လူတစ္ေယာက္ကို လက္တြဲဖို႔အထိ ရည္ရြယ္ၿပီး အတည္တြဲမယ္ဆိုရင္ အရင္ဆုံးေမးျမန္းသင့္တဲ့ ေမးခြန္းေတြ ရိွပါတယ္။

ဒီေမးခြန္းေတြကို ေမးၿပီးမွသာ လူတစ္ေယာက္ကို အတည္တြဲၾကပါလို႔ အမ်ိဳးသမီးေလးေတြကို အႀကံေပးခ်င္ပါတယ္။ ေမးခြန္းေတြကေတာ့ …

၁။ ရွင့္ရဲ႕ ဘာသာေရး ယုံၾကည္မႈက ဘယ္လိုလဲ။ (ဥပမာ – အယူသီးမႈေတြ ရိွမရိွ။)

၂။ ရွင့္ရဲ႕ ႏိုင္ငံေရးယုံၾကည္ခ်က္ကေရာ ဘာလဲ။ (အားေပးတဲ့ပါတီ မတူလို႔ ေနာက္ပိုင္းမွ ရန္ေတြျဖစ္ေနရမယ္။)

၃။ ကေလးဖ်က္ခ်တာကို ရွင္ဘယ္လိုခံစားရလဲ။ (ဒီအခ်က္ေတြက အိမ္ ေထာင္က်ၿပီးရင္ အေရးႀကီးတယ္။)

၄။ ရွင္အလုပ္ခ်င္ဆုံး အသက္ေမြး၀မ္းေက်ာင္းက ဘာလဲ။ (ဒါလည္း ေမးသင့္တယ္။ ဒါမွ သူ႔ရည္မွန္းခ်က္ကို သိႏိုင္မွာ။)

၅။ အေၾကြးေတြဘာေတြ တင္ေနတာရိွလား။ (ေမးထားသင့္တယ္။ ေတာ္ၾကာ ယူၿပီးမွ အေၾကြးေတြ ၀ိုင္းဆပ္ေပးေနရမယ္။)

၆။ ၀င္ေငြ ဘယ္ေလာက္ရိွလဲ။ (လက္တြဲဖို႔အထိဆို ဒါလည္း ေမးသင့္တာပဲ။ ဒါမွ အနာဂတ္ကို ႀကိဳစီစဥ္လို႔ရမွာ။)

၇။ ပိုက္ဆံကို ဘယ္လိုသုံးတတ္လဲ။ (ကပ္ေစးနည္းလား။ အသုံးအျဖဳန္းႀကီးသူလား သိထားဖို႔ အေရးႀကီးတယ္။)

၈။ စုထားတဲ့ပိုက္ဆံ ဘယ္ေလာက္ရိွလဲ။ (ဒါမွ မဂၤလာပြဲေတြဘာေတြ စီစဥ္လို႔ရမွာ။)

၉။ ဘယ္လိုအရာေတြကို စိတ္အတိုဆုံးလဲ။ (သူစိတ္တိုေနတဲ့ဟာကို မသိဘဲ သြားလုပ္မိလို႔ ေဒါသအိုးကြဲသြားႏိုင္တယ္။)

၁၀။ တစ္လင္တစ္မယားစနစ္ကို ယုံၾကည္လား။ ဘယ္လိုခံစားရလဲ။ (ဒါလည္း ႀကိဳေမးထားရမယ္။ ႏို႔မို႔ စေမာဆြဲသြားမွ ခက္ေနမယ္။)

၁၁။ အရမ္းစြဲလမ္းတဲ့အရာမ်ိဳး ရိွလား။

၁၂။ အျပာကားေတြ အလြန္အကၽြံ ၾကည့္တတ္လား။ (လက္တြဲမယ္ဆို ဒါလည္း ပြင့္ပြင့္လင္းလင္း ေမးသင့္တယ္။ တစ္ခ်ိဳ႕ေယာက္်ားေတြက မိန္းမထက္ အျပာကားေတြကို ပိုစိတ္၀င္စားေနတာမ်ိဳး ရိွတတ္တယ္။)

