ေခ်ာကလက္ ႀကိဳက္သူေတြက ေခ်ာကလက္ေတြကို အမ်ားႀကီး စားတတ္ လုိ႔ တစ္ခါတေလမွာ ကိုယ့္ကိုယ္ကိုယ္ေတာင္ သံသယ ရွိလာမွာပါ။ ဒါေပမယ့္ ေခ်ာကလက္ ႀကိဳက္တာနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ စိတ္ပူစရာ မလုိေတာ့ပါဘူး။ အနက္ေရာင္ ေခ်ာကလက္မွာ ကိုကိုး ပါဝင္မႈႏႈန္း မ်ားလို႔ အေတာ္ကို အရသာ ရွိပါတယ္။

ဒါတင္ မကပါဘူး။ က်န္းမာေရး အတြက္လည္း အလြန္ကို သင့္ေတာ္ပါတယ္။ ခႏၶာကိုယ္ အတြက္ အက်ိဳးရွိတဲ့ ေခ်ာကလက္ကို ေန႔တိုင္ းစားေပးသင့္ ပါတယ္။

1. စိတ္ဓာတ္ တက္ႂကြေစတယ္။

အနက္ေရာင္ ေခ်ာကလက္ကို အနည္းငယ္ စားေပးရံုနဲ႔ အလုပ္ေတြကို ျပည့္ျပည့္ဝဝ လုပ္ကိုင္ႏုိင္မွာပါ။ အနက္ေရာင္ ေခ်ာကလက္မွာ အမိုင္ႏိုအက္စစ္ ပါဝင္ပါတယ္။ အမိုင္ႏိုအက္စစ္က ဦးေႏွာက္ကို မွတ္သား ႏိုင္စြမ္း ျမင့္မားေစပါတယ္။ စိတ္ကိုလည္း ေပ်ာ္ရႊင္ေစပါတယ္။

2. ဦးေႏွာက္အတြက္ အာဟာရ

ေခ်ာကလက္ စားျခင္းက ဦးေႏွာက္ကို ထက္ျမက္ေစၿပီး ဦးေႏွာက္ ထိခိုက္ဒဏ္ရာ ရမႈကိုလည္း ကာကြယ္ေပးတယ္ လို႔ သုေတသနတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ႏွစ္ေပါင္း 40 ၾကာ အခ်ိန္ယူ ျပဳစုခဲ့တဲ့ သုေတသန တစ္ခုမွာ ေခ်ာကလက္ကို မၾကာခဏ စားတဲ့လူေတြက ဦးေႏွာက္ကိုသံုးရတဲ့ လုပ္ငန္းေတြမွာ ပိုၿပီး အလုပ္လုပ္ႏုိင္တယ္ လို႔ ေရးသားထားပါတယ္။

3. အစာေခ်ဖ်က္မႈ အတြက္ အက်ိဳး ရွိတယ္။

အနက္ေရာင္ ေခ်ာကလက္မွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမၽွင္ဓာတ္ေတြ ပါဝင္ပါတယ္။ အမၽွင္ဓာတ္ေတြက ခႏၶာကုိယ္ရဲ႕ ကိုလက္စထေရာ level ကို ထိန္းညႇိေပးရာမွာ အကူအညီ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အနက္ေရာင္ ေခ်ာကလက္က အစာေခ်ဖ်က္မႈ အတြက္ အက်ိဳးရွိၿပီး ကိုယ္ခႏၶာ အေလးခ်ိန္ကိုလည္း ထိန္းခ်ဴပ္ ေပးပါတယ္။

4. ကေလးေတြကို ေပ်ာ္ရႊင္ေစတယ္။

ကိုယ္ဝန္ေဆာင္ ခ်ိန္မွာ ေခ်ာကလက္ကို ပိုစားေပးရင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္တဲ့ ကေလးေတြကို ရႏိုင္ေခ် ပိုမ်ားတယ္ လို႔ ဖင္လန္ႏိုင္ငံရဲ႕ သုေတသန စာတမ္းတစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြက ေခ်ာကလက္ကို ခ်င္ျခင္းတပ္တယ္ ဆိုရင္ေတာ့ အေလၽွာ့ေပးလိုက္ပါ။ ကေလးအတြက္ အက်ိဳး ရွိပါတယ္။

5. ႏွလံုးကို က်န္းမာေစတယ္။

အနက္ေရာင္ ေခ်ာကလက္က ႏွလံုးေသြးေၾကာနဲ႔ ဆိုင္တဲ့ ေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလၽွာ့နည္း ေစပါတယ္။ တစ္ပတ္မွာ ေခ်ာကလက္ကို ငါးႀကိမ္နဲ႔ အထက္ စားတဲ့သူေတြက ႏွလံုးေသြးေၾကာနဲ႔ ဆိုင္တဲ့ေရာဂါ ျဖစ္ႏိုင္ေခ် 57 ရာခိုင္ႏႈန္း ေလ်ာ့သြားတယ္ လို႔ ေလ့လာခ်က္ တစ္ခုကမွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေနာက္တစ္ခါ စတိုးဆိုင္ေတြကို သြားရင္ ေခ်ာကလက္ အထုတ္ႀကီးႀကီးသာ ဝယ္လာလိုက္ပါ။ ေခ်ာကလက္က သင့္က်န္းမာေရးကို အထူးေကာင္းေစတယ္ ဆိုတာ မေမ့ပါနဲ႔ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zombie(Loveအတိုအစေလးမ်ား)
# Unicode Version # ျဖင့္ ဖတ္ပါ #

ချောကလက် ကြိုက်သူတွေက ချောကလက်တွေကို အများကြီး စားတတ် လို့ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်တောင် သံသယ ရှိလာမှာပါ။ ဒါပေမယ့် ချောကလက် ကြိုက်တာနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ပူစရာ မလိုတော့ပါဘူး။ အနက်ရောင် ချောကလက်မှာ ကိုကိုး ပါဝင်မှုနှုန်း များလို့ အတော်ကို အရသာ ရှိပါတယ်။

ဒါတင် မကပါဘူး။ ကျန်းမာရေး အတွက်လည်း အလွန်ကို သင့်တော်ပါတယ်။ ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ချောကလက်ကို နေ့တိုင် းစားပေးသင့် ပါတယ်။

1. စိတ်ဓာတ် တက်ကြွစေတယ်။

အနက်ရောင် ချောကလက်ကို အနည်းငယ် စားပေးရုံနဲ့ အလုပ်တွေကို ပြည့်ပြည့်ဝဝ လုပ်ကိုင်နိုင်မှာပါ။ အနက်ရောင် ချောကလက်မှာ အမိုင်နိုအက်စစ် ပါဝင်ပါတယ်။ အမိုင်နိုအက်စစ်က ဦးနှောက်ကို မှတ်သား နိုင်စွမ်း မြင့်မားစေပါတယ်။ စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။

2. ဦးနှောက်အတွက် အာဟာရ

ချောကလက် စားခြင်းက ဦးနှောက်ကို ထက်မြက်စေပြီး ဦးနှောက် ထိခိုက်ဒဏ်ရာ ရမှုကိုလည်း ကာကွယ်ပေးတယ် လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ နှစ်ပေါင်း 40 ကြာ အချိန်ယူ ပြုစုခဲ့တဲ့ သုတေသန တစ်ခုမှာ ချောကလက်ကို မကြာခဏ စားတဲ့လူတွေက ဦးနှောက်ကိုသုံးရတဲ့ လုပ်ငန်းတွေမှာ ပိုပြီး အလုပ်လုပ်နိုင်တယ် လို့ ရေးသားထားပါတယ်။

3. အစာချေဖျက်မှု အတွက် အကျိုး ရှိတယ်။

အနက်ရောင် ချောကလက်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော level ကို ထိန်းညှိပေးရာမှာ အကူအညီ ဖြစ်စေပါတယ်။ ဒါ့ကြောင့် အနက်ရောင် ချောကလက်က အစာချေဖျက်မှု အတွက် အကျိုးရှိပြီး ကိုယ်ခန္ဓာ အလေးချိန်ကိုလည်း ထိန်းချူပ် ပေးပါတယ်။

4. ကလေးတွေကို ပျော်ရွှင်စေတယ်။

ကိုယ်ဝန်ဆောင် ချိန်မှာ ချောကလက်ကို ပိုစားပေးရင် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကလေးတွေကို ရနိုင်ချေ ပိုများတယ် လို့ ဖင်လန်နိုင်ငံရဲ့ သုတေသန စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ချောကလက်ကို ချင်ခြင်းတပ်တယ် ဆိုရင်တော့ အလျှော့ပေးလိုက်ပါ။ ကလေးအတွက် အကျိုး ရှိပါတယ်။

5. နှလုံးကို ကျန်းမာစေတယ်။

အနက်ရောင် ချောကလက်က နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေကို လျှော့နည်း စေပါတယ်။ တစ်ပတ်မှာ ချောကလက်ကို ငါးကြိမ်နဲ့ အထက် စားတဲ့သူတွေက နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါ ဖြစ်နိုင်ချေ 57 ရာခိုင်နှုန်း လျော့သွားတယ် လို့ လေ့လာချက် တစ်ခုကမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နောက်တစ်ခါ စတိုးဆိုင်တွေကို သွားရင် ချောကလက် အထုတ်ကြီးကြီးသာ ဝယ်လာလိုက်ပါ။ ချောကလက်က သင့်ကျန်းမာရေးကို အထူးကောင်းစေတယ် ဆိုတာ မမေ့ပါနဲ့နော်

ဖိုးသူတော် (www.phothutaw.com)
Credit:Zombie(Loveအတိုအစလေးများ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top