လူတစ္ေယာက္ကုိ ကုိယ့္အေၾကာင္း အိပ္မက္ေစဖုိ႕ဆုိတာ ေတာ္ေတာ္ ခက္ခဲပါတယ္ ။ ဘာျဖစ္လုိ႕လဲဆုိေတာ့ ကုိယ့္အိပ္မက္ေတာင္ ဘာကုိ မက္ခ်င္တယ္ဆုိျပီး ၾကဳိတင္ျပီး အစီအစဥ္ခ်ထားလုိ႕မွ မရတာကုိး ။ ဒါေပမဲ့ မျဖစ္ႏုိင္ဘူးရယ္ေတာ့ မဟုတ္ပါဘူး ။

အိပ္မက္ဆုိတာ မသိစိတ္က ကၽြန္ေတာ္တုိ႕ ၾကဳံေတြ႕ေနရတဲ့ ျပႆနာေတြကုိ ညဘက္မွာ အိပ္မက္အျဖစ္ အသြင္ေျပာင္းလုိက္ျခင္း ျဖစ္ပါတယ္ ။ မသိစိတ္ဆုိတာကလဲ ကၽြန္ေတာ္တုိ႕ လူသားေတြအေနနဲ႕ လုံး၀မသိတဲ့ အတြက္ မသိစိတ္ရယ္လုိ႕ နာမည္ေပးထားျခင္း ျဖစ္ပါတယ္ ။ ဒါေပမဲ့ မသိစိတ္အေၾကာင္းကုိ လုံးလုံးလ်ားလ်ားၾကီး မသိၾကတာမဟုတ္ဘဲ မသိစိတ္မွာ စုိးမုိးသြားေစႏုိင္တယ္လုိ႕ ယူဆထားတယ္ အခ်က္ေလးေတြရွိပါတယ္ ။

အခုေတာ့ လူတစ္ေယာက္ မိမိအေၾကာင္းကုိ အိပ္မက္မက္ေစဖုိ႕ သူရဲ႕ မသိစိတ္ထဲမွာ စုိးမုိးသြားေစႏုိင္မဲ့ နည္းလမ္းေလးေတြကုိ ေဖာ္ျပလုိက္ပါတယ္ ။

၁။ မသိစိတ္ထဲေရာက္ေအာင္လုပ္ပါ ။

အထက္က ေျပာခဲ့သလိုပါပဲ မသိစိတ္က ကၽြန္ေတာ္တုိ႕ရဲ႕ အိပ္မက္ကုိ ဖန္တီးတာ ျဖစ္ပါတယ္ ။ ဒါေပမဲ့ မသိစိတ္ဟာ လူေတြ မသိၾကတဲ့အတြက္ မသိစိတ္လုိ႕ နာမည္ေပးထားတာ ျဖစ္ေပမဲ့ သူမရဲ႕ မသိစိတ္ထဲ ေရာက္ေစတယ္လုိ႕ ေယဘုယ်အားျဖင့္ ယုံၾကည္ၾကတဲ့ အခ်က္ေတြရွိပါတယ္ ။ သူ႕ကုိ မိမိရဲ႕ ဓာတ္ပုံ ေပးပုိ႕ထားပါ ။

သူကလည္း သင့္ကုိ တကယ္စိတ္၀င္စားေနျပီး သူအိပ္ယာမ၀င္ခင္ၾကည့့့့့့့့့့့့့့့့့့္မိတဲ့ ပုံဟာ သင္ပုံျဖစ္မယ္ဆုိရင္ သင့္အေၾကာင္း အိပ္မက္မက္ဖုိ႕ အေထာက္အကူ ျပဳပါလိမ့္မယ္ ။ ညအိပ္ယာမ၀င္ခင္ ဖုန္းေခၚပါ ။ ဒီလုိျပဳလုပ္ေပးျခင္းကလည္း ခုနတုန္းက ဓာတ္ပုံေပးသလုိမ်ိဳးပဲ သင့္အေၾကာင္းကုိ သူရဲ႕ မသိစိတ္ထဲေရာက္ရွိဖုိ႕ ကူညီႏုိင္ပါလိမ့္မယ္ ။