၁၃။ ကၽြန္မမိသားစုနဲ႔ ေျပာဆိုဆက္ဆံရတာ အဆင္ေျပရဲ႕လား။ စိတ္သက္သာရဲ႕လား။ (အစတည္းက ေမးထား။ ေနာက္မွ အမ်ိဳးေတြေၾကာင့္ဆိုၿပီး ရန္ေတြခ်ည္း လွိမ့္ျဖစ္ေနရတတ္တယ္။)

၁၄။ ကၽြန္မရဲ႕ ဆက္ဆံပုံကေရာ ရွင့္မိသားစုနဲ႔ အဆင္ေျပရဲ႕လား။ (ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပေအာင္ သူ႔ဘက္ကိုယ့္ဘက္ ေမးၿပီး ညိွထားသင့္တယ္။)

၁၅။ ကေလးလိုခ်င္လား။ လိုခ်င္တယ္ဆို ဘယ္အခ်ိန္ေလာက္မွာ ယူမလဲ။ ဘယ္ႏွေယာက္ေလာက္ ယူမလဲ။ (ဒါလည္း လက္မတြဲခင္တည္းက ႀကိဳတိုင္ပင္ရမယ့္ကိစၥ။

အမ်ားစုက ယူၿပီးမွ ေျပာေလ့ရိွၾကလို႔ သေဘာထားခ်င္း မတုိက္ဆိုင္ရင္ ျပႆနာတက္ေလ့ရိွၾကတယ္။)

၁၆။ ရွင္က ဘယ္လိုမိဘမ်ိဳး ျဖစ္လာမယ္လို႔ ထင္လဲ။ (ကိုယ့္မ်ိဳးဆက္ေတြရဲ႕ ဖခင္ျဖစ္ရမွာမို႔ ဘယ္လိုဖခင္မ်ိဳး ျဖစ္လာႏိုင္ မလည္းဆိုတာ ႀကိဳတင္ေမးျမန္းခန္႕မွန္းထားသင့္တယ္။)

၁၇။ အိမ္ေမြးတိရစာၦန္ေတြေရာ ေမြးခ်င္လား။ (ႀကိဳညိွထားရမွာေနာ္။ ၿပီးမွ ေခြးမုန္းတဲ့လူနဲ႔ ေခြးခ်စ္တဲ့လူ ေန႔တိုင္း သတ္ေနရတတ္တယ္။)

၁၈။ လက္ထပ္ၿပီးရင္ ဘယ္လိုေနရာမ်ိဳးမွာ ေနခ်င္လဲ။ (ကိုယ့္စိတ္ကူးနဲ႔ ကိုက္မကိုက္။ ကိုက္ကလည္း လိုက္ေလ်ာႏိုင္လား ဆိုတာ ႀကိဳသိထားသင့္တယ္။)

၁၉။ ကေလးေတြကို ဘယ္ေနရာမွာ ဘယ္လိုျပဳစုပ်ိဳးေထာင္ၾကမလဲ။ (ဒါကလည္း ကိုယ့္မ်ိဳးဆက္ရဲ႕ အနာဂတ္နဲ႔ဆိုင္တဲ့ ကိစၥမို႔ ႀကိဳေဆြးေႏြးထားရမယ္။)

၂၀။ ကေလးကို မူႀကိဳပို႔တာ ႀကိဳက္လား။ နာနီငွားတာ ႀကိဳက္လား။ (ကိုယ္ခြဲမရိွလို႔ ကေလးမၾကည့္ႏိုင္ရင္ ဒီအခ်က္က လည္း ေဆြးေႏြးထားဖို႔ လိုအပ္ပါတယ္။)

၂၁။ စိတ္အပန္းေျဖဖို႔ မူးယစ္ေဆး၀ါးသုံးတယ္ဆိုတာ ရွင္ယံုၾကည္လား။ (ဒါက အေရးႀကီးတယ္ေနာ္။ ႀကိဳေမးထား။)

