သည္ည ၁၀း၃၃ မွာ ဖ်တ္ခနဲ မီးျပန္လာတယ္။ တစ္အိမ္လံုး ၀င္းထိန္သြားတာေပါ့ေလ။

ေရေမာင္းရင္း ဘာရယ္မဟုတ္ဘဲ မလုိတဲ့ မီးေလးေတြ လိုက္ပိတ္ျဖစ္တယ္။ ၀ရန္တာမီးတို႔ ဘာတို႔ေပါ့။ သာမန္ ရာသီဥတု မွာ လူႏွစ္ဦးေနတဲ့ အိမ္အတြက္ မီတာခ တစ္ေသာင္းခဲြ ၀န္းက်င္ေပမယ့္ အခုလုိ ပူအိုက္ခ်ိန္ဆိုရင္ ႏွစ္ေသာင္း၀န္းက်င္ က်ပါတယ္။ ေခၽြတာျခင္းနဲ႔ မေခၽြတာျခင္းဟာ က်ပ္ငါးေထာင္ ကြာတာေပါ့ေလ။ တစ္ရက္မွ ႏွစ္ရာ၀န္းက်င္ နဲ႔ က်ပ္ငါးေထာင ္ဆိုတာ ဒီေခတ္ ဘာရိွတာမွတ္လို႔။ လူသံုးေယာက္ေလာက္ လက္ဖက္ရည္ဆိုင္မယ္ မနက္ခင္းထိုင္ရင္ ငါးေထာင္တန္ တစ္ရြက္ပဲဥစၥာ။

ဒါေပမယ့္ …အခု လက္ရိွမီးပ်က္ေနရတဲ့ ကိစၥရဲ႕ အဓိက အေၾကာင္းရင္းေတြထဲမွာ ၀န္ပိုသံုးစြဲျခင္း ဆုိတဲ့ အခ်က္ပါ၀င္ပါတယ္။ ေပးႏိုင္တဲ့ ကီလုိ/မီဂါ၀ပ္ထက္ ပိုသံုးေနၾကတာကို ေျပာတာပါ။ (အရင္အစိုးရလက္ထက္က စြမ္းအားေတြကို ျပည္ပေရာင္းစားခဲ့ျခင္း ဘာညာ ခဏ ထားပါေတာ့။ ေနာက္ ဟုိက္ဒရုိပါ၀ါပလန္႔ ေတြအတြက္ အရင္းအျမစ္ျဖစ္တဲ့ ေရခန္းေျခာက္ျခင္းကိုလည္း ခဏထားပါေတာ့။)

အဓိက ၀န္ပိုတက္ေစတာကေတာ့ ခပ္လြယ္လြယ္မွတ္ရင္ ၀ပ္အားႀကီး ပစၥည္းမ်ား သံုးစဲြျခင္းဗ်။ ကြိဳင္မီးဖို အဲကြန္း မီးပူ ေပါင္းအိုး စသည္ေပါ့ေလ။ လိုက္တင္ေခၚတဲ့ အလင္းပိုင္းအတြက္ သံုးစြဲတာက အထက္ပါေတြနဲ႔စာရင္ မမ်ားလွဘူး။ ဒါေပမယ့္ ေပါင္းလိုက္ရင္ေတာ့ သူကလည္း ထည့္သြင္းတြက္ခ်က္ရမယ့္ ပမာဏဆီ ေရာက္ပါတယ္ (ဆိုလိုတာက ပမာဏ မ်ားပါတယ္)။ ၿပီး ၾကာခ်ိန္ဘက္ကၾကည့္ရင္ ဘယ္သူမွ ထမင္းအၾကာႀကီးမခ်က္ေပမယ့္ မီးကိုေတာ့ တစ္ညလံုး ထြန္းၾက တာကိုး။ ဒီ Time factor ကလည္း အေရးႀကီးပါတယ္။

