ့ စက္ေလွေပၚမွာ ကုိေဇာ္မ်ိဳး ကို ပက္လက္အေနအထား ေသဆုံးေနတာကုိ႔ ေတြ႔ရွိၿပီး ကိုလွေဌးနိုင္ကို ရွာေဖြရာမေတြ႔ခဲ့ဘူးလုိ႔ ဆုိပါတယ္။
ေလွဦးပိုင္းမွာ မုိးႀကိဳးပစ္ခံထားရတဲ့ သစ္သားအကြဲစေတြ ေတြ႔ရွိရၿပီး ေသဆုံးသူ ကိုေဇာ္မ်ိဳးကို အမာျပည္သူ႔ေဆး႐ုံကုိ ပုိ႔ေဆာင္ခဲ့ၿပီး ေပ်ာက္ဆုံး ကိုလွေဌးနိုင္ကုိ ေရလုပ္သားေတြနဲ႔ တာ၀န္ရွိသူေတြက စုေပါင္းရွာေဖြေနၾကတယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ေက်ာ္စုိးမုိး – DVB
#Unicode Verison#
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တန်း ရေလုပ်သားအစုအဖွဲ့နဲ့ ပိုက်ထောင်နေသူ နှစ်ဦး မိုးကြိုးပစ်ခံရတာကြောင့် တဦးသေဆုံးပြီး တဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ထွန်းအောင်ချောင်းပိုက်တန်းမှ ကိုဇော်မျိုးနဲ့ ကိုလှဌေးနိုင်တို့ နှစ်ဦး ပိုက်ဖော်ပိုက်သိမ်းဖို့ ပိုက်တန်းကို စက်လှေနဲ့ သွားခဲ့ကြပြီးနောက် မိုးကြိုးပစ်သံတွေ လျှပ်စီးတွေ တွေ့ရပြီး ပိုက်ဖော်သွားတဲ့ စက်လှေပြန်မလာတာကြောင့် ကိုလှဌေးနိုင်ရဲ့ ဖခင်က မြစ်ဝပိုက်တန်းကို လိုက်ရှာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစီးအတွင်းမျောပါနေတဲ့ စက်လှေပေါ်မှာ ကိုဇော်မျိုး ကို ပက်လက်အနေအထား သေဆုံးနေတာကို့ တွေ့ရှိပြီး ကိုလှဌေးနိုင်ကို ရှာဖွေရာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
လှေဦးပိုင်းမှာ မိုးကြိုးပစ်ခံထားရတဲ့ သစ်သားအကွဲစတွေ တွေ့ရှိရပြီး သေဆုံးသူ ကိုဇော်မျိုးကို အမာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ပျောက်ဆုံး ကိုလှဌေးနိုင်ကို ရေလုပ်သားတွေနဲ့ တာဝန်ရှိသူတွေက စုပေါင်းရှာဖွေနေကြတယ်လို့ သိရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ကျော်စိုးမိုး – DVB