၂၂။ ကၽြန္မမိဘေဆြမ်ိဳးေတြရဲ႕ ဓေလ့ထုံးစံနဲ႔ ဘာသာေရး ယုံၾကည္မႈေတြကို ဦးစားေပးရမယ္ဆိုရင္ စိတ္သက္သာပါ့မလား။

၂၃။ လက္ထပ္ၿပီးလို႔ ေငြစုၾကတဲ့အခါ ဘဏ္အေကာင့္ေတြကို ႏွစ္ေယာက္လုံးထုတ္လို႔ရတဲ့ join account လုပ္မလား။ သက္သက္စီပဲ ခြဲထားမလား။

(ဒါကလည္း ႏွစ္ဦးသေဘာဆႏၵနဲ႔ပဲ ဆိုင္တာေၾကာင့္ ႀကိဳေျပာထားသင့္တယ္။)

၂၄။ ေလာင္းကစား လုပ္တတ္လား။ (အခါေႏွာင္းမွသိလို႔ ရွာသမွ်ကုန္ ျဖစ္တတ္တယ္။)

၂၅။ အိမ္ေထာင္ေရးဆိုတာကို ရွင္ဘယ္လိုသေဘာရလဲ။ (ဒါက အေရးႀကီးဆုံးအပိုင္းပဲ။ ေယာက္်ားအမ်ားစုက မိန္းမယူၿပီး ရင္ အိမ္ေထာင္ေရးဆိုတာႀကီးကို ၿငီးျငဴတတ္ၾကတယ္။)

၂၆။ မဂၤလာေဆာင္ကို ဘယ္လိုက်င္းပၾကမလဲ။ (အက်ဥး္ခ်ဳံးမလား။ ခမ္းခမ္းနားနား လုပ္မလား။ ကိုယ့္ဆႏၵကိုေရာ လိုက္ေလ်ာႏိုင္ပါ့မလားဆိုတာ ႀကိဳတင္ညိွႏိႈင္းထားသင့္တယ္။)

၂၇။ ရွင့္မွာ ကၽြန္မသိထားသင့္တဲ့ အက်င့္ဆိုးေတြ ရိွလား။ (ႀကိဳေမးထားမွ နားလည္ေပးလို႔ရမွာ။)

၂၈။ သ၀န္ေရာတိုတတ္လား။ (နည္းနည္းပါးပါး သ၀န္တိုတာက ရင္ခုန္စရာေကာင္းတယ္။ မဟားတရားႀကီး သ၀န္တိုၿပီး လိုက္စြပ္စြဲေနရင္ ခက္မယ္။)

၂၉။ ေနာက္ဆယ္ႏွစ္မွာ ရွင္ဘယ္လို ျဖစ္ေနရမယ္လို႔ မွန္းထားတာရိွလား။ (ရည္မွန္းခ်က္ေတြ၊ ပန္းတိုင္ေတြကို သိထားဖို႔ လည္း လိုတယ္ေနာ္။)

ဒါေတြကေတာ့ လူတစ္ေယာက္ကို လက္တြဲဖို႔ထိ ရည္ရြယ္ထားတဲ့အခါ ႀကိဳတင္ေမးျမန္းထားသင့္တဲ့ ေမးခြန္းေလးေတြပဲ ျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္းနဲ႔ ႀကိဳတင္ညိွႏိႈင္းေဆြးေႏြးထားတဲ့ အိမ္ေထာင္ေရးက ၿမံဳစိစိနဲ႔ အုံ႔ပုန္းလုပ္ထားၿပီး ေနာက္ပိုင္းမွ ထေပါက္ကြဲတဲ့ အိမ္ေထာင္ေရးေတြထက္ အမ်ားႀကီး ပိုသာယာပါတယ္ေနာ္။

