မည္သူမဆို ေငြေၾကးက်ပ္တည္းေနပါက ဘုရားတစ္ဆူဆူသို႔သြားကာ စေနေထာင့္သို႔ေရာက္လွ်င္ ထီး(ဝါ) ေဒါနပန္း(ဝါ) ႏွင္းပန္း အစရွိသျဖင့္ စေနနံသင့္ လႉဖြယ္တစ္ခုခုကို လႉဒါန္းၿပီး ငါးပါးသီလခံယူလ်က္ ထိန္သားပုတီးျဖင့္ –

“နေမာ ေတ ဗုဒၶဝိရတၱဳ ဝိပၸမုေတၱာသိ၊ သဗၺဓိ သမၼာဓ ပဋိပေႏၷာသၼႎ တႆ ေမ သရဏံဘဝ”

ဂါထာကို တစ္ေန႔လွ်င္ ခုနစ္ပတ္ႏႈန္းႏွင့္ ခုနစ္ရက္ျပည့္ေအာင္ စိပ္ဖို႔လိုပါသည္။ (ပုတီးမွာ ၁၀၈ လုံး ပုတီးျဖစ္ပါသည္) စတင္အဓိ႒ာန္ဝင္ရမည့္ ရက္မွာ အေရးႀကီးပါသည္။ ေနာက္ရက္၌ မည္သည့္ အခ်ိန္ဝင္ဝင္ ကိစၥမရွိပါ။ အဓိ႒ာန္မပ်က္ဖို႔သာ လိုပါသည္။ စတင္အဓိ႒ာန္ဝင္ရမည့္ အခ်ိန္မွာ နံနက္ (၁၀း၃၀)မွ (၁၂းဝဝ)အတြင္း ျဖစ္ရပါမည္။ တနဂၤေႏြသားသည္ အဂၤါေန႔၊ တနလၤာသားသည္ ဗုဒၶဟူးေန႔၊ အဂၤါသားသည္ ၾကာသပေတးေန႔၊ ဗုဒၶဟူးသားသည္ ေသာ ၾကာေန႔၊ ၾကာသပေတးသားသည္ စေနေန႔၊ ေသာၾကာ သားသည္ တနဂၤေႏြေန႔၊ စေနသားသည္ တနလၤာေန႔ တြင္ စတင္လုပ္ေဆာင္ရပါမည္။

အဓိ႒ာန္စတင္ဝင္စဥ္မွာပင္ ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရလို၏ ဘုရားဟု ဆုေတာင္းရပါမည္။ လက္ေတြ႕လုပ္ေဆာင္ ၾကည့္ပါ။ အက်ိဳးထူးပါလိမ့္မည္။

ကြၽန္ုပ္ကား ဤသို႔ေသာ အဓိ႒ာန္ကို လက္ေတြ႕လုပ္ေဆာင္ခဲ့သျဖင့္ ယခုအခါ၌ ေငြေၾကးကိစၥႏွင့္ ပတ္သက္၍ ပူပင္ေသာက ဘာမွ်မရွိဟု ဆိုရေလာက္ေအာင္ ဟန္က်ပန္က် ျဖစ္ေနပါေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မေနာမယဂ်ာနယ္

#Unicode Version# ျဖင့္ဖတ္ပါ ။

မည်သူမဆို ငွေကြေးကျပ်တည်းနေပါက ဘုရားတစ်ဆူဆူသို့သွားကာ စနေထောင့်သို့ရောက်လျှင် ထီး(ဝါ) ဒေါနပန်း(ဝါ) နှင်းပန်း အစရှိသဖြင့် စနေနံသင့် လှူဖွယ်တစ်ခုခုကို လှူဒါန်းပြီး ငါးပါးသီလခံယူလျက် ထိန်သားပုတီးဖြင့် –

“နမော တေ ဗုဒ္ဓဝိရတ္တု ဝိပ္ပမုတ္တောသိ၊ သဗ္ဗဓိ သမ္မာဓ ပဋိပန္နောသ္မိံ တဿ မေ သရဏံဘဝ”

ဂါထာကို တစ်နေ့လျှင် ခုနစ်ပတ်နှုန်းနှင့် ခုနစ်ရက်ပြည့်အောင် စိပ်ဖို့လိုပါသည်။ (ပုတီးမှာ ၁၀၈ လုံး ပုတီးဖြစ်ပါသည်) စတင်အဓိဋ္ဌာန်ဝင်ရမည့် ရက်မှာ အရေးကြီးပါသည်။ နောက်ရက်၌ မည်သည့် အချိန်ဝင်ဝင် ကိစ္စမရှိပါ။ အဓိဋ္ဌာန်မပျက်ဖို့သာ လိုပါသည်။ စတင်အဓိဋ္ဌာန်ဝင်ရမည့် အချိန်မှာ နံနက် (၁၀း၃၀)မှ (၁၂းဝဝ)အတွင်း ဖြစ်ရပါမည်။ တနင်္ဂနွေသားသည် အင်္ဂါနေ့၊ တနင်္လာသားသည် ဗုဒ္ဓဟူးနေ့၊ အင်္ဂါသားသည် ကြာသပတေးနေ့၊ ဗုဒ္ဓဟူးသားသည် သော ကြာနေ့၊ ကြာသပတေးသားသည် စနေနေ့၊ သောကြာ သားသည် တနင်္ဂနွေနေ့၊ စနေသားသည် တနင်္လာနေ့ တွင် စတင်လုပ်ဆောင်ရပါမည်။

အဓိဋ္ဌာန်စတင်ဝင်စဉ်မှာပင် ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရလို၏ ဘုရားဟု ဆုတောင်းရပါမည်။ လက်တွေ့လုပ်ဆောင် ကြည့်ပါ။ အကျိုးထူးပါလိမ့်မည်။

ကျွန်ုပ်ကား ဤသို့သော အဓိဋ္ဌာန်ကို လက်တွေ့လုပ်ဆောင်ခဲ့သဖြင့် ယခုအခါ၌ ငွေကြေးကိစ္စနှင့် ပတ်သက်၍ ပူပင်သောက ဘာမျှမရှိဟု ဆိုရလောက်အောင် ဟန်ကျပန်ကျ ဖြစ်နေပါတော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:မနောမယဂျာနယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top