၂။သင့္ရဲ႕ ပင္ကို အနံ႕တစ္ခုခုရွိပါေစ ။

သင္ဟာ သီးျခားေရေမႊး တစ္မ်ဳိးမ်ဳိး၊ ဒါမွမဟုတ္ သီးျခား ဆပ္ျပာ တစ္မ်ဳိးကုိ သုံးတယ္ဆုိရင္ ထုိအနံ႕အသက္ကလည္း သင့္အေၾကာင္း အိပ္မက္မက္ဖုိ႕ အေထာက္အကူ ျပဳေပးမွာ ျဖစ္ပါတယ္ ။ ျဖစ္ႏုိင္ရင္ေတာ့ သူမအိပ္ခင္ သင့္ရဲ႕ ကုိယ္ပုိင္ အနံ႕အသက္ေလးရေနတာ အေကာင္းဆုံးပါပဲ ။
၃။သင့္ရဲ႕ ပင္ကုိပုံစံ တစ္ခု ရွိေနပါေစ ။

ဥပမာ သင့္မွာ ေၾကာင္အေကာင္ ၂၀ ေလာက္ရွိေနတာ မ်ဳိး စတဲ့ ထူးျခားတဲ့ ပင္ကုိယ္ပုံစံေတြကုိ ေျပာျပပါ ။ သင့္အေၾကာင္းကုိ သူ႕ကုိ အိပ္မက္မက္ေစခ်င္တယ္ဆုိရင္ မဖုံးကြယ္ပါနဲ႕ ။ ဥပမာ သင့္အေၾကာင္းကုိ အိပ္မက္မက္ေစခ်င္တဲ့ လူတစ္ေယာက္က သင့္ကုိ ” ဘာရုပ္ရွင္ကားမ်ဳိးေတြၾကဳိက္တတ္လဲ” လုိ႕ေမးလာခဲ့ရင္ အင္း ” သရဲကားေတြေတာ့ ၾကဳိက္တယ္ ” ဆုိတာမ်ဳိး ၀ုိးတ၀ါး သြားမေျဖလုိက္ပါနဲ႕ ။ ဥပမာ Cast away ဇာတ္ကားေလးကုိ ၾကဳိက္တယ္ေပါ့ ။ ဒီအထဲမွာ တြမ္ဟန္႕ သရုပ္ေဆာင္သြားတာ အရမ္းေကာင္းတာပဲ စသျဖင့္ တိတိက်က်ေျပာပါ ။

၄။ စစ္မွန္ေသာ ခ်ီးမြမ္းစကား ေျပာပါ ။

လူတုိင္းဟာ ကဲ့ရဲ႕စကားေျပာခဲ့တဲ့ လူေတြကုိ အျမဲမမွတ္ထားႏုိင္ၾကေပမဲ့ ခ်ီးမြမ္းစကား ေျပာခဲ့တဲ့ သူေတြကုိေတာ့ တစ္သက္လုံး မွတ္ထားႏုိင္ၾကပါတယ္ ။လူတစ္ေယာက္ရဲ႕ စစ္မွန္ေသာ အရည္အခ်င္း တစ္ခုခုအတြက္ ခ်ီးမြမ္းစကား ေျပာပါေပးပါ ။ ခ်ီးမြမ္းစကားေျပာေပးျခင္းျဖင့္ သင့္အေၾကာင္းကုိ သူ႕အေနနဲ႕ ပုိမွတ္မိႏုိင္ျပီး သူ႕ရဲ႕ မသိစိတ္ထဲကုိ ေရာက္သြားဖုိ႕လည္း အခြင့္အလမ္းရွိပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှ မရတာကိုး ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး ။

အိပ်မက်ဆိုတာ မသိစိတ်က ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်ပါတယ် ။ မသိစိတ်ဆိုတာကလဲ ကျွန်တော်တို့ လူသားတွေအနေနဲ့ လုံးဝမသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ် ။ ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ် ။

အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ် ။

၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ ။

အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က ကျွန်တော်တို့ရဲ့ အိပ်မက်ကို ဖန်တီးတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ မသိစိတ်ဟာ လူတွေ မသိကြတဲ့အတွက် မသိစိတ်လို့ နာမည်ပေးထားတာ ဖြစ်ပေမဲ့ သူမရဲ့ မသိစိတ်ထဲ ရောက်စေတယ်လို့ ယေဘုယျအားဖြင့် ယုံကြည်ကြတဲ့ အချက်တွေရှိပါတယ် ။ သူ့ကို မိမိရဲ့ ဓာတ်ပုံ ပေးပို့ထားပါ ။

သူကလည်း သင့်ကို တကယ်စိတ်ဝင်စားနေပြီး သူအိပ်ယာမဝင်ခင်ကြည့်မိတဲ့ ပုံဟာ သင်ပုံဖြစ်မယ်ဆိုရင် သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပါလိမ့်မယ် ။ ညအိပ်ယာမဝင်ခင် ဖုန်းခေါ်ပါ ။ ဒီလိုပြုလုပ်ပေးခြင်းကလည်း ခုနတုန်းက ဓာတ်ပုံပေးသလိုမျိုးပဲ သင့်အကြောင်းကို သူရဲ့ မသိစိတ်ထဲရောက်ရှိဖို့ ကူညီနိုင်ပါလိမ့်မယ် ။

၂။သင့်ရဲ့ ပင်ကို အနံ့တစ်ခုခုရှိပါစေ ။

သင်ဟာ သီးခြားရေမွှေး တစ်မျိုးမျိုး၊ ဒါမှမဟုတ် သီးခြား ဆပ်ပြာ တစ်မျိုးကို သုံးတယ်ဆိုရင် ထိုအနံ့အသက်ကလည်း သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ် ။ ဖြစ်နိုင်ရင်တော့ သူမအိပ်ခင် သင့်ရဲ့ ကိုယ်ပိုင် အနံ့အသက်လေးရနေတာ အကောင်းဆုံးပါပဲ ။
၃။သင့်ရဲ့ ပင်ကိုပုံစံ တစ်ခု ရှိနေပါစေ ။

ဥပမာ သင့်မှာ ကြောင်အကောင် ၂၀ လောက်ရှိနေတာ မျိုး စတဲ့ ထူးခြားတဲ့ ပင်ကိုယ်ပုံစံတွေကို ပြောပြပါ ။ သင့်အကြောင်းကို သူ့ကို အိပ်မက်မက်စေချင်တယ်ဆိုရင် မဖုံးကွယ်ပါနဲ့ ။ ဥပမာ သင့်အကြောင်းကို အိပ်မက်မက်စေချင်တဲ့ လူတစ်ယောက်က သင့်ကို ” ဘာရုပ်ရှင်ကားမျိုးတွေကြိုက်တတ်လဲ” လို့မေးလာခဲ့ရင် အင်း ” သရဲကားတွေတော့ ကြိုက်တယ် ” ဆိုတာမျိုး ဝိုးတဝါး သွားမဖြေလိုက်ပါနဲ့ ။ ဥပမာ Cast away ဇာတ်ကားလေးကို ကြိုက်တယ်ပေါ့ ။ ဒီအထဲမှာ တွမ်ဟန့် သရုပ်ဆောင်သွားတာ အရမ်းကောင်းတာပဲ စသဖြင့် တိတိကျကျပြောပါ ။

၄။ စစ်မှန်သော ချီးမွမ်းစကား ပြောပါ ။

လူတိုင်းဟာ ကဲ့ရဲ့စကားပြောခဲ့တဲ့ လူတွေကို အမြဲမမှတ်ထားနိုင်ကြပေမဲ့ ချီးမွမ်းစကား ပြောခဲ့တဲ့ သူတွေကိုတော့ တစ်သက်လုံး မှတ်ထားနိုင်ကြပါတယ် ။လူတစ်ယောက်ရဲ့ စစ်မှန်သော အရည်အချင်း တစ်ခုခုအတွက် ချီးမွမ်းစကား ပြောပါပေးပါ ။ ချီးမွမ်းစကားပြောပေးခြင်းဖြင့် သင့်အကြောင်းကို သူ့အနေနဲ့ ပိုမှတ်မိနိုင်ပြီး သူ့ရဲ့ မသိစိတ်ထဲကို ရောက်သွားဖို့လည်း အခွင့်အလမ်းရှိပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top