ဒါေၾကာင့္ လက္မတြဲခင္တည္း က ပြင့္လင္းစရာရိွတာ ပြင့္လင္းဖို႔ကို ၀န္မေလးၾကပါနဲ႔။ မရွက္၊ မေၾကာက္ၾကပါနဲ႔။ ကိုယ္လက္မခံႏိုင္တဲ့အရာေတြ၊ နားမလည္ေပးႏိုင္တဲ့အရာေတြကို ယူၿပီးမွ သိရရင္

ဘာမွလုပ္လို႔မရေတာ့တာကို သတိျပဳသင့္ပါတယ္။ ပ်ိဳေမတို႔အားလုံးပဲ ေပ်ာ္ရႊင္ခ်မ္းေျမ႕တဲ့ ဘ၀ခရီးကို ခ်စ္ရသူနဲ႔ ေအးေအးေဆးေဆး ျဖတ္သန္းႏုိင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါ တယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


လူတစ်ယောက်ကို လက်တွဲဖို့အထိ ရည်ရွယ်ပြီး အတည်တွဲမယ်ဆိုရင် အရင်ဆုံးမေးမြန်းသင့်တဲ့ မေးခွန်းတွေ ရှိပါတယ်။

ဒီမေးခွန်းတွေကို မေးပြီးမှသာ လူတစ်ယောက်ကို အတည်တွဲကြပါလို့ အမျိုးသမီးလေးတွေကို အကြံပေးချင်ပါတယ်။ မေးခွန်းတွေကတော့ …

၁။ ရှင့်ရဲ့ ဘာသာရေး ယုံကြည်မှုက ဘယ်လိုလဲ။ (ဥပမာ – အယူသီးမှုတွေ ရှိမရှိ။)

၂။ ရှင့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကရော ဘာလဲ။ (အားပေးတဲ့ပါတီ မတူလို့ နောက်ပိုင်းမှ ရန်တွေဖြစ်နေရမယ်။)

၃။ ကလေးဖျက်ချတာကို ရှင်ဘယ်လိုခံစားရလဲ။ (ဒီအချက်တွေက အိမ် ထောင်ကျပြီးရင် အရေးကြီးတယ်။)

၄။ ရှင်အလုပ်ချင်ဆုံး အသက်မွေးဝမ်းကျောင်းက ဘာလဲ။ (ဒါလည်း မေးသင့်တယ်။ ဒါမှ သူ့ရည်မှန်းချက်ကို သိနိုင်မှာ။)

၅။ အကြွေးတွေဘာတွေ တင်နေတာရှိလား။ (မေးထားသင့်တယ်။ တော်ကြာ ယူပြီးမှ အကြွေးတွေ ဝိုင်းဆပ်ပေးနေရမယ်။)

၆။ ဝင်ငွေ ဘယ်လောက်ရှိလဲ။ (လက်တွဲဖို့အထိဆို ဒါလည်း မေးသင့်တာပဲ။ ဒါမှ အနာဂတ်ကို ကြိုစီစဉ်လို့ရမှာ။)

၇။ ပိုက်ဆံကို ဘယ်လိုသုံးတတ်လဲ။ (ကပ်စေးနည်းလား။ အသုံးအဖြုန်းကြီးသူလား သိထားဖို့ အရေးကြီးတယ်။)

၈။ စုထားတဲ့ပိုက်ဆံ ဘယ်လောက်ရှိလဲ။ (ဒါမှ မင်္ဂလာပွဲတွေဘာတွေ စီစဉ်လို့ရမှာ။)

၉။ ဘယ်လိုအရာတွေကို စိတ်အတိုဆုံးလဲ။ (သူစိတ်တိုနေတဲ့ဟာကို မသိဘဲ သွားလုပ်မိလို့ ဒေါသအိုးကွဲသွားနိုင်တယ်။)

၁၀။ တစ်လင်တစ်မယားစနစ်ကို ယုံကြည်လား။ ဘယ်လိုခံစားရလဲ။ (ဒါလည်း ကြိုမေးထားရမယ်။ နို့မို့ စမောဆွဲသွားမှ ခက်နေမယ်။)

၁၁။ အရမ်းစွဲလမ်းတဲ့အရာမျိုး ရှိလား။

၁၂။ အပြာကားတွေ အလွန်အကျွံ ကြည့်တတ်လား။ (လက်တွဲမယ်ဆို ဒါလည်း ပွင့်ပွင့်လင်းလင်း မေးသင့်တယ်။ တစ်ချို့ယောက်ျားတွေက မိန်းမထက် အပြာကားတွေကို ပိုစိတ်ဝင်စားနေတာမျိုး ရှိတတ်တယ်။)

၁၃။ ကျွန်မမိသားစုနဲ့ ပြောဆိုဆက်ဆံရတာ အဆင်ပြေရဲ့လား။ စိတ်သက်သာရဲ့လား။ (အစတည်းက မေးထား။ နောက်မှ အမျိုးတွေကြောင့်ဆိုပြီး ရန်တွေချည်း လှိမ့်ဖြစ်နေရတတ်တယ်။)

၁၄။ ကျွန်မရဲ့ ဆက်ဆံပုံကရော ရှင့်မိသားစုနဲ့ အဆင်ပြေရဲ့လား။ (နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် သူ့ဘက်ကိုယ့်ဘက် မေးပြီး ညှိထားသင့်တယ်။)

၁၅။ ကလေးလိုချင်လား။ လိုချင်တယ်ဆို ဘယ်အချိန်လောက်မှာ ယူမလဲ။ ဘယ်နှယောက်လောက် ယူမလဲ။ (ဒါလည်း လက်မတွဲခင်တည်းက ကြိုတိုင်ပင်ရမယ့်ကိစ္စ။

အများစုက ယူပြီးမှ ပြောလေ့ရှိကြလို့ သဘောထားချင်း မတိုက်ဆိုင်ရင် ပြဿနာတက်လေ့ရှိကြတယ်။)

၁၆။ ရှင်က ဘယ်လိုမိဘမျိုး ဖြစ်လာမယ်လို့ ထင်လဲ။ (ကိုယ့်မျိုးဆက်တွေရဲ့ ဖခင်ဖြစ်ရမှာမို့ ဘယ်လိုဖခင်မျိုး ဖြစ်လာနိုင် မလည်းဆိုတာ ကြိုတင်မေးမြန်းခန့်မှန်းထားသင့်တယ်။)

၁၇။ အိမ်မွေးတိရစ္ဆာန်တွေရော မွေးချင်လား။ (ကြိုညှိထားရမှာနော်။ ပြီးမှ ခွေးမုန်းတဲ့လူနဲ့ ခွေးချစ်တဲ့လူ နေ့တိုင်း သတ်နေရတတ်တယ်။)

၁၈။ လက်ထပ်ပြီးရင် ဘယ်လိုနေရာမျိုးမှာ နေချင်လဲ။ (ကိုယ့်စိတ်ကူးနဲ့ ကိုက်မကိုက်။ ကိုက်ကလည်း လိုက်လျောနိုင်လား ဆိုတာ ကြိုသိထားသင့်တယ်။)

၁၉။ ကလေးတွေကို ဘယ်နေရာမှာ ဘယ်လိုပြုစုပျိုးထောင်ကြမလဲ။ (ဒါကလည်း ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ ကိစ္စမို့ ကြိုဆွေးနွေးထားရမယ်။)

၂၀။ ကလေးကို မူကြိုပို့တာ ကြိုက်လား။ နာနီငှားတာ ကြိုက်လား။ (ကိုယ်ခွဲမရှိလို့ ကလေးမကြည့်နိုင်ရင် ဒီအချက်က လည်း ဆွေးနွေးထားဖို့ လိုအပ်ပါတယ်။)

၂၁။ စိတ်အပန်းဖြေဖို့ မူးယစ်ဆေးဝါးသုံးတယ်ဆိုတာ ရှင်ယုံကြည်လား။ (ဒါက အရေးကြီးတယ်နော်။ ကြိုမေးထား။)

၂၂။ ကျွန်မမိဘဆွေမျိုးတွေရဲ့ ဓလေ့ထုံးစံနဲ့ ဘာသာရေး ယုံကြည်မှုတွေကို ဦးစားပေးရမယ်ဆိုရင် စိတ်သက်သာပါ့မလား။

၂၃။ လက်ထပ်ပြီးလို့ ငွေစုကြတဲ့အခါ ဘဏ်အကောင့်တွေကို နှစ်ယောက်လုံးထုတ်လို့ရတဲ့ join account လုပ်မလား။ သက်သက်စီပဲ ခွဲထားမလား။

(ဒါကလည်း နှစ်ဦးသဘောဆန္ဒနဲ့ပဲ ဆိုင်တာကြောင့် ကြိုပြောထားသင့်တယ်။)

၂၄။ လောင်းကစား လုပ်တတ်လား။ (အခါနှောင်းမှသိလို့ ရှာသမျှကုန် ဖြစ်တတ်တယ်။)

၂၅။ အိမ်ထောင်ရေးဆိုတာကို ရှင်ဘယ်လိုသဘောရလဲ။ (ဒါက အရေးကြီးဆုံးအပိုင်းပဲ။ ယောက်ျားအများစုက မိန်းမယူပြီး ရင် အိမ်ထောင်ရေးဆိုတာကြီးကို ငြီးငြူတတ်ကြတယ်။)

၂၆။ မင်္ဂလာဆောင်ကို ဘယ်လိုကျင်းပကြမလဲ။ (အကျဥ်းချုံးမလား။ ခမ်းခမ်းနားနား လုပ်မလား။ ကိုယ့်ဆန္ဒကိုရော လိုက်လျောနိုင်ပါ့မလားဆိုတာ ကြိုတင်ညှိနှိုင်းထားသင့်တယ်။)

၂၇။ ရှင့်မှာ ကျွန်မသိထားသင့်တဲ့ အကျင့်ဆိုးတွေ ရှိလား။ (ကြိုမေးထားမှ နားလည်ပေးလို့ရမှာ။)

၂၈။ သဝန်ရောတိုတတ်လား။ (နည်းနည်းပါးပါး သဝန်တိုတာက ရင်ခုန်စရာကောင်းတယ်။ မဟားတရားကြီး သဝန်တိုပြီး လိုက်စွပ်စွဲနေရင် ခက်မယ်။)

၂၉။ နောက်ဆယ်နှစ်မှာ ရှင်ဘယ်လို ဖြစ်နေရမယ်လို့ မှန်းထားတာရှိလား။ (ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို သိထားဖို့ လည်း လိုတယ်နော်။)

ဒါတွေကတော့ လူတစ်ယောက်ကို လက်တွဲဖို့ထိ ရည်ရွယ်ထားတဲ့အခါ ကြိုတင်မေးမြန်းထားသင့်တဲ့ မေးခွန်းလေးတွေပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ကြိုတင်ညှိနှိုင်းဆွေးနွေးထားတဲ့ အိမ်ထောင်ရေးက မြုံစိစိနဲ့ အုံ့ပုန်းလုပ်ထားပြီး နောက်ပိုင်းမှ ထပေါက်ကွဲတဲ့ အိမ်ထောင်ရေးတွေထက် အများကြီး ပိုသာယာပါတယ်နော်။

ဒါကြောင့် လက်မတွဲခင်တည်း က ပွင့်လင်းစရာရှိတာ ပွင့်လင်းဖို့ကို ဝန်မလေးကြပါနဲ့။ မရှက်၊ မကြောက်ကြပါနဲ့။ ကိုယ်လက်မခံနိုင်တဲ့အရာတွေ၊ နားမလည်ပေးနိုင်တဲ့အရာတွေကို ယူပြီးမှ သိရရင်

ဘာမှလုပ်လို့မရတော့တာကို သတိပြုသင့်ပါတယ်။ ပျိုမေတို့အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝခရီးကို ချစ်ရသူနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top