ဆိုလိုတာက အဲကြန္း ေရခဲေသတၱာ စတာေတြကို မေလွ်ာ႔ေပးႏိုင္ရင္ေတာင္ တစ္အိမ္ကို သိပ္မလိုလွတဲ့ မီးေလးတစ္လံုး မီးေခ်ာင္းေလးတစ္ေခ်ာင္းစီေလွ်ာ့ေပးလိုက္ရင္ ၀ပ္ေတြ မနည္းဘူး အားသြားမွာဗ်။ လက္ပေတာ့ ဖုန္း ပန္ကာ စတာေတြက ၀န္နည္းေတာ့ ကိစၥမရိွဘူး။

အဲဒီလုိ မီးေလးတစ္လံုးစီ တစ္ေခ်ာင္းစီ ပိတ္လိုက္လို႔ စုစုေပါင္း ဆဲြအား၀န္ နည္းသြားေတာ့ အင္ပီယာက်သြားမယ္။ အင္ပီယာ က်ေတာ့ ေပးေနရတဲ့ ထရန္စေဖၚမာေတြ သယ္ေနရတ့ဲ ေကဘယ္ေတြ ၀န္မပိဘဲ အလုပ္ေကာင္းေကာင္း လုပ္ႏိုင္ပါမယ္။

ကိုယ္တတ္ႏိုင္သေလာက္ေလး အခက္အခဲ အေႏွာက္အယွက္ မ်ဳိးစံုနဲ႔ ဒုကၡပံုၾကီး လက္လႊဲယူလုိက္ရတဲ့ အစိုးရကို ကူညီတဲ့သေဘာလည္း ေရာက္တာေပါ့ေနာ။

ေနာက္ၿပီး ၀န္ပိုမျဖစ္လို႔ မီးေပးႏိုင္ခ်ိန္ ပိုရလာရင္ အားလံုးမွ်ၿပီး ေပ်ာ္ရႊင္စိတ္ခ်မ္းသာရတာေပါ့။ ယူတတ္ရင္ ကုသိုလ္ပါပဲ။ ေလႀကီးေလက်ယ္ေျပာရရင္ တာ၀န္သိ ႏိုင္ငံ့သားေကာင္း ဆိုတာမ်ဳိးလည္း ျဖစ္ပါေသးတယ္။

ေလာကႀကီးမယ္ အျဖဴ -အမည္း ႏွစ္မ်ဳိးထဲ ေတြးတတ္သူမ်ားဟာ ၿပိန္း ဆိုပဲဗ်။ ျဖဴရင္ျဖဴ – မဟုတ္ရင္ အမည္းျဖစ္တယ္ ေပါ့ေလ။ ေတြးရတာ လြယ္တာကိုး။ ၾကားထဲမယ္ရိွတဲ့ အႏုအရင့္စေကးကို မေတြးေတာ့ဘူး။ မီးသံုးစဲြမႈမွာလည္း အလားတူပါပဲ။ “လာတုန္း ေရွာ႔ပင္းေမာလ္ႀကီးလို ၀င္းထိန္ေနေအာင္ အားပါးတရ ဖြင့္မယ္ – ပ်က္ေတာ့ ေမွာင္ထဲကေန ငုတ္တုပ္ထုိင္ ဆဲရံုေပါ့” ဆုိ ဘယ္ဟုတ္မလဲ။ ခ်ိဳင္းလ္ဒစ္ရွ္ ျဖစ္တာေပါ့။

အဲဒါ ျဖဴ-မည္း ေတြးေခၚျခင္းပဲ။ နည္းနည္းေလး မွိန္ေသာ္ျငား မွ်မွ်တတလင္းေနတာ အပံုႀကီး ပိုေကာင္းပါတယ္ ေနာ႔။ ခင္ဗ်ားတို႔ ဖုန္းေလးေတြ အားသြင္းလို႔ရမယ္။ ေရေလးဘာေလး မျပတ္တင္လို႔ရမယ္။ ဘယ္္ေလာက္ အိုေကသလဲ။

ေခၽြတာရတဲ့အထဲမယ္ မီးေလးတစ္လံုး မီးေလးတစ္ေခ်ာင္း ပိတ္ေပးလိုက္ရတာက သိပ္ခက္ေလာက္မယ္မဟုတ္ဘူး ထင္ရတာပဲ။

ကိုယ့္အခန္း ကိုယ့္အိမ္ ဘယ္ေနရာမွာ ဘယ္ေလာက္ အလင္းလိုသလဲ – ကိုယ္ ပိုသံုးမိေနသလား သိခ်င္ရင္ ေအာက္က အခ်က္ေလးနဲ႔ တုိင္းဗ်။ ပိုေနရင္လည္း ပိတ္လို႔ ရတာေပါ့။

အလင္းလိုအပ္ခ်က္ကို လ်ဴမင္ (Lumen) နဲ႔တြက္တယ္။ square metre နဲ႔ ျဖစ္ေစ square feet နဲ႔ျဖစ္ေစ ဘယ္လို တြက္တြက္ သာမန္ ဆယ္ေပပတ္လည္ အခန္းတစ္ခန္းအတြက္ အလင္းလိုအပ္ခ်က္ဟာ 1,000 – 2,000 lumen ၾကားေလာက္ပါပဲ။ ေပႏွစ္ဆယ္ပတ္လည္ဆိုရင္ (ႏွစ္ဆမဟုတ္ဘဲ ေလးဆမို႔) 4,000 – 8,000 ေပါ့။

ေစ်းကြက္ထဲမယ္ရိွတဲ့ (ေခတ္ေပၚ ႏွစ္ဆလင္း ေခၚ / 36W or 40W ေခၚ) ေလးေပ မီးေခ်ာင္းတစ္ေခ်ာင္းက လ်ဴမင္ 3,000 ေလာက္ထြက္တယ္ဆိုေတာ့ ဘယ္ႏွစ္ေခ်ာင္းလိုသလဲဆိုတာ ဒီပံုေသနည္းနဲ႔ အလြယ္ မွန္းၾကည့္ႏုိင္တာေပါ့ဗ်ာ။ (ကဲြျပားခ်က္ေတြအေနနဲ႔ အေဆာက္အဦေဆာက္သူေတြ ကုမၸဏီေတြ အႀကိဳက္မတူလို႔ အလင္း အတိုးအေလွ်ာ႔ရိွမယ္။ ေနာက္ ပညာရပ္ဆိုင္ရာပိုင္းမွာ အိပ္ခန္းနဲ႔ စားခန္း နားခန္း ေလွ်ာက္လမ္း ခန္းမ ျပခန္း စသည္တို႔အေပၚ လ်ဴမင္ လိုအပ္ခ်က္ မတူတာေလးေတြရိွမယ္။ အခန္းအေရာင္ေၾကာင့္ loss ျဖစ္သြားမွာကို တင္ထားတာေလးေတြရိွမယ္။ အေသးစိတ္ေတြ ထားပါေတာ့)

ဖိုးသူေတာ္(www.phothutaw.com)
Credit: ခ်မ္းျငိမ္းထြန္း @ စုိးေ၀ျငိမ္း
#Unicode Version#
သည်ည ၁၀း၃၃ မှာ ဖျတ်ခနဲ မီးပြန်လာတယ်။ တစ်အိမ်လုံး ဝင်းထိန်သွားတာပေါ့လေ။

ရေမောင်းရင်း ဘာရယ်မဟုတ်ဘဲ မလိုတဲ့ မီးလေးတွေ လိုက်ပိတ်ဖြစ်တယ်။ ဝရန်တာမီးတို့ ဘာတို့ပေါ့။ သာမန် ရာသီဥတု မှာ လူနှစ်ဦးနေတဲ့ အိမ်အတွက် မီတာခ တစ်သောင်းခွဲ ဝန်းကျင်ပေမယ့် အခုလို ပူအိုက်ချိန်ဆိုရင် နှစ်သောင်းဝန်းကျင် ကျပါတယ်။ ချွေတာခြင်းနဲ့ မချွေတာခြင်းဟာ ကျပ်ငါးထောင် ကွာတာပေါ့လေ။ တစ်ရက်မှ နှစ်ရာဝန်းကျင် နဲ့ ကျပ်ငါးထောင ်ဆိုတာ ဒီခေတ် ဘာရှိတာမှတ်လို့။ လူသုံးယောက်လောက် လက်ဖက်ရည်ဆိုင်မယ် မနက်ခင်းထိုင်ရင် ငါးထောင်တန် တစ်ရွက်ပဲဥစ္စာ။

ဒါပေမယ့် …အခု လက်ရှိမီးပျက်နေရတဲ့ ကိစ္စရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ဝန်ပိုသုံးစွဲခြင်း ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ပေးနိုင်တဲ့ ကီလို/မီဂါဝပ်ထက် ပိုသုံးနေကြတာကို ပြောတာပါ။ (အရင်အစိုးရလက်ထက်က စွမ်းအားတွေကို ပြည်ပရောင်းစားခဲ့ခြင်း ဘာညာ ခဏ ထားပါတော့။ နောက် ဟိုက်ဒရိုပါဝါပလန့် တွေအတွက် အရင်းအမြစ်ဖြစ်တဲ့ ရေခန်းခြောက်ခြင်းကိုလည်း ခဏထားပါတော့။)

အဓိက ဝန်ပိုတက်စေတာကတော့ ခပ်လွယ်လွယ်မှတ်ရင် ဝပ်အားကြီး ပစ္စည်းများ သုံးစွဲခြင်းဗျ။ ကွိုင်မီးဖို အဲကွန်း မီးပူ ပေါင်းအိုး စသည်ပေါ့လေ။ လိုက်တင်ခေါ်တဲ့ အလင်းပိုင်းအတွက် သုံးစွဲတာက အထက်ပါတွေနဲ့စာရင် မများလှဘူး။ ဒါပေမယ့် ပေါင်းလိုက်ရင်တော့ သူကလည်း ထည့်သွင်းတွက်ချက်ရမယ့် ပမာဏဆီ ရောက်ပါတယ် (ဆိုလိုတာက ပမာဏ များပါတယ်)။ ပြီး ကြာချိန်ဘက်ကကြည့်ရင် ဘယ်သူမှ ထမင်းအကြာကြီးမချက်ပေမယ့် မီးကိုတော့ တစ်ညလုံး ထွန်းကြ တာကိုး။ ဒီ Time factor ကလည်း အရေးကြီးပါတယ်။

ဆိုလိုတာက အဲကွန်း ရေခဲသေတ္တာ စတာတွေကို မလျှော့ပေးနိုင်ရင်တောင် တစ်အိမ်ကို သိပ်မလိုလှတဲ့ မီးလေးတစ်လုံး မီးချောင်းလေးတစ်ချောင်းစီလျှော့ပေးလိုက်ရင် ဝပ်တွေ မနည်းဘူး အားသွားမှာဗျ။ လက်ပတော့ ဖုန်း ပန်ကာ စတာတွေက ဝန်နည်းတော့ ကိစ္စမရှိဘူး။

အဲဒီလို မီးလေးတစ်လုံးစီ တစ်ချောင်းစီ ပိတ်လိုက်လို့ စုစုပေါင်း ဆွဲအားဝန် နည်းသွားတော့ အင်ပီယာကျသွားမယ်။ အင်ပီယာ ကျတော့ ပေးနေရတဲ့ ထရန်စဖေါ်မာတွေ သယ်နေရတဲ့ ကေဘယ်တွေ ဝန်မပိဘဲ အလုပ်ကောင်းကောင်း လုပ်နိုင်ပါမယ်။

ကိုယ်တတ်နိုင်သလောက်လေး အခက်အခဲ အနှောက်အယှက် မျိုးစုံနဲ့ ဒုက္ခပုံကြီး လက်လွှဲယူလိုက်ရတဲ့ အစိုးရကို ကူညီတဲ့သဘောလည်း ရောက်တာပေါ့နော။

နောက်ပြီး ဝန်ပိုမဖြစ်လို့ မီးပေးနိုင်ချိန် ပိုရလာရင် အားလုံးမျှပြီး ပျော်ရွှင်စိတ်ချမ်းသာရတာပေါ့။ ယူတတ်ရင် ကုသိုလ်ပါပဲ။ လေကြီးလေကျယ်ပြောရရင် တာဝန်သိ နိုင်ငံ့သားကောင်း ဆိုတာမျိုးလည်း ဖြစ်ပါသေးတယ်။

လောကကြီးမယ် အဖြူ -အမည်း နှစ်မျိုးထဲ တွေးတတ်သူများဟာ ပြိန်း ဆိုပဲဗျ။ ဖြူရင်ဖြူ – မဟုတ်ရင် အမည်းဖြစ်တယ် ပေါ့လေ။ တွေးရတာ လွယ်တာကိုး။ ကြားထဲမယ်ရှိတဲ့ အနုအရင့်စကေးကို မတွေးတော့ဘူး။ မီးသုံးစွဲမှုမှာလည်း အလားတူပါပဲ။ “လာတုန်း ရှော့ပင်းမောလ်ကြီးလို ဝင်းထိန်နေအောင် အားပါးတရ ဖွင့်မယ် – ပျက်တော့ မှောင်ထဲကနေ ငုတ်တုပ်ထိုင် ဆဲရုံပေါ့” ဆို ဘယ်ဟုတ်မလဲ။ ချိုင်းလ်ဒစ်ရှ် ဖြစ်တာပေါ့။

အဲဒါ ဖြူ-မည်း တွေးခေါ်ခြင်းပဲ။ နည်းနည်းလေး မှိန်သော်ငြား မျှမျှတတလင်းနေတာ အပုံကြီး ပိုကောင်းပါတယ် နော့။ ခင်ဗျားတို့ ဖုန်းလေးတွေ အားသွင်းလို့ရမယ်။ ရေလေးဘာလေး မပြတ်တင်လို့ရမယ်။ ဘယ်လောက် အိုကေသလဲ။

ချွေတာရတဲ့အထဲမယ် မီးလေးတစ်လုံး မီးလေးတစ်ချောင်း ပိတ်ပေးလိုက်ရတာက သိပ်ခက်လောက်မယ်မဟုတ်ဘူး ထင်ရတာပဲ။

ကိုယ့်အခန်း ကိုယ့်အိမ် ဘယ်နေရာမှာ ဘယ်လောက် အလင်းလိုသလဲ – ကိုယ် ပိုသုံးမိနေသလား သိချင်ရင် အောက်က အချက်လေးနဲ့ တိုင်းဗျ။ ပိုနေရင်လည်း ပိတ်လို့ ရတာပေါ့။

အလင်းလိုအပ်ချက်ကို လျူမင် (Lumen) နဲ့တွက်တယ်။ square metre နဲ့ ဖြစ်စေ square feet နဲ့ဖြစ်စေ ဘယ်လို တွက်တွက် သာမန် ဆယ်ပေပတ်လည် အခန်းတစ်ခန်းအတွက် အလင်းလိုအပ်ချက်ဟာ 1,000 – 2,000 lumen ကြားလောက်ပါပဲ။ ပေနှစ်ဆယ်ပတ်လည်ဆိုရင် (နှစ်ဆမဟုတ်ဘဲ လေးဆမို့) 4,000 – 8,000 ပေါ့။

ဈေးကွက်ထဲမယ်ရှိတဲ့ (ခေတ်ပေါ် နှစ်ဆလင်း ခေါ် / 36W or 40W ခေါ်) လေးပေ မီးချောင်းတစ်ချောင်းက လျူမင် 3,000 လောက်ထွက်တယ်ဆိုတော့ ဘယ်နှစ်ချောင်းလိုသလဲဆိုတာ ဒီပုံသေနည်းနဲ့ အလွယ် မှန်းကြည့်နိုင်တာပေါ့ဗျာ။ (ကွဲပြားချက်တွေအနေနဲ့ အဆောက်အဦဆောက်သူတွေ ကုမ္ပဏီတွေ အကြိုက်မတူလို့ အလင်း အတိုးအလျှော့ရှိမယ်။ နောက် ပညာရပ်ဆိုင်ရာပိုင်းမှာ အိပ်ခန်းနဲ့ စားခန်း နားခန်း လျှောက်လမ်း ခန်းမ ပြခန်း စသည်တို့အပေါ် လျူမင် လိုအပ်ချက် မတူတာလေးတွေရှိမယ်။ အခန်းအရောင်ကြောင့် loss ဖြစ်သွားမှာကို တင်ထားတာလေးတွေရှိမယ်။ အသေးစိတ်တွေ ထားပါတော့)


ဖိုးသူတော်(www.phothutaw.com)
Credit: ချမ်းငြိမ်းထွန်း @ စိုးဝေငြိမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top