ေ႐ႊမန္းဆီသို႔ သီခ်င္း သီဆိုသူ အဆိုေတာ္ ေဒၚစိမ္းစိမ္းေမ ၅ ရက္ေန႔ ည ၇ နာရီ ၁၅ မိနစ္တြင္ ဒဂုံ အေရွ႕ ၁၂ ရပ္ကြက္ အတြင္း ဖြင့္လွစ္ထားသည့္ ဆည္းဆာရိပ္ ဘိုးဘြားရိပ္သာတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီဝင္ ၊ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္က ေမ ၅ ရက္ တြင္ ျမန္မာတိုင္းမ္ ေန႔စဥ္သို႔ ေျပာသည္။

ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၆ ႏွစ္ ရွိၿပီျဖစ္သည္။

” သားသမီး ေတာ့မက်န္ပါဘူး ၊ မႏၲေလးမွာ တူ ၊ တူမ ဝမ္းကြဲေတြ ၊ တူတူမ ဝမ္းကြဲက ေမြးတဲ့ သားသမီးေလးေတြေတာ့ ရွိတယ္ေပါ့ ၊ က်န္းမာေရး မေကာင္းေတာ့ ကြၽန္မတို႔ သြားၿပီးေတာ့ ႀကိဳလာတာ ၊ အဘြားေနမေကာင္းဘူး ဆိုတာ ကြၽန္မတို႔ အေၾကာင္းၾကားေတာ့ မနက္က သူတို႔လာၾကည့္သြားပါတယ္ ၊ လာၾကည့္ၿပီးေတာ့ ဒီည ကားနဲ႔ ျပန္ပါတယ္ ၊ လုပ္ငန္းကိုင္ငန္း အေျခအေန အရ အဘြားအေျခအေနကိုလည္း ျမင္သြားေတာ့ ျမင္ၿပီးေတာ့ အဘြားနဲ႔ ပတ္သက္တဲ့ ကိစၥေတြကို အႏုပညာ ဆည္းဆာရိပ္ နဲ႔ ဆည္းဆာရိပ္ကေနၿပီးေတာ့ လုပ္ပါ ေက်နပ္ပါတယ္ေပါ့ ၊ ” ဟု ၎ကေျပာသည္။

မႏၲေလးၿမိဳ႕မွ တစ္ဆင့္ ရန္ကုန္တိုင္း ေ႐ႊနံသာ စံျပေက်း႐ြာ ( ပုလဲ ၿမိဳ႕သစ္ ) တြင္ ဖြင့္လွစ္ထားသည့္ အႏုပညာဆည္းဆာရိပ္တြင္ အဘြားေဒၚစိမ္းစိမ္းအား ေခၚယူ ေစာင့္ေရွာက္ထားၿပီး က်န္းမာေရး ခ်ိဳ႕ယြင္းလာသည့္ အတြက္ ဒဂုံအေရွ႕တြင္ ဖြင့္လွစ္ထားသည့္ ဆည္းဆာရိပ္ဘိုဘြားရိပ္သာ ရွိ ICU တြင္ အထူးၾကပ္မတ္ ကုသ ျပဳစု ေနစဥ္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

အဆိုေတာ္ ေဒၚစိမ္းစိမ္း၏ ႐ုပ္ကလာပ္ကို ေမ ၇ ရက္ တြင္ ေရေဝးသုသာန္၌ မီးသၿဂိဳလ္မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Times

#Unicode Version# ျဖင့္ဖတ္ပါ ။

ရွှေမန်းဆီသို့ သီချင်း သီဆိုသူ အဆိုတော် ဒေါ်စိမ်းစိမ်းမေ ၅ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ဒဂုံ အရှေ့ ၁၂ ရပ်ကွက် အတွင်း ဖွင့်လှစ်ထားသည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မေ ၅ ရက် တွင် မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ် ရှိပြီဖြစ်သည်။

” သားသမီး တော့မကျန်ပါဘူး ၊ မန္တလေးမှာ တူ ၊ တူမ ဝမ်းကွဲတွေ ၊ တူတူမ ဝမ်းကွဲက မွေးတဲ့ သားသမီးလေးတွေတော့ ရှိတယ်ပေါ့ ၊ ကျန်းမာရေး မကောင်းတော့ ကျွန်မတို့ သွားပြီးတော့ ကြိုလာတာ ၊ အဘွားနေမကောင်းဘူး ဆိုတာ ကျွန်မတို့ အကြောင်းကြားတော့ မနက်က သူတို့လာကြည့်သွားပါတယ် ၊ လာကြည့်ပြီးတော့ ဒီည ကားနဲ့ ပြန်ပါတယ် ၊ လုပ်ငန်းကိုင်ငန်း အခြေအနေ အရ အဘွားအခြေအနေကိုလည်း မြင်သွားတော့ မြင်ပြီးတော့ အဘွားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အနုပညာ ဆည်းဆာရိပ် နဲ့ ဆည်းဆာရိပ်ကနေပြီးတော့ လုပ်ပါ ကျေနပ်ပါတယ်ပေါ့ ၊ ” ဟု ၎င်းကပြောသည်။

မန္တလေးမြို့မှ တစ်ဆင့် ရန်ကုန်တိုင်း ရွှေနံသာ စံပြကျေးရွာ ( ပုလဲ မြို့သစ် ) တွင် ဖွင့်လှစ်ထားသည့် အနုပညာဆည်းဆာရိပ်တွင် အဘွားဒေါ်စိမ်းစိမ်းအား ခေါ်ယူ စောင့်ရှောက်ထားပြီး ကျန်းမာရေး ချို့ယွင်းလာသည့် အတွက် ဒဂုံအရှေ့တွင် ဖွင့်လှစ်ထားသည့် ဆည်းဆာရိပ်ဘိုဘွားရိပ်သာ ရှိ ICU တွင် အထူးကြပ်မတ် ကုသ ပြုစု နေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အဆိုတော် ဒေါ်စိမ်းစိမ်း၏ ရုပ်ကလာပ်ကို မေ ၇ ရက် တွင် ရေဝေးသုသာန်၌ မီးသဂြိုလ